ပရိဝေန

ဝီကီပီးဒီးယား မှ

ပရိဝေန ဆိုသည်မှာ ရဟန်းများ၏ ပညာရေးအတွက် သင်ကြားသည့် ဘုန်းတော်ကြီးသင်ကောလိပ်/ကျောင်းများကို ပရိဝေနဟု ခေါ်ဆိုသည်။ ရှေးခေတ်အခါကလက လူများအတွက်ပင် အလယ်တန်းနှင့် အထက်တန်းပညာရေးစနစ်သင်ကြားသည့် စင်တာများ ရှိခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် ပညာရေးဌာနက ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၇၅၃ ခုကို တည်ထောင်ပေးခဲ့သည်။[၁] ရဟန်းခံယူရန်အတွက် ဤပရိဝေနများတွင် လေ့ကျင့်သင်ကြားမှုများ ပြုလုပ်ရမည် ဖြစ်သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ရှေးခေတ်[ပြင်ဆင်ရန်]

၁၀၀ CE အချိန်တွင် ပရိဝေနများသည် သီရိလင်္ကာလူမှုအဖွဲ့အစည်းတွင် ပညာရေးကဏ္ဍ၌ အမြင့်ဆုံးအခန်းတွင် ပါဝင်လျက်ရှိသည်။ ပရိဝနေသည် ကျွန်းပေါ်ရှိ အချက်အချာအကျဆုံး ပညာရေးအဖွဲ့အစည်းကြီးတစ်ခု ဖစ်သည်။ ယခုမတိုင်မီက ပညာရေးစနစ်သည် ဘာသာရေးတည်ထောင်မှုနှင့် ချိတ်ဆက်နေခဲ့ကြသည်။ လူအများသည် ရွာများသို့ သွားရောက်ကာ ပညာများသွားရောက်သင်ကြားပေးကြသည်။ သမိုင်းတစ်လျှောက်တွင် ကျွန်းပေါ်ရှိလူအများသည် ပုံမှန်အားဖြင့် ပညာသင်ကြားမှု မရှိကြပေ။ ဗုဒ္ဓစာပေများကိုမူ တတ်မြောက်ကြသည်။ အိန္ဒိယပြည်မကြီးနှင့် မတူသည်မှာ ပရိဝေနတွင် လူအများလည်း တက်ရောက်သင်ကြားခွင့်ရှိသည်။[၂][၃]

ပရိဝေနဟူသည့် စကာလုံးသည် ပါဠိဘာသာစကားမှ ဆင်းသက်လာပြီး "နေထိုင်ရာအဆောက်အဦ" ဟု အဓိပ္ပာယ်ရသည်။ ဤအဖွဲ့အစည်းများသည် ရဟန်းများနှင့် ဘုန်းတော်ကြီးများကို ကျွန်းပေါ်ရှိ ပညာသင်ကြားပေးရာနေရာဟု ရည်ရွယ်သည်။ အိန္ဒိယပြည်မကြီးရှိ တက္ကသိုလ်များနှင့် ဆင်တူသော်လည်း သီရိလင်္ကာရှိ ပရိဝေနများသည် အများစုမှာ မတူကွဲပြားမှုများ ရှိကြသည်။[၄]

၃၀၀ ဘီစီအီးခန့်လောက်မှစတင်၍ တော်ဝင်မိသားစုများသည် ဝိဟာရများကို ထောက်ပံ့မှုများ ရှိခဲ့သည်။ မဟာဝိဟာရနှင့် အဘယဂိရိဝိဟာရတို့သည် ဤပရိဝေနပညာရေးစနစ်သို့ တိုးတက်ပြောင်းလဲစေမည့် ပထမဆုံးသော ပညာရေးအဆောက်အအုံများ ဖြစ်ခဲ့ကြသည်။[၃]

ကိုလိုနီခေတ်[ပြင်ဆင်ရန်]

၁၅၀၅ ခုနှစ် ကျွန်းသို့ဥရောကိုလိုနီများသည် ပထမဆုံးအကြိမ် ရောက်ရှိလာသည့်အခါတွင် ပေါ်တူဂီတို့သည် ကျွန်းကို အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ပြီး ခရစ်ယာန်ဘာသာကို ပြန့်ပွားအောင် လုပ်ဆောင်ခဲ့သည်။ သူတို့သည် သီရိလင်္ကာ၏ နောက်ဆုံးဘုရင်ဖြစ်သည့် ဓမ္မပါလကို ဖြုတ်ချပြောင်းလဲပစ်ခဲ့ကာ ခရစ်ယာန်စာသင်ကျောင်းမဟုတ်သည့်ကျောင်းများကိုလည်း အထောက်အပံ့များ ရပ်တန့်ပစ်ခဲ့သည်။ သီရိလင်္ကာကမ်းရိုးတန်းဒေသတွင် ပရိဝေနပညာရေးစနစ်သည် ကျဆင်းသွားခဲ့ရသည်။ သို့သော် ကန်ဒီမင်းနေပြည်အလယ်ပိုင်းတွင်မူ ပရိဝေနပညာရေးစနစ်သည် ဗြိတိသျှကိုလိုနီခေတ်မတိုင်မီအထိ အင်အားကောင်းခဲ့သည်။[၅]

တည်ဆောက်ဖွဲ့စည်းပုံ[ပြင်ဆင်ရန်]

မုလိက အဆင့်သည် ငါးနှစ်ကြာမြင့်ပြီး ပညာရေးစနစ်၏ အခြေခံဖြစ်သည်။ ကျောင်းသားများသည် ပါဠိ၊ သက္ကတ၊ စင်ဟလ၊ အင်္ဂလိပ်၊ ပိဋကတ်သုံးပုံနနှင့် သင်္ချာဘာသာရပ် စသည့်ဘာသာရပ်ခြောက်ခုကို သင်ကြားရသည်။ နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်ရန် နောက်ဆုံးစာမေးပွဲကို ဖြေဆိုရသည်။[၃]

မဟာ အဆင့် သည် အဆင့်မြင့်သည့် ပညာရေးဖြစ်သည်။ ဤအဆင့်တွင် ကျောင်းသားများသည် အတွေးအခေါ်၊ ကိုးကွယ်မှုသမိုင်း၊ ဘာသာဗေဒ၊ အာယုဗေဒ၊ နက္ခတ်ပညာ စသည်ဘာသာရပ်များစွာကို သင်ကြားနိုင်သည်။ [၃]

Vidyayathana အဆင့်သည် အမြင့်ဆုံးအဆင့်ဖြစ်ကာ တက္ကသိုလ်အဆင့်နှင့် ညီမျှသည်။ ကိုလံဘိုတွင် တက္ကသိုလ်နှစ်ခု ရှိသည်။ ၎င်းတို့မှာ ကိလနိယတက္ကသိုလ်နှင့် Sri Jayewardenepura တက္ကသိုလ်တို့ ဖြစ်ကြသည်။[၃]

ထင်ရှားသည့် ဥပမာများ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. Annual Report 2017။ Ministry of Finance, Sri Lanka။ 13 September 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 6 June 2021 တွင် ပြန်စစ်ပြီး။
  2. You must specify title = and url = when using {{cite web}}.။ 2018-12-19 တွင် ပြန်စစ်ပြီး။
  3. ၃.၀ ၃.၁ ၃.၂ ၃.၃ ၃.၄ The Pirivena System of Buddhist Education in Sri Lanka | Buddhistdoor။ 2018-12-19 တွင် ပြန်စစ်ပြီး။
  4. The Pirivena System of Buddhist Education in Sri Lanka | Buddhistdoor။ 2018-12-19 တွင် ပြန်စစ်ပြီး။
  5. The Pirivena System of Buddhist Education in Sri Lanka | Buddhistdoor။ 2018-12-21 တွင် ပြန်စစ်ပြီး။
  6. History - Parama Dhamma Chethiya Pirivena။ Parama Dhamma Chethiya Pirivena။ 27 December 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 6 June 2021 တွင် ပြန်စစ်ပြီး။
  7. The Sunethra Devi Pirivena in Pepiliyana celebrated its 600th anniversary on Monday။ Daily Mirror (Sri Lanka) (2010-06-21)။ 12 July 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 6 June 2021 တွင် ပြန်စစ်ပြီး။
  8. De Alwis၊ C.M. (1976)။ Antiquities of the Kingdom of Kotte (အင်္ဂလိပ်ဘာသာစကားဖြင့်)။ p. 8။ Temples and Pirivenas were constructed and endowments made for their upkeep - notably the Pepiliyana Vihare built by him in memory of his mother Sunethra Devi