မာတိကာသို့ ခုန်သွားရန်

ဝီကီပီးဒီးယား ဆွေးနွေးချက်:Five pillars

အခြားဘာသာစကားများဖြင့် စာမျက်နှာအကြောင်းအရာများကို ပံ့ပိုးမထားပါ။
ဝီကီပီးဒီးယား မှ

သတ်ပုံ

[ပြင်ဆင်ရန်]

အနာဂါတ်မျိုးဆက်များ သတ်ပုံသည် တည်ဆဲပြဋ္ဌာန်းချက် အနာဂတ် နှင့် ကွဲလွဲသည်ဟုထင်ပါသည်ခင်ဗျာ။ Sanwanovsky (ဆွေးနွေး) ၁၇:၅၃၊ ၁၇ စက်တင်ဘာ ၂၀၁၉ (UTC)[အကြောင်းပြန်ရန်]

ပါဠိ - အနာဂတ မှလာ။ အနာဂတ် အမှန်။ Htoo Ra Aung (ဆွေးနွေး) ၀၁:၄၁၊ ၁၈ စက်တင်ဘာ ၂၀၁၉ (UTC)[အကြောင်းပြန်ရန်]

ပါဠိ လို အနာဂတ ။ အနာဂတ ရဲ့ အဓိပ္ပာယ်က ရောက်ပြီး,-ရောက်ဆဲ-ဖြစ်ပြီး,-ဖြစ်ဆဲ-မဟုတ်သော ကာလကို အနာဂတ် ဟုခေါ်ပါသည်။

တိပိ၊၁၊၇၀၁ ဦးဟုတ်စိန် ပါဠိ-မြန်မာအဘိဓာန်

အနာဂတ (တိ) မလာရောက်သေးသော။ လာလတ္တံ့သော။

(adj.) ṅot come yet, (m,),the future.Not come, not arrived; future

မြန်မာလို အနာဂတ်(နာမ်ပုဒ်) အနာဂတ် ဟူသော စာလုံးသည် အနာဂတ ဟူသော ပါဠိပုဒ်ကို မြန်မာမူ ပြုထားသော ပါဠိပျက် (ပါဌ်ပျက်) စကားလုံး ဖြစ်ပါသည် ။ Chanmyaenwe (ဆွေးနွေး) ၀၆:၃၈၊ ၁၀ ဧပြီ ၂၀၂၀ (UTC)[အကြောင်းပြန်ရန်]

မြန်မာအမည်၏​ လေးစားမှုပြ ​ရှေ့စာလုံးများ (honorifics or titles) ကိစ္စ

[ပြင်ဆင်ရန်]

မြန်မာအမည်များတွင် အသက်အရွယ်၊ ကျားမအလိုက် ဦး၊ ​ဒေါ်၊ ကို၊ ​မောင်၊ မ စသည်ဖြင့် ​လေးစားမှုပြစာလုံးများရှိသည်။ အင်္ဂလိပ်ဘာသာစကားရှိ Mr, Mrs, Ms, Miss စသည်တို့နှင့်ဆင်​တူသော်လည်း သုံးစွဲမှုမတူပါ။ မြန်မာစာတွင်၄င်း၊ မြန်မာစကားသုံး လူမှုဆက်ဆံ​ရေးတွင်၄င်း ယင်းစာလုံးများသည် လွန်စွာအ​ရေးကြီးပါသည်။ ​ရှေးယခင်က မြန်မာညာသာစကား သို့မဟုတ် အခြားဘာသာစကားတို့ဖြင့် အက္ခရာစဉ်၍ အညွှန်းပြုစုရာ၊ စာရင်းစု​ဆောင်းစုရာ၊ စွယ်စုံကျမ်းပြုစုရာတို့တွင်လွယ်ကူအဆင်​ပြေ​စေရန် ထိုစာလုံးများကို အမည်၏​နောက်တွင် ထည့်သွင်းသုံးစွဲ​သောစံနစ်ရှိခဲ့ပါသည်။

ဥပမာ။ ။ ဘခင်၊ ဦး။ မြစိန်၊ ​ဒေါ်။

မြန်မာ့စွယ်စုံကျမ်းသည် အ​ကောင်းဆုံးဥပမာတခုဖြစ်ပါသည်။ ယခုအခါ ထိန်းသိမ်းနိုင်စွမ်းအားနည်းမှု​ကြောင့်​ရော အင်္ဂလိပ်ဘာသာအ​ခြေပြုစံနစ်များ၏ လွှမ်းမိုးမှု​ကြောင့်ပါ ယခင်စံနစ်မှာ ​ပျောက်ကွယ်သ​လောက်ဖြစ်​နေပြီး ​အချို့အစိုးရဌာနဆိုင်ရာလုပ်ငန်းများတွင်ပါ မြန်မာ့လူမှုဆက်ဆံ​ရေးအတွက် မပါမဖြစ်သည့် ​လေးစားမှုပြ​ အမည်ရှေ့စာလုံးများမပါဝင်အထိ ​တွေ့လာရပါသည်။ တချိန်တွင် အမျိုးသားအဆင့် ပြင်ဆင်ရမည့်ကိစ္စတခု ဖြစ်လာနိုင်ပါသည်။ ထို့​ကြောင့် စံနစ်ကျန​သော အများသုံးစွယ်စုံကျမ်းတခုဖြစ်သည့် မြန်မာဝီကီပီးဒီးယားနှင့်ပံ့ပိုးသူများသည် ဤ အျရးကြီး​သောအချက်ကိုအ​လေးထားစဉ်းစား၍ ပြုပြင်​ပြောင်းလဲရန် ​ဆောင်ရွက်သင့်ပါသည်။ Mkarakan (ဆွေးနွေး) ၀၇:၃၇၊ ၁၃ နိုဝင်ဘာ ၂၀၂၄ (UTC)[အကြောင်းပြန်ရန်]

@Mkarakan. Thanks for the raise. Please also see the old archived discussion. NinjaStrikers «» ၀၅:၀၆၊ ၁၅ နိုဝင်ဘာ ၂၀၂၄ (UTC)[အကြောင်းပြန်ရန်]