ဝီကီပီးဒီးယား:ဆောင်းပါးကူညီကိရိယာ/HowToDisclose

ဝီကီပီးဒီးယား မှ
ဝီကီပီးဒီးယား ဆောင်းပါးကူညီကိရိယာ
အခကြေးငွေဖြင့် တည်းဖြတ်ခြင်း
တည်းဖြတ်ခြင်းအား မစတင်မီ၊ ဝီကီပီးဒီးယား၏ အသုံးပြုခြင်း သတ်မှတ်ချက်အရ သင်သည် အခကြေးငွေယူ၍ ဝီကီပီးဒီးယားတွင် တည်းဖြတ်ခြင်းဖြစ်ကြောင်း ကြေညာရန် လိုအပ်သည်။ ထို့အပြင် အခကြေးငွေဖြင့် တည်းဖြတ်ခြင်းအကြောင်း ကျွန်ုပ်တို့၏ မူဝါဒ စာမျက်နှာ.တွင် ဖော်ပြထားသော စည်းကမ်းများကိုလည်း လိုက်နာရမည် ဖြစ်သည်။ အဆိုပါစည်းမျဉ်းစည်းကမ်းများအား လိုက်နာရန် ပျက်ကွက်ပါက ပိတ်ပင်ခြင်း ခံရနိုင်သည်။

ကြေညာရန် အဆင့်များမှာ အောက်ပါအတိုင်း ဖြစ်သည်။

  • သင်၏ အသုံးပြုသူစာမျက်နှာအား ပြင်ဆင်ရန် ဤနေရာကို နှိပ်ပါ
  • အောက်ပါတို့အား ကူးယူ၍ တည်းဖြတ်စာကွက်တွင် ထည့်သွင်းပါ Name of your employer နေရာတွင် သင်လုပ်ကိုင်ပေးမည့်သူ၏ အမည်အား ဖြည့်စွက်ပါ။
{{paid|employer=Name of your employer|client=Name of your client, if different from your employer}}
  • "ပြောင်းလဲမှုများကို လွှင့်တင်ရန်" ခလုတ်အား နှိပ်ပါ။


ဆက်လက်ရန်အတွက် အဆိုပါ အဆင့်များအား ပြီးမြောက်ရန် လိုအပ်သည်။