ဝင်္ကပါ (ကဗျာ)

ဝီကီပီးဒီးယား မှ

ဝင်္ကပါသည် ကလေးကဗျာကို အသက် ၂၂ နှစ်အရွယ်မှ စ၍ စိုက်တမတ်မတ် ဖွဲ့ဆိုလာသည့် စာဆိုကျော် မင်းသုဝဏ်၏ လက်ရာမွန်ကဗျာ ဖြစ်ပြီး၊ မောင်ခွေးဖို့ ကဗျာများ စာအုပ်တွင် ပါရှိသည်။ လေးပိုဒ် ပါပြီး၊ တပိုဒ်တွင် အချီအချ တစုံစီ ပါသည်။ ၇-၅ ပုံစံဖြင့် သီကုံးထားသော ကာရံညီ ကဗျာ ဖြစ်သည်။ [၁] သဘာဝအလှအပများဖြင့် ပြီးပြည့်စုံ နေကာ၊ ဇာလီ ကဏှာဇိန်တို့ မောင်နှမ ပျော်ရွှင်စွာ မှီကိုး နေထိုင်သည့်၊ ပညောင်ပင် အောက်ရှိ သမင်များ ပျော်ရာ ကျောင်းသင်္ခမ်းသို့ သွားရောက် လည်ပတ်ကြည့်ချင်လှပါသည်ဟု ကလေးသူငယ်များ စိတ်ဝယ် ကြည်နူး ဆွတ်ပျံ့လာအောင် ရေးဖွဲ့ထားပြီး၊ သန္တရသကို ခံစားရသည်။

စာသားနမူနာ[ပြင်ဆင်ရန်]

အေးရိပ်သာတဲ့ ပညောင်ညို
×× ××ချို။
×××× ××တွင်း
×× ××ဆင်း။
×××× ××ညီ
×××× စီ။
×××× ××ခမ်း
လူလေး သွားချင်စမ်း။

ကိုးကား[ပြင်ဆင်ရန်]

  1. မင်းသုဝဏ် (ဒီဇင်ဘာလ ၁၉၈၆, ပ-ကြိမ်)။ မောင်ခွေးဖို့ ကဗျာများ။ လောကစာပေ။ p. ၁၀။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)