ဝပ်ဆင် (ကွန်ပျူတာ)

ဝီကီပီးဒီးယား မှ
Watson's avatar was inspired by the IBM "smarter planet" logo.[၁]

ဝပ်ဆင် (Watson) သည် အမေရိကန် ကွန်ပျူတာ ကုမ္ပဏီ IBM မှ လူတို့မှ သဘာဝကျကျ မေးမြန်းသော မေးခွန်းများကို ဖြေဆိုနိုင်ရန် တီထွင်ထားသည့် လူသားတို့၏ ဉာဏ်ရည်ကို စီစဉ်တုပထားသော ပရိုဂရမ် တစ်ခုဖြစ်သည်။[၂] IBM အား ထူထောင်ခဲ့သူ ထောမတ်စ် ဝပ်ဆင် (Thomas J. Watson) ကို အစွဲပြုကာ အမည်ပေးထားခြင်း ဖြစ်သည်။[၃] ဝပ်ဆင်ကို IBM ၏ DeepQA လေ့လာရေး ပရောဂျက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် တီထွင်ထားသည်။[၄] ယင်း ပရိုဂရမ်သည် POWER7 processor အခြေခံသည့် စနစ်ဖြင့် တွက်ချက်သည်။

ဝပ်ဆင်၏ အစွမ်းအစကို စမ်းသပ်သည့် အနေဖြင့် ၂၀၁၁ ခုနှစ် နှစ်ဦးပိုင်းတွင် အမေရိကန် Jeopardy! ခေါ် ဉာဏ်စမ်း အစီအစဉ်တစ်ခုတွင် ပါဝင် ယှဉ်ပြိုင်စေသည်။[၃] ဝပ်ဆင်နှင့် ယှဉ်ပြိုင်သူများမှာ ယင်းအစီအစဉ်တွင် ဆုကြေးအများဆုံး အနိုင်ရခဲ့ဖူးသူ Brad Rutter နှင့် အချိန်အကြာမြင့်ဆုံး ချန်ပီယံအဖြစ် စံချိန်တင်ထားသူ Ken Jennings တို့ ဖြစ်ကြသည်။ ရုပ်မြင်သံကြားမှ ထုတ်လွှင့်သည့် အစီအစဉ် ၃ ခု အနက် ၂ ခုတွင် ဝပ်ဆင်သည် ၎င်း၏ ပြိုင်ဖက် လူသားများကို အနိုင်ရခဲ့သည်။[၅][၆] ဝပ်ဆင်သည် ပထမဆု အမေရိကန်ဒေါ်လာ ၁ သန်း၊ Ken Jennings နှင့် Brad Rutter တို့က ၃ သိန်းနှင့် ၂ သိန်း အသီးသီး ရရှိခဲ့သည်။ Ken Jennings နှင့် Brad Rutter တို့က ယင်းတို့၏ ဆုကြေးတစ်ဝက်အား လှူဒါန်းမည်ဟု ဆိုပြီး IBM ကမူ ဝပ်ဆင်၏ ဆုငွေများအား ပရဟိတအဖွဲ့အစည်း ၂ ခုထံ ခွဲဝေလှူဒါန်းလိုက်သည်။ ဤပြိုင်ပွဲသည်လည်း Jeopardy! အစီအစဉ် သမိုင်းတလျှောက်တွင် လူသားနှင့် ကွန်ပျူတာ ပထမဦးဆုံးအကြိမ် ဉာဏ်ရည်ပြိုင်ကြခြင်း ဖြစ်သည်။[၇]

ကိုးကား[ပြင်ဆင်ရန်]

  1. YouTube ပေါ်ရှိ IBM Watson: The Face of Watson
  2. Smartest Machine on Earth Archived 17 February 2011 at the Wayback Machine. Retrieved 14 February 2011.
  3. ၃.၀ ၃.၁ Mike Hale။ "Actors and Their Roles for $300, HAL? HAL!"၊ The New York Times၊ February 8, 2011။ 
  4. The DeepQA Project။ Research.ibm.com။ 2011-02-18 တွင် ပြန်စစ်ပြီး။
  5. Markoff၊ John။ "Computer Program to Take On 'Jeopardy!'"၊ The New York Times၊ 2009-04-26။ 2009-04-27 တွင် ပြန်စစ်ပြီး 
  6. Loftus၊ Jack (2009-04-26)။ IBM Prepping Soul-Crushing 'Watson' Computer to Compete on Jeopardy!။ Gizmodo။ 2009-04-27 တွင် ပြန်စစ်ပြီး။
  7. IBM's "Watson" Computing System to Challenge All Time Greatest Jeopardy! Champions (2010-12-14)။ 2010-12-15 တွင် ပြန်စစ်ပြီး။