ဝီလီယံ ကမ်ကွမ်ဘာ

ဝီကီပီးဒီးယား မှ
ဝီ ကမ်ကွမ်ဘာ
တက် (TED) ဟောပြောပွဲ ၌ ဝီလီယံ ကမ်ကွမ်ဘာအား တွေ့ရစဉ် (၂၀၀၇)
မွေးဖွား (1987-08-05) ၅ ဩဂုတ်၊ ၁၉၈၇ (အသက် ၃၆)
ကာဆန်ဂူ (Kasungu)၊ မာလဝီ
နိုင်ငံလူမျိုးမာလဝီ
ပညာရေးဒါးမောက် ကောလိပ်
အလုပ်အကိုင်လမ်းသစ်ထွင်သူ

ဝီလီယံ ကမ်ကွမ်ဘာ (အင်္ဂလိပ်: William Kamkwamba) သည် မာလဝီနိုင်ငံသား လမ်းသစ်ထွင်သူ၊ အင်ဂျင်နီယာနှင့် စာရေးသူ ဖြစ်သည်။ ၂၀၀၆ ခုက လေတာဘိုင် တည်ပြီးနောက် မာလဝီ၌ ကျော်ကြားသွားသည်။ အဆိုပါတာဘိုင်သည် မလေးရှားပိတောက်ပင်၊ စက်ဘီးပစ္စည်းများနှင့် အမှိုက်ပုံမှ အတိုအစများကို စပ်ဆက်ပြုလုပ်ထားခြင်း ဖြစ်သည်။ ထို့နောက် နေရောင်ခြည်သုံး ရေစုပ်စက်ထွင်ကာ ရွာ၌ သောက်ရေ ပေးသည်။ အခြား လေတာဘိုင် ၂ ခု ဆောက်ခဲ့ပြီး နောက်ထပ်ဆောက်ရန်လည်း စီစဉ်နေသည်။