ဝီကီပီးဒီးယား:ဆောင်းပါးကူညီကိရိယာ/CommonMistakes

ဝီကီပီးဒီးယား မှ
ဝီကီပီးဒီးယား ဆောင်းပါးကူညီကိရိယာ
မှားလေ့ရှိသော အမှားများ
စာမူကြမ်းများတွင် မကြာခဏ မှားလေ့ရှိသော အမှားအယွင်းများစွာ ရှိပါသည်။ အောက်ပါတို့အား သင့်အနေဖြင့် သိထားသင့်ပါသည်။
  • သင့်အကြောင်း သို့မဟုတ် သင်ရင်းနှီးကျွမ်းဝင်သော တစ်စုံတစ်ဦး/တစ်စုံတစ်ရာ အကြောင်း ရေးသားခြင်း
    သင့်အကြောင်း ဖြစ်စေ၊ မိသားစုဝင်တစ်ဦး၊ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်၊ စီးပွားဖက်၊ သင် နီးစပ်ကျွမ်းဝင်သော (သင်နှင့် သင့်မိတ်ဆွေများ နီးစပ်ကျွမ်းဝင်သော) အကြောင်းအရာကို ဆောင်းပါးအဖြစ် ဖန်တီးခြင်းသည် ဘက်လိုက်မှုများ ရှိနိုင်သည့်အတွက် ရေးသားရန် အားမပေးပါ။
  • တိုက်ရိုက်ကူးယူသော အကြောင်းအရာများ
    ဆောင်းပါးအား သင့်ရေးဟန်ဖြင့်သာ ရေးသားရမည်ဖြစ်ပြီး သို့မဟုတ်ပါက ဖျက်ပစ်ခြင်း ခံရနိုင်သည်။
  • ရင်းမြစ်များအား ကိုးကားမပြုထားခြင်း
    ယုံကြည်စိတ်ချရသော ရင်းမြစ်များကို ကိုးကားမပြုထားသည့် ဆောင်းပါးများသည် ရက်အနည်းငယ်အတွင်း ဖျက်ပစ်ခြင်း ခံရနိုင်သည်။
  • အလွန်အကြူး မြှောက်ပင့် ရေးသားခြင်း
    "အထူးကျွမ်းကျင်သော" နှင့် "မြေကမ္ဘာတုန်ဟီးသွားနိုင်သည့် နည်းပညာ" စသည့် ဝေါဟာရအသုံးအနှုန်းများသည် ကုန်ပစ္စည်းတစ်ခုခုအား အရောင်းမြှင့်တင်သည့် သဘော သက်ရောက်သည့်အတွက် ယင်းတို့သည် ဝီကီပီးဒီးယားတွင် မရှိသင့်ပါ။ အချက်အလက်များက ကိုယ်တိုင်ပြောကြားပါစေ။