ဝါစဿရဗေဒ

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

ဝါစဿရဗေဒ (သို့) စကားသံလေ့လာမှုပညာ (အင်္ဂလိပ်: Phonology) သည် ဘာသာဗေဒ၏ ပညာရပ်ခွဲတစ်ခုဖြစ်၍ ဘာသာစကားများ (သို့) ဒေသယိစကားများသည် ၎င်းတို့၏ အသံများကို စနစ်တကျမည်သို့ စီစဉ်ထားသည်ကို လေ့လာခြင်းဖြစ်သည်။ သင်္ကေတအမူအရာပြ ဘာသာစကားများအတွက် သင်္ကေတများကို လေ့လာခြင်းဖြစ်ပေသည်။ ဝါစဿရဗေဒဟူသော ဝေါဟာရသည် ဘာသာစကားတစ်ခုခု၏ အသံစနစ်ကို ရည်ညွှန်းနိုင်သည်။ အတိတ်တစ်ချိန်တွင် ဤပညာရပ်သည် အပြောဘာသာစကားရှိ သံရင်းများ (phoneme) ၏ စနစ်ကို လေ့လာမှုဖြစ်ခဲ့သော်လည်း ယခု၌မူ

(က) အက္ခရာများပေါင်းစပ်ထားသော စကားလုံးတစ်လုံးထက်နိမ့်သော အနေအထား၌ ဘာသာဗေဒဆိုင်ရာ ခွဲခြမ်းစိတ်ဖြာလေ့လာခြင်း (အသံ (syllable ; ဝဏ္ဏ)၊ အသံအစ (onset)၊ အသံကာရန် (rime)၊ ဌာန် ကရိုဏ်းကျကျ ရွတ်ဆိုမှု၊ ဌာန် ကရိုဏ်းကျသည့် အင်္ဂါရပ်များ၊ အသံရှိန်... စသည်များ ပါဝင်သည်။)
(ခ) ဘာသာဗေဒဆိုင်ရာ အနက်အဓိပ္ပာယ်ကို ကူးပြောင်းပို့ဆောင်ရန် တည်ဆောက်ထားသော အသံ (သို့) သင်္ကေတအမူအရာတို့ဆိုင်သော ဘာသာစကားဆိုင်ရာ လေ့လာမှုများ[၁]

စသည်တို့ဖြစ်သည်။

သင်္ကေတအမူရာပြဘာသာစကားများတွင် အပြောဘာသာစကားများ၌ရှိသော အသံစနစ်နှင့် တူညီသည့် စနစ်များရှိကြသည်။ သင်္ကေတအမူရာပြဘာသာစကားများ၏ အခြေခံတည်ဆောက်ပုံများမှာ ရွေ့ရှား/လှုပ်ရှားမှု၊ နေရာအနေအထား၊ လက်ဟန်/ပုံစံတို့၏ အသေးစိတ်ဖော်ပြမှုများ ဖြစ်ကြသည်။[၂]

အသုံးအနှုန်း[ပြင်ဆင်ရန်]

စကားသံလေ့လာမှု (ပညာရပ်) (phonology) သည် ဘာသာစကားတစ်ခုခု၏ စကားသံ (အသံ) စနစ်ကို ရည်ညွှန်းနိုင်သည်။ ဝေါဟာရ၊ စကားလုံးဖွဲ့စည်းမှု၊ ဝါကျဖွဲ့စည်းမှု ကဲ့သို့သော ဘာသာစကားတစ်ခု၌ ပါဝင်သင့်သည့် အခြေခံစနစ်များထဲက တစ်ခုလည်းဖြစ်သည်။

စကားသံလေ့လာမှု (ဝါစဿရဗေဒ - phonology) သည် အသံထွက်လေ့လာမှု (သဒ္ဒဗေဒ - phonetics) နှင့် များသောအားဖြင့် ကွဲပြားမှုရှိသည်။ သဒ္ဒဗေဒ ခေါ် အသံထွက်ပညာရပ်သည် ရုပ်ပိုင်းဆိုင်ရာအရ (အသံ/အမူရာ) ထုတ်လုပ်ခြင်း၊ အသံကို ကူးပြောင်းပို့ဆောင်ခြင်း နှင့် စကားသံများကို သိနားလည်ခြင်း စသည်တို့နှင့်သက်ဆိုင်သည်။[၃][၄] စကားသံလေ့လာမှုသည်ကား ဘာသာစကားတစ်ခုအတွင်း (သို့) ဘာသာစကားများအကြား အသံသည် အနက်အဓိပ္ပာယ် ဖြစ်စေရန် (သို့) ပေါက်စေရန် ဆောင်ရွက်ပုံနည်းလမ်းကို ဖော်ပြပေးသည်။ ဘာသာဗေဒပညာရှင်များအတွက် အသံထွက်ပညာသည် "လက်တွေ့သရုပ်ဖော်ဘာသာဗေဒ" ဖြစ်၍ စကားသံလေ့လာမှုသည် "သဘောတရားဘာသာဗေဒ" ဖြစ်ပေသည်။ သို့သော်လည်း ဘာသာစကားတစ်ခု၏ စကားသံလေ့လာမှု (ဝါစဿရဗေဒ) စနစ်ကို ပြုစုရာတွင် သဘောတရားဆိုင်ရာ အခြေခံမူများကို အသံထွက်ပညာ (သဒ္ဒဗေဒ) ဆိုင်ရာ အထောက်အထား/အချက်လက်များ နှင့်ပတ်သက်၍ စနစ်တကျခွဲခြားပြသခြင်း၌ အသုံးချကြရသည်။ ရံခါ၌ ဤပညာရပ်နှစ်ခုကြား သိသာသော ကွဲပြားမှု မရှိချေ။ အထူးသဖြင့် ၂၀ရာစု အလယ်ပိုင်း၌ phoneme (သံရင်း) ဆိုသောစကားလုံး၏ ခေတ်သစ်အယူအဆ မဖြစ်ထွန်းခင်အထိ သိသိသာသာ ကွဲပြားမှုမရှိခဲ့ခြင်း ဖြစ်သည်။ ခေတ်သစ် စကားသံလေ့လာမှုပညာရပ်၏ အခွဲအချို့တွင် အသံထွက်လေ့လာမှုပညာရပ်နှင့် ကူးလူးဆက်သွယ်မှုများရှိရာ ဥပမာအားဖြင့် စိတ်ပိုင်းဘာသာဗေဒ (psycholinguistics) ၊ စကားသံ သိမြင်နားလည်းခြင်း (speech perception) စသည်များပါဝင်နေ၏။ ထို့ကြောင့်လည်း အကျိုးအားဖြင့် စကားသံထုတ်မှု ဝါစဿရဗေဒ (articulatory phonology) (သို့) ဓာတ်ခွဲခန်း ဝါစဿရဗေဒ (laboratory phonology) များဖြစ်ပေါ်လာခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. "Sign Language Phonology" (July 2018). Oxford Research Encyclopedia of Linguistics. doi:10.1093/acrefore/9780199384655.013.117. 
  2. Stokoe၊ William C. (1978) [1960]။ Sign Language Structure: An outline of the visual communication systems of the American deaf။ Department of Anthropology and Linguistics, University at Buffalo။ Studies in linguistics, Occasional papers။ 8 (2nd ed.)။ Silver Spring, MD: Linstok Press။
  3. Lass, Roger (1998)။ Phonology: An Introduction to Basic Concepts။ Cambridge, UK; New York; Melbourne, Australia: Cambridge University Press။ p. 1။ ISBN 978-0-521-23728-48 January 2011 တွင် ပြန်စစ်ပြီးPaperback ISBN 0-521-28183-0
  4. Carr, Philip (2003)။ English Phonetics and Phonology: An Introduction။ Massachusetts, USA; Oxford, UK; Victoria, Australia; Berlin, Germany: Blackwell Publishing။ ISBN 978-0-631-19775-18 January 2011 တွင် ပြန်စစ်ပြီးPaperback ISBN 0-631-19776-1