ဝါနာဗွန်ဘရောင်း

ဝီကီပီးဒီးယား မှ
ဝါနာဗွန်ဘရောင်း
၁၉၆၀ ခုနှစ်ရှိ ဝါနာဗွန်ဘရောင်း
မွေးဖွားWernher Magnus Maximilian, Freiherr von Braun
(1912-03-23)မတ် ၂၃၊ ၁၉၁၂
Wirsitz, Provinz Posen, German Empire
(modern Wyrzysk, Piła County, Poland)
ကွယ်လွန်ဇွန် ၁၆၊ ၁၉၇၇(1977-06-16) (အသက် ၆၅)
en:Alexandria, Virginia, United States
သေဆုံးရခြင်း အကြောင်းရင်းပန့်ကရိယပ် ကင်ဆာ
မြှုပ်နှံရာနေရာen:Ivy Hill Cemetery (Alexandria, Virginia)[၁]
နိုင်ငံလူမျိုးဂျာမန်၊ အမေရိကန်
မိခင်ကျောင်းဘာလင်နည်းပညာတက္ကသိုလ် ETH Zurich
အလုပ်အကိုင်Rocket engineer and designer
အိမ်ထောင်ဖက်(များ)en:Maria Luise von Quistorp (လက်ထပ် 1947–77)
သားသမီးIris Careen von Braun
Margrit Cecile von Braun
Peter Constantine von Braun
မိဘ(များ)Magnus von Braun (senior) (1877–1972)
Emmy von Quistorp (1886–1959)
စစ်မှုထမ်းဘဝ
သစ္စာခံနိုင်ငံနာဇီဂျာမနီ
လက်နက်ကိုင်တပ်SS
အမှုထမ်း ကာလ1937–1945
ရာထူးအဆင့်Sturmbannführer, SS
တိုက်ပွဲ/စစ်ပွဲများဒုတိယကမ္ဘာစစ်
ဆုတံဆိပ်များKnights Cross of the War Merit Cross (1944)
War Merit Cross, First Class with Swords (1943)
အခြား အလုပ်Rocket engineer, NASA, Built the Saturn V rocket of the Apollo manned moon missions

ဝါနာဗွန်ဘရောင်း (Wernher Magnus Maximilian, Freiherr von Braun) (March 23, 1912 – June 16, 1977) သည် ဂျာမန်-အမေရိကန် ဒုံးပျံသိပ္ပံပညာရှင်၊ လေကြောင်းအင်ဂျင်နီယာ၊[၂] အာကာသဗိသုကာဖြစ်ပြီး ဒုတိယကမ္ဘာစစ်ကာလအတွင်း နာဇီဂျာမနီနှင့် အမေရိကန်ပြည်ထောင်စု၏ ဒုံးပျံနည်းပညာတိုးတက်မှုကို ဖြစ်ပေါ်စေခဲ့သည်။[၃] သူ့အား ဒုံးပျံသိပ္ပံ၏ဖခင်အဖြစ် ကင်ပွန်းတပ်ကြသည်။ သူ အသက် ၂၀ ကာလများနှင့် အသက် ၃၀ အစောပိုင်းကာလများတွင် နာဇီဂျာမနီ၏ ဒုံးပျံစီမံကိန်းတွင် လုပ်ကိုင်ခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်း ဗွီ-၂ ဒုံးပျံ ထုတ်လုပ်ရေးတွင်လည်း ပူးတွဲလုပ်ကိုင်ခဲ့သည်။ ဝါနာဗွန်ဘရောင်းသည် စက္ကူညှပ်စစ်ဆင်ရေး၏ အစိတ်အပိုင်းအဖြစ် အမေရိကန်ပြည်ထောင်စုသို့ အခြားဂျာမန်သိပ္ပံပညာရှင် ၁၆၀၀ နှင့်အတူ လျှို့ဝှက်စွာ ပြောင်းရွေ့ခဲ့ပြီးနောက် အမေရိကန်၏ တာလတ်ပစ်ဒုံးပျံ စီမံကိန်းတွင် လုပ်ကိုင်လာခဲ့သည်။[၄] အမေရိကန်နိုင်ငံမှ ၁၉၅၈ ခုနှစ်တွင် ပထမဆုံး အာကာသဂြိုဟ်တု Explorer 1 အား ပစ်လွှတ်ရာတွင်အသုံးပြုသည့် ဒုံးပျံအား တီထွင်ခဲ့သည်။


၁၉၆၀ ခုနှစ်တွင် သူ၏အဖွဲ့သားများသည် နာဆာသို့ ပြောင်းလဲအလုပ်လုပ်စေပြီး လကမ္ဘာသို့စေလွှတ်မည့် အပိုလို အာကာသယာဉ်များ၏ စေတန် ၅ ဒုံးပျံအား ကွပ်ကဲရန် အကြီးအမှူးအဖြစ် ခန့်အပ်ခံရသည်။[၅][၆] ၁၉၇၅ ခုနှစ်တွင် အမျိုးသားသိပ္ပံဆုကို လက်ခံရရှိခဲ့သည်။ သူသည် လူသားများ အင်္ဂါဂြိုဟ်သို့စေလွှတ်ရေး စီမံကိန်းကိုလည်း ထောက်ခံအားပေးသူဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Ivy Hill Cemetery, Alexandria, Virginia, Wilson, Scott. Resting Places: The Burial Sites of More Than 14,000 Famous Persons, 3d ed.: 2 (Kindle Location 48952). McFarland & Company, Inc., Publishers. Kindle Edition.
  2. Neufeld၊ Michael (2008)။ Von Braun: Dreamer of Space, Engineer of War (First ed.)။ Vintage Books။ pp. xv။ Although Wernher von Braun got a doctorate in physics in 1934, he never worked a day in his life thereafter as a scientist. He was an engineer and a manager of engineers, and he used that vocabulary when he was talking to his professional peers.
  3. Wernher von Braun: History's Most Controversial Figure?, Al Jazeera
  4. Wernher von Braun and the Nazis။ PBS (20 May 2019)။ 24 July 2019 တွင် ပြန်စစ်ပြီး။
  5. SP-4206 Stages to Saturn, Chapter 9။ history.nasa.gov။ 8 March 2015 တွင် ပြန်စစ်ပြီး။
  6. Biography of Wernher von Braun။ NASA Marshall Space Flight Center။ 22 September 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 January 2013 တွင် ပြန်စစ်ပြီး။