ဝီချက်
ပုံပန်းသွင်ပြင်
ဝီချက် သို့မဟုတ် (တရုတ်အမည်) ဝေးရှင့် (တရုတ်: 微信; ပင်ယင်: wēixìn) သည် တရုပ်ကုမ္ပဏီ ထန်ရွှင့်(Tencent)မှ ဖန်တီးထားသော မိုဘိုင်းစာတိုပေးပို့မှု၊ ဆိုရှယ်မီဒီယာနှင့် မိုဘိုင်းငွေပေးချေမှုအက်ပ်တစ်ခုဖြစ်သည်။ ၂၀၁၁ ခုနှစ်တွင် ပထမဆုံးထွက်ရှိခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် လစဉ်အသုံးပြုသူ ၁ ဘီလီယံကျော်ရှိသည့် ကမ္ဘာ့အကြီးဆုံး မိုဘိုင်းအက်ပ်ဖြစ်လာခဲ့သည်။[၁][၂][၃][၄]
စာတိုပေးပို့ခြင်း၊ စကားပြော အသံတိုပေးပို့ခြင်း၊ (တစ်ဦးမှ အများသို့) ကြော်ငြာစာတိုပေးပို့ခြင်း၊ ဗီဒီယိုကွန်ဖရင့်၊ ဗီဒီယိုဂိမ်းများ၊ မိုဘိုင်းငွေပေးချေမှု၊ ဓာတ်ပုံများ ဗီဒီယိုများကို မျှဝေခြင်းနှင့် တည်နေရာမျှဝေခြင်းတို့အာလုံးအတွက် ဝီချက်အက်ပ်တစ်ခုတည်းမှ လုပ်ဆောင်ပေးနိုင်သည်။
ဝီချက် ကို ၎င်း၏ ကျယ်ပြန့်သော လုပ်ဆောင်ချက်များကြောင့် တရုတ်၏ "အရာရာတိုင်းအတွက် အက်ပ်" (super-app)ဟုလည်း ရည်ညွှန်းကြသည်။[၅]
ကိုးကား
[ပြင်ဆင်ရန်]- ↑ It's time for messaging apps to quit the bullshit numbers and tell us how many users are active 29 July 2014 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .. techinasia.com. 23 January 2014. Steven Millward.
- ↑ "WeChat now has over 1 billion active monthly users worldwide · TechNode"၊ TechNode၊ 5 March 2018။
- ↑ "Tencent's Profit Is Better Than Expected"၊ Bloomberg.com၊ 15 November 2017။
- ↑ "WeChat users pass 900 million as app becomes integral part of Chinese lifestyle" (in en)၊ The Drum။
- ↑ "How WeChat Became China's App For Everything"၊ Fast Company၊ 2 January 2017။