ဝူကျဲရှန်
ဤ ဆောင်းပါးသည် စိစစ်အတည်ပြုနိုင်ရန်အတွက် နောက်ထပ်ကိုးကားချက်များ လိုအပ်နေသည်။ |
| ဝူကျယ်ထျန်း 武則天 | |||||||||||||
|---|---|---|---|---|---|---|---|---|---|---|---|---|---|
Image taken from An 18th century album of portraits of 86 emperors of China, with Chinese historical notes. Originally published/produced in China, 18th century. (British Library, shelfmark Or. 2231) | |||||||||||||
| ကျိုးမင်းဆက်၏ဧကရီဘုရင်မ | |||||||||||||
| နန်းသက် | ၁၇ အောက်တိုဘာ ၆၉၀[၁][note ၁] – 21 February 705[၂][note ၂] | ||||||||||||
| နန်းတက်ချိန် | ၁၇ အောက်တိုဘာ ၆၉၀ | ||||||||||||
| ရှေ့မင်းဆက် | Dynasty established (ရွေ့ကျုံးဧကရာဇ် as Emperor of the Tang dynasty) | ||||||||||||
| နောက်မင်းဆက် | Dynasty abolished (ကျိုးကျုံးဧကရာဇ် as Emperor of the Tang dynasty) | ||||||||||||
| ထန်မင်းဆက်၏မယ်တော်ကြီး | |||||||||||||
| Tenure | 27 December 683 – 16 October 690 | ||||||||||||
| ရှေ့မင်းဆက် | မယ်တော်မိဖုရားကြီး ဟု (မြောက်ပိုင်းဝေ) as မြောက်ပိုင်းဝေ နိုင်ငံ ၏ မယ်တော်ကြီး အဖြစ် | ||||||||||||
| နောက်မင်းဆက် | မိဖုရားခေါင်မယ်တော်ကြီး ဝေ | ||||||||||||
| ထန်မင်းဆက်၏မိဖုရားခေါင်ကြီး | |||||||||||||
| ကာလ | ၂ ဒီဇင်ဘာ ၆၅၅ – ၂၇ ဒီဇင်ဘာ ၆၈၃ | ||||||||||||
| ရှေ့မင်းဆက် | မိဖုရားခေါင်ကြီးဝမ် | ||||||||||||
| နောက်မင်းဆက် | မိဖုရားခေါင်ကြီးဝေ | ||||||||||||
| မွေးဖွား | ၁၇ ဖေဖော်ဝါရီ၊ ၀၆၂၄ လီကျိုး, Tang China | ||||||||||||
| ကွယ်လွန် | ၁၆ ဒီဇင်ဘာ၊ ၀၇၀၅ (အသက် ၈၁) Luoyang, Tang China | ||||||||||||
| ထာဝရ အိပ်စက်ရာ နေရာ | Qianling Mausoleum | ||||||||||||
| အိမ်ထောင်ဖက် | |||||||||||||
| သားသမီးများ | |||||||||||||
| |||||||||||||
| စံအိမ် | Wǔ (武) | ||||||||||||
| မင်းဆက် |
| ||||||||||||
| ခမည်းတော် | ဝူရှစ်ယွဲ့ | ||||||||||||
| မယ်တော် | သခင်မယန် | ||||||||||||
| ကိုးကွယ်မှု | Buddhism | ||||||||||||
ဧကရီ ဝူကျယ်ထျန်း သည် ထန် ဧကရာဇ်နှစ်ပါး ဖြစ်သော ထိုက်ကျုံး နှင့် ကောင်းကျုံ တို့၏ ကြင်ယာတော်ဖြစ် သည်။ ထိုက်ကျုံး ဧကရာဇ် ၏ ရာထူးနိမ့်သော ကိုယ်လုပ်တော် ဘဝ မှ ကောင်းကျုံ ၏ မိဖုရားကြီး ဖြစ်လာပြီး အရည်အချင်း ညံဖျင်းသော သားတော်များ ကို နန်းမှ ဖယ်ရှားကာ မိမိကိုယ်တိုင် တရုတ်ပြည်၏ ပတမဦးဆုံး အမျိုးသမီးဧကရာဇ် အဖြစ် ထီးနန်းတက်ခဲ့သည်။ ဝူကျယ်ထျန်း ၏ ကိုယ်ပိုင်အမည်အရင်း ကို မည်သူမှ အတိအကျမသိပေ။ အချို့ သမိုင်း ပညာရှင်များက ဝူမဲ ဟု ယူဆသော်လည်း အချို့က ဒုတိယကျိုးမင်းဆက် ကိုတည်ထောင်သောကြောင့် ဝူကျိုး သည် နာမည်အရင်း ဖြစ်လိမ့်မည် ဟုမှတ်ချက်ပေးကြသည်။ သို့သော်လည်း သူမ အား ကွယ်လွန်ပြီးမှ သူကောင်းပြုခံ သော သော 'ကျယ်ထျန်း' နှင့်တွဲ၍ ဝူကျယ်ထျန်း မှ သမုတ်ကြသည်။ သူမ ကို ရင်မြို့စား ဝူရှစ်ယွဲ့ နှင့် မြို့စားကတော် ယန် တို့မှ အေဒီ ၆၂၄ တွင် မွေးဖွားခဲ့သည်။ မိခင် ၏ မျိုးရိုးမှာ စွေမင်းဆက် တော်ဝင် မိသားစု ၏ အနွယ်ဖြစ်သောကြောင့် တော်ဝင်သွေး နှောသည် ဆိုလျှင် လည်း မမှား နိုင်ပေ။ သူမမွေးဖွားချိန် တွင် တရုတ်တပြည်လုံး ၌ နေကြတ် သွားသည် ဟု အဆိုရှိသည်။
ငယ်စဉ်ဘဝ
[ပြင်ဆင်ရန်]ဝူကျယ်ထျန်း ဖြစ်လာမည့် ဝူမျိုးနွယ် မိန်းကလေး မဲ ကို ဝူရှစ်ယွဲ့ နှင့် မြို့စားကတော် ယန် တို့မှ အေဒီ ၆၂၄ တွင် မွေးဖွားခဲ့သည်။ စာပေလေ့လာ လိုက်စား၍ အတတ်ပညာ မှန်သမျှ ကို ဖခင်ဖြစ်သူ၏ အကူအညီ ဖြင့် ဆည်းပူးခဲ့သည်။ သူမ၏ ဖခင် သည် ကောင်းကျူ ဧကရာဇ် လီယွမ် အား စွေမင်းဆက် ကို ဖြုတ်ချ ၍ နန်းတက်နိုင်စေရန် တစ်စိတ်တစ်ပိုင်း ကူညီ သောကြောင့် ဧကရာဇ် ၏ သူကောင်းပြုခြင်း ခံရသည်။ အေဒီ ၆၃၆ ၌ အသက် ၁၂ နှစ် ရှိပြီဖြစ်သော ဝူမဲ အား ကောင်းကျူ ဧကရာဇ် ကွယ်လွန် ပြီးနောက်နန်းတက် လာသော ထိုက်ကျုံး ဧကရာဇ် လီရှိမင် ၏ အမိန့်တော်ဖြင့် အဆင့်၅ ကိုယ်လုပ်တော် အဖြစ် နန်းတွင်းသို့ အခစားဝင်စေသည်။ နှုတ်ရာဇဝင်များ အရတစ်နေ့၌ ထိုက်ကျုံး ဧကရာဇ် သည် ဝူမဲ အပါအဝင် မောင်းမအခြွေအရံများ နှင့် တောကစား ထွက်ရာ လမ်း၌ ကျားကြီးတစ်ကောင် ကို တွေ့လေသည်။ ကျားမှ လူအုပ်အနား ချဉ်းကပ်လာသော အခါ လူများ ကြက်သေသေ နေသည့် လူများအလယ် ၌ ဝူမဲ သည် ရဲဝံ့စွာဖြင့် ကျား ဆီသို့လျှောက် လာ၍ လက်ဖြင့် ကျား၏ ခန္ဓာကိုယ် အားပွတ်သပ်ရာ ကျားလည်း နောက်ပြန်လှည့်လေသည်။ (မှတ်ချက်။ ဤ ဖြစ်ရပ်သည် နိုင်ငံတကာ ဝီကီပီးဒီးယား ၌ မဖော်ပြထားသော် လည်း တရုတ်ပြည်၌ နှုတ်ရာဇဝင်ရှိခဲ့သည်။) သူမသည် လှပသောကြောင့် ဘုရင် ၏ ချစ်ခင်စုံမက်မှု ကို အတန်ငယ်မျှ ရရှိသည် ဆိုသော်လည်း လောက်လောက်လားလား မျက်နှာသာပေးခြင်း မခံရပေ။ ထိုသို့ ယူဆကြသည်မှာ သူမ နန်းတွင်း သို့ အသက် ၁၂ နှစ်အရွယ် ၌ ရောက်ရှိသော အချိန်မှ သည် အေဒီ ၆၄၉ ၌ထိုက်ကျုံ ဧကရာဇ် နတ်ရွာစံသော အချိန်အထိ ရာထူးတိုးမြှင့်ခြင်း မခံရပေ။
အာဏာရလာခြင်း
[ပြင်ဆင်ရန်]ထိုက်ကျုံး ဧကရာဇ်နတ်ရွာစံပြီးနောက် ၎င်း နှင့် ကျိန်စွန်း မိဖုရားခေါင်ကြီး တို့မှ ဖွားမြင်သော အသက် ၂၁ နှစ်အရွယ် ရှိ သားတော် လီကျိ သည် ကောင်းကျုံ အဖြစ် နန်းတက်၏။ ထိုအချိန် ၌ အရင်ဧကရာဇ် ၏ကိုယ်လုပ်တော်များသည် ဓလေ့ထုံးစံများအရ ဦးပြည်း ရိတ်၍ သီလရှင် ဝတ်ကြရသည်။ ထိုကြောင့်ဝူမဲ နှင့်အတူကျန်ကိုယ်လုပ်တော်များ သီလရှင်ကျောင်းသို့ ပို့ခံရသည်။ တစ်နေ့၌ ကောင်းကျုံ ဧကရာဇ်သည် သီလရှင်ကျောင်းသို့ သွားရောက်သောအခါ ငယ်ရွယ်နုပျိုသော ဝူမဲ ကိုမြင်မြင်ချင်း စွဲလမ်း၍ မိမိ၏ ကိုယ်လုပ်တော် အဖြစ် တော်ကောက်ရန် အမတ်များ နှင့် ဝမ်မိဖုရားခေါင် တို့နှင့် တိုင်ပင်သည်။ ရှေးဓလေ့ကို စွဲကိုင်ထားသည် အမတ်ကြီး ကျန်စွန်း အပါအဝင် ရာထူးကြီး အမတ်အချို့က ကန့်ကွက်ကြသည်။ ဝမ် မိဖုရား ကမူ ဘုရင် ၏ ကိုယ်လုပ်တော် ရှောင် အား မျက်နှသာပေးမြတ်နိုးမှုကို ဖယ်ရှားနိုင် ရန် အတွက် ဝူမဲ အား နန်းတွင်းသို့ ပြန်လည်ခေါ်ယူခြင်း ကို ထောက်ခံခဲ့သည်။ ထို့ကြောင့် ဘုရင်လည်း ဝူမဲ အား ခေါ်ယူစေ၍ အဆင့် ၂ ကိုယ်လုပ်တော်အဖြစ် ခစားစေသည်။ သူမ နန်းတွင်း သို့ရောက်လာပြီးချိန် မှစ၍ ဝမ်မိဖုရား နှင့် ကိုယ်လုပ်တော် ရှောင် တို့ ဧကရာဇ် ၏ ချစ်ခင်မြတ်နိုးမှု ကို လုံးဝ မရရှိတော့ပေ။ ထို့ကြောင့် ဝမ်မိဖုရား နှင့် ကိုယ်လုပ်တော် ရှောင် တို့ပေါင်း၍ ဝူမဲ အား ဒုက္ခရောက် စေရန် အမျိုးကြံစည် သည်။ ရှောင် ကြင်ယာတော်မှအောက်လမ်းပညာ ဖြင့် ဝူမဲ အား လုပ်ကြံရာ မအောင်မြင်ဘဲ ဘုရင်မှ သိရှိသွားပြီး ရာထူးမှ ချကာ အိမ်နိမ့်စံစေသည်။ မိဖုရားဝမ် လည်းပါဝင်သည် ဟု ကောလဟာလ ပြန့်ပြီးနောက် ဝူမဲ က မိဖုရားအား နန်းချ ရန် ဘုရင်အား တွန်းအားပေးသည်။ ရာထူးကြီးအမတ် တို့ ကန့်ကွက်၍ မအောင်မြင်ပေ။ ထိုအချိန် ၌ ကြင်ယာတော် ဝူမဲ သည် အခြားကြင်ယာတော် များ၊ နန်းတွင်းသူများ၊ ရာထူး အလယ်အလတ်နှင့် ရာထူး နိမ့် အမတ် အချို့ အပါအဝင် အမတ်ကြီး အနည်းငယ်တို့ကိုပါ စည်းရုံး ထားပြီးဖြစ်သည်။ အေဒီ ၆၅၄ ၌ ဝူမဲ သည် သမီးတော် တစ်ပါး ဖွားမြင်သည်။ တစ်နေ့၌ မိဖုရားဝမ် အလည်လာရာ ထို ကလေး အနားရောက်သွားခဲ့သည်။ သိပ်မကြာခင် ၌ ကလေး ၌ အသက်မရှိတော့ပေ။ ဝူမဲ သည် မိဖုရားခေါင်ကြီး သတ်သည်ဟု စွပ်စွဲ သည်။ ဤ ဖြစ်ရပ်အား သမိုင်းပညာရှင်များမှ မိဖုရား သတ်သည် ဟုလည်းကောင်း ဝူမဲမှ မိမိသမီးအား ပြန်သတ်သည် ဟုလည်းကောင်း အမျိုးမျိုး မှတ်ချက်ပေးကြသည်။ ဘုရင် က မိဖုရား သတ်သည် ဟု ယုံကြည်သည် ကတစ်ကြောင်း သားသမီး မထွန်ကားသော မိဖုရား အား မကြည်သည် က တစ်ကြောင်း တို့ကြောင့် ဝမ်မိဖုရားခေါင် အား နန်းချစေပြီး ကြင်ယာတော်ရှောင် နှင့် အတူ အိမ်နိမ့်စံစေသည်။ မိဖုရားကြီးဝမ် နန်းကျပြီး ၆ ရက် အကြာ၌ ဝူမဲ အား မိဖုရားခေါင်ကြီးအရာ အပ်နှင်းလိုက်သည်။ ဝူမဲ သည် မိဖုရားခေါင်ကြီး ဖြစ်ပြီးနောက် ယခင် မိဖုရား ဝမ် နှင့် ကြင်ယာတော် ရှောင် တို့အား ခြေလက်များ ဖြတ်တောက်စေ၍ သေရည်ထည့်သော စဥ့်အိုးများ တွင် စိမ် ကာ ရက်ပေါင်းများစွာ အစာငတ်ထား၍ သတ်ခဲ့သည်။ မိဖုရားဟောင်း ဝမ်သည် အသတ်မခံရခင်၌ ဤသို့ဆို၏'ကိုယ်လုပ်တော် ဝူ(ဧကရာဇ် က မိဖုရားခေါင်ကြီး အဖြစ်တင်မြှောက့်လိုက်သော် လည် ဝမ် မိဖုရား မှ အသိအမှတ် မပြုကြောင်း ရွဲ့၍ ပြောခြင်းဖြစ်သည်) သည် ဧကရာဇ် ၏ ချစ်ခြင်းကို ထာဝရ ပိုင်ဆိုင် နိုင်ပါစေ' ဟု ဆုတောင်းဟန်ဖြင့် နာမ်နိမ် ခဲ့သည်။ ကြင်ယာတော် ရှောင် မှ `ဝူမဲ ဟူသော မိန်းမ သည် အင်မတန် ကောက်ကျစ်စဉ်းလဲ ၏ ငါတို့အား ဤ ဘဝ၌ နှိပ်စက်ညဉ်းပန်း ခြင်း ကိုနောင် ဘဝ ၌ ငါ လက်စားချေအံ့။ နောင်ဘဝ တွင် အကျွန်ပ် သည် ကြောင်မဲ တစ်ကောင် ဖြစ်၍ ယုတ်မာသော ဝူမဲသည် ကြွက်ဖြစ်ပြီး ၎င်း ၏ လည်မျိုအား အဖန်ဖန် ခုတ်သတ်နိုင်ပါစေ´ဟုတောင်းဆုပြုခဲ့သည်။ မိဖုရား ဝမ် နှင့်ကြင်ယာတော် ရှောင် တို့ သေဆုံးပြီးချိန်မှ စ၍ ၎င်း တို့ ၏ ဝိညာဉ် များသည် မိဖုရားခေါင်ကြီး ဝူ အား ညစဉ် ခြောက်လှန့် နေသည်ဟု ရာဇဝင်ရှိခဲ့သည်။ ထို့ကြောင့် မိဖုရားခေါင်ဝူ သည် ချန်အန်း မြို့တော်၌ နေလေ့မရှိဘဲ လော်ရန်မြို့ ၌သာ မိမိ၏ အချိန်အများစု ကိုကုန်ဆုံးခဲ့သည်။ ဧကရာဇ် ကောင်းကျုံ နှင့် မိဖုရားကြီးဝူ တို့တွင် လီဟုန်၊ လီရှန်း၊ လီကျန်း (လီရှန်း)၊ အန်းဒင် နှင့် ထိုင့်ဖင် ဟူသော သားသမီး ၆ယောက် ထွန်းကားခဲ့သည်။
ဝူမိဖုရားကြီးအား ဆန့်ကျင်သောအမတ်များဖယ်ရှားခံရခြင်း
[ပြင်ဆင်ရန်]ယခင် ဝမ်မိဖုရားနေရာ၌ ကြင်ယာတော်ဝူ အားအစားထိုးရန် ဧကရာဇ်က တိုင်ပင်သောအခါ၌ ရာထူးကြီးအမတ်များဖြစ်ကြသည့် ကျိန်စွန်းဝူကျိ၊ ချူဆွေ့လန် နှင့် လိုင်ကျိ တို့က ကန့်ကွက်ကြသည်။ ထိုအချိန်၌ ဝူကြင်ယာတော် မှ အမတ်ရှူဂျင်းကျုံး အား ကျိန်စွန်းအမတ်ကြီးကို နိုင်ငံတော်ပုန်ကန်မှု ဖြင့် စွပ်စွဲစေခဲ့သည်။ အမတ်ရှူမှ လုံလောက်မှုမရှိသော သက်သေအထောက်အထားအချို့ပြသော်လည်း မိမိအား ဝမ်မိဖုရား အားဖယ်ရှားရေး၌ ဆန့်ကျင်သော ကျိန်စွန်းအား မကြည်သောကြောင့်ဧကရာဇ်က နယ်နှင်ဒဏ်ပေးခဲ့သည်။ အေဒီ ၆၅၉တွင် နယ်နှင်ဒဏ် ပေးခံရသော ကျိန်စွန်းအမတ်အား မိဖုရားဝူ ၏ တိုက်တွန်းမှုကြောင့် ဧကရာဇ် ကောင်းကျုံသည် မိမိကိုယ်ကိုယ် သတ်သေရန် အမိန့်ထုတ်ခဲ့သည်။ ထို့နောက် ဝမ်မိဖုရား ကိုဖယ်ရှားရန် ဆွေးနွေးကြသောအခါ၌ "ဤအရေးသည် မင်းကြီး၏ အိမ်တွင်းရေး ကိစ္စသာဖြစ်သည်၊ အမတ်တို့နှင့် တိုင်ပင်ရန် မလိုအပ်ဟု"ထောက်ပြကာ မင်းကြီးအား ဝမ်မိဖုရားဟောင်းကို ဖြုတ်ချရေး၌ လွယ်ကူစေရန် ဆောင်ရွက်ပေးသည့် အမတ်လီရိဖူ သည် မိဖုရားကြီးဝူ ၏ အမိန့်အတိုင်း အမတ်ချူဆွေ့လန် နှင့် လိုင်ကျိ တို့အား ကျိန်စွန်းအမတ်နှင့် နည်း နိုင်ငံတော်ပုန်ကန်မှုဖြင့် စွဲချက်တင် သဖြင့် အမတ်တို့ပြည်နှင်ခံရ၍ အမတ်ချုသည် အေဒီ ၆၅၈တွင် သေဒဏ်ပေးခံရသည်။ ၎င်း၏ သားများသည်လည်းသေဒဏ်ကျခဲ့သည်။ အမတ်လီရိဖူ သည် ဧကရာဇ်နှင့် မိဖုရားတို့၏ မြှောက်စားမှုကြောင့် အထွန့်တက်လာခြင်း ကို သိမြင်သော ဧကရာဇ်ကောင်းကျုံသည် ၎င်အား နယ်နှင်ခဲ့သည်။ အေဒီ ၆၆၀ ဝန်းကျင်မှစ၍ ဧကရာဇ်ကောင်းကျုံ ကျန်းမာရေး ချို့ယွင်းလာခဲ့သည်။ ထိုကြောင့် မိဖုရားခေါင်ဝူ သည် ဧကရာဇ် ညီလာခံ မတက် သည့်အခါများ၌ ကိုယ်စား တိုင်းရေးပြည်ရာများကို အုပ်ချုပ်သည်။ နောက်ပိုင်းတွင် ဧကရာဇ်ကိုယ်တိုင် ညီလာခံတက်သောအခါများ၌ပါ ကန့်လန့်ကာနောက်ကွယ်မှ ခြယ်လှယ်ကြိုးကိုင်လာခဲ့သည်။ ထိုခြယ်လှယ်မှု အပေါ် စိတ်ကုန်လာသော ကောင်းကျုံဧကရာဇ် သည် အမတ်ရှန်ကွမ်ရီ နှင့် ဆွေးနွေးသည်။ ထိုဆွေးနွေးမှုကို မိဖုရားကြီးဝူ သိရှိပြီးနောက် မိဖုရား အမျက်ထွက်မည်ကို စိုးရိမ်သော ကောင်းကျုံ သည် ရှန်ကွမ်ရိ အား အပြစ်ဖို့ခဲ့သည်။ ထိုကြောင့် အေဒီ၆၆၄ ၌ရှန်ကွမ်ရီ နှင့် ၎င်း၏ အိမ်တော်မှ လူများ အသတ်ခံရပြီး ရှန်ကွမ်ရိ၏လသားအရွယ် သမီးလေး ရှန်ကွမ်ဝမ်အာ သည် နောင် မိဖုရားဝူ ထီးနန်းစံရသောအခါ၌ မိဖုရားအတွက်ယုံကြည်ရသော ပုဂ္ဂိုလ် ဖြစ်လာခဲ့သည်။
ဝူမိဖုရား၏ မိသားစုရေးရာ
[ပြင်ဆင်ရန်]မိဖုရားဝူ သည် မိဖုရားခေါင်ဖြစ်လာပြီးနောက် မိမိ ၏ မိသားစုဝင်များဖြစ်သည့် အစ်မတော်စပ်သူ ဟန်နယ်စားကတော် ဝူရွမ်၊ မိခင်သခင်မရန် တို့အား ဘွဲ့ရာထူးများချီးမြှင့်ခဲ့သည်။ ၎င်း သည်မိခင် သခင်မယန် နှင့် မသင့်မြတ်သော ဖအေတူမအေကွဲ အစ်ကိုတို့အားလည်း ချီးမြှောက်ခဲ့သည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ Uwitchett၊ Denis။ Chen gui and Other Works Attributed to Empress Wu Zetian. (PDF)။ p. 20။ 25 October 2020 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီး။ 12 May 2021 တွင် ပြန်စစ်ပြီး။
- ↑ Uwitchett၊ Denis။ Chen gui and Other Works Attributed to Empress Wu Zetian. (PDF)။ p. 71။ 25 October 2020 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီး။ 12 May 2021 တွင် ပြန်စစ်ပြီး။
Wu Zetian Wikipedia
- ↑ Wu was partially in control of power since approximately 660 and her power was even more paramount after January 665. Her Zhou Dynasty was proclaimed on October 17, 690, and she proclaimed herself Empress Regnant on October 19, demoting her son Emperor Ruizong to the rank of crown prince with the unusual title of Huangsi (皇嗣).
- ↑ She lost power in the palace coup of February 20, 705. She abdicated the next day, and on February 22 she was forced to return imperial authority to her son Li Xian, who was restored as Emperor Zhongzong on February 23. The Zhou dynasty was terminated with the restoration of the Tang dynasty on March 3, 705.
- ↑ ကိုးကား အမှား - Invalid
<ref>tag; no text was provided for refs namedname - ↑ She was given the name Meiniang by Emperor Taizong in the late 630s after she had entered the imperial palace, but was not leveled up in consort rank.
- ↑ Zetian was the beginning of the honorific name (徽號) – Divine Empress Regnant Zetian (တရုတ်: 則天大聖皇帝) – given to her in February 705 by her son, Emperor Zhongzong of Tang. The honorific name was used as her posthumous name when she died ten months later, although she was also frequently referred to as "Heavenly Empress" throughout the rest of Tang dynasty.
- ↑ The final version of her posthumous name as given in July 749.
- ↑ The Wu Zhou dynasty was abolished before her death, and she was reverted to the rank of empress consort on her death, so she did not have a temple name, as empresses consort, unlike ruling emperors, were not given temple names.
<ref> tags exist for a group named "note", but no corresponding <references group="note"/> tag was found