ဝီကီပီးဒီးယား:ဆောင်းပါးကူညီကိရိယာ/Referencing

Permanently protected စာမျက်နှာ
ဝီကီပီးဒီးယား မှ

ဝီကီပီးဒီးယား ဆောင်းပါးကူညီကိရိယာ
ကိုးကားခြင်းနှင့် ထင်ရှားအရေးပါမှု
အကြောင်းအရာသည် ထင်ရှားအရေးပါမှု မရှိခြင်း ၊ မူပိုင်ခွင့် ချိုးဖောက်ခြင်း၊ သို့မဟုတ် မှန်ကန်စွာ ကိုးကားထားခြင်း မရှိပါက သင့်ဆောင်းပါသည် ငြင်းပယ်ခြင်း ခံရမည်ဖြစ်သည်။
ထင်ရှားအရေးပါမှု
ဆောင်းပါးတစ်ပုဒ်၏ အကြောင်းအရာသည် အဆိုပါ အကြောင်းအရာနှင့် အမှီအခို မရှိသော ယုံကြည်စိတ်ချရသော ရင်းမြစ်များတွင် လွှမ်းခြုံဖော်ပြထားခြင်း ရှိရမည်။ ယင်းတို့တွင် အချက်အလက် စိစစ်နိုင်သော ဂုဏ်သိက္ခာရှိသည့် ပညာရပ်စာစောင်များ၊ စာအုပ်များ၊ သတင်းစာများ၊ မဂ္ဂဇင်းများ၊ နှင့် ဝဘ်ဆိုဒ်များ ပါဝင်သည်။ လူမှုကွန်ယက်များ၊ သတင်းစာရှင်းလင်းပွဲများ သို့မဟုတ် ကိုယ်ရေးအတ္ထုပ္ပတ္တိများသည် အရည်အသွေးမပြည့်မီပါ။
မူပိုင်ခွင့်
ရင်းမြစ်များမှ အကြောင်းအရာများအား တိုက်ရိုက် ကူးယူဖော်ပြခြင်း သိုမဟုတ် ထပ်တူညီ စာပိုဒ်များ အသုံးပြုခြင်းကို ရှောင်ကြဉ်ပါ။ ယင်းအစား ရင်းမြစ်များမှ ဖော်ပြသည်များကို အနှစ်ချုပ်အနေဖြင့် သင့်ကိုယ်ပိုင် စာသားများဖြင့် ဖော်ပြပါ။
ကိုးကားခြင်း
  • လွတ်လပ်သော ရင်းမြစ်များ (အထက်တွင် ကြည့်ပါ) သည် ယေဘုယျအားဖြင့် လက်ခံနိုင်ပြီး၊ အခြားရင်းမြစ်များထက် အသုံးပြုသင့်သည်။
  • အမှီအခိုမကင်းသော ရင်းမြစ်များ (ကုမ္ပဏီ ဝဘ်ဆိုဒ် သို့မဟုတ် သတင်းစာရှင်းလင်းပွဲ စသည်) ကို အခြေခံ အချက်အလက်များ အတည်ပြုရန် အတွက်သာလျှင် အသုံးပြုနိုင်သည်။
  • ဘလော့ဂ်များ၊ လူမှုမီဒီယာများနှင့် လူပြိန်းကြိုက် ဂျာနယ်သတင်းစာများကို ယေဘုယျအားဖြင့် လက်မခံပါ။
ကိုးကားတစ်ခုအား ဖန်တီးရန်အတွက် <ref></ref> အား အောက်ပါနမူနာအတိုင်း အသုံးပြုပါ။
Bizco was founded in 1942.<ref>https://www.nytimes.com/bizco</ref>
မတူညီသော အကြောင်းအရာများဖြင့် ကိုးကားပုံစံများ ရေးသားခြင်းအတွက် ကျွန်ုပ်တို့၏ ကိုးကားခြင်း မိတ်ဆက်လမ်းညွှန်ကို ကြည့်ပါ။