ဝိဒယလင်္ကာရပရိဝေန

ဝီကီပီးဒီးယား မှ

ဝိဒယလင်္ကာရပရိဝေန သည် သီရိလင်္ကာနိုင်ငံတွင် တည်ရှိသည့် အကြီးဆုံးသော ဗုဒ္ဓဘာသာ ပရိဝေနတစ်ခု ဖြစ်သည်။ နှစ်ပေါင်း ၁၅၀ နီးပါး သက်တမ်းရှိပြီးဖြစ်သည်။ ပရိဝေန၏ ဦးဆောင်ဦးရွက်ပြုမှုဖြင့် ဒေသတွင် ကျောင်းပေါင်းများစွာကို ဖွင့်လှစ်ခဲ့သည်။ ထိုကျောင်းများထဲတါင် သီရိဓမ္မလောကကောလိပ်သည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ဝိဒယလင်္ကာရပရိဝေနကို ၁၈၇၅ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့တွင် ရဟန်းတော် Ratmalane Sri Dharmaloka Thera က တည်ထောင်ခဲ့သည်။ ၁၉၇၈ ခုနှစ်တွင် ဤပရိဝေနသည် Kelaniya တက္ကသိုလ် ဖြစ်လာခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]