ဝီစကီ
![]() ဝီစကီတစ်ခွက် | |
အမျိုးအစား | ပေါင်းခံ ယမကာ |
---|---|
စတင်ရောင်းချသည့်နေ့ | ၁၃ – ၁၅ ရာစု |
အယ်လ်ကိုဟောပမာဏ | at least 40%[၁] (37% in Australia,[၂][၃] 43% in South Africa[၁]) |
Alcohol proof | ၈၀ နှင့် အထက် |
အရောင်အဆင်း | Pale gold to dark amber |
ပါဝင်ပစ္စည်း | မုယောစပါး, ရေ |
မူကွဲများ | Irish whiskey, Scotch whisky, Bourbon whiskey, Japanese whisky |

စကော့တလန်၊ အမေရိကန် နှင့် ကနေဒါမှ ထုတ်လုပ်သော ဝီစကီများ
ဝီစကီ (သို့) ဝစ်စကီသည် မူးယစ်စေတတ်သော အဖျော်ယမကာ တစ်မျိုး ဖြစ်ပြီး ဂျုံစေ့ကို အရက်အဖြစ် ချက်လုပ်ပြီး သစ်သား သေတ္တာအတွင်းတွင် သိုလှောင်ထားခြင်းဖြင့် ရရှိသည်။
ဝီစကီ ဆိုသည့် အမည်မှာ စကော့နယ်သုံး ဘာသာစကားတစ်မျိုး ဖြစ်သည့် ဂေးလစ် ဘာသာစကားမှ ဆင်းသက်လာသည်။ စကော့တလန်နှင့် ကျန်သော ဂရိတ်ဗြိတိန်နယ်တွင် စကော့ဝီစကီ သို့မဟုတ် စကော့ဟုသာ သုံးနှုန်းကြသည်။ ကွဲပြားခြားနားသော ဂေးလစ် ဘာသာစကားကို အသုံးပြုသော အိုင်ယာလန်တွင်မူ E အသံ ထည့်၍ ဝစ်စကေး (whiskey) ဟု ခေါ်ကြသည်။ အမေရိကန်တွင် ပြုလုပ်သော ဝီစကီမှာ အိုင်ယာလန်သုံး စာလုံးပေါင်းကို အသုံးပြုထားသည်။
အမျိုးကွဲများ[ပြင်ဆင်ရန်]
ဝီစကီ အမျိုးအစား အမျိုးမျိုး ရှိသည်။ အထင်ရှားဆုံး အမျိုးအစားများမှာ အောက်ပါအတိုင်း ဖြစ်သည် -
- ဆင်ဂယ်မော့တ် (Single-malted)
- စကော့ သို့မဟုတ် ဘလင်းန်ဒက် (Blended whisky or Scotch)
- အိုင်းရစ်ရှ် ဝီစကီ (Irish Whisky)
- ဘော်ဘွန်း (Bourbon)
- ရိုင်း (Rye)
ကိုးကား[ပြင်ဆင်ရန်]
- ↑ ၁.၀ ၁.၁ Wisniewski၊ Ian။ Does the ABV Really Matter?။ 20 July 2022 တွင် ပြန်စစ်ပြီး။
- ↑ Bauer၊ Bruce T. (15 September 2016)။ Why One Spirit Can Have Many Different ABVs။ 20 July 2022 တွင် ပြန်စစ်ပြီး။
- ↑ Standard 2.7.5 – Spirits – 2.7.5—3(3)(b)(ii)။ Australian Government။ 20 July 2022 တွင် ပြန်စစ်ပြီး။