ဝင်္ကန္တပြဇာတ်

ဝီကီပီးဒီးယား မှ

ဦးကြင်ဥ၏ ဝင်္ကန္တပြဇာတ်ကို လေ့လာရာ၌ တွေ့ရှိရသော စာများမှာ-

  1. ၁၂၃၄-ခုနှစ်၊ ဝါခေါင်လဆန်း(၅)ရက်နေ့တွင် ရေးကူးသော စာမူမှတဆင့် ၁၂၉၂-ခု တန်ဆောင်မုန်းလဆန်း (၃)ရက်နေ့ ည(၇)နာရီအချိန် အငြိမ်းစား သစ်တောဝန် စည်သူမောင်မောင်ကျော်နှင့် အဝေးရောက်မင်း ဦးအောင်ကြီးတို့ တည်းဖြတ်ကူးထားသော စာမူ၊
  2. ၁၂၃၄-ခု၊ ဝါခေါင်လဆန်း (၅)ရက်နေ့ ရေးကူးပုရပိုက်မူ။ မန္တလေးတက္ကသိုလ် ပိဋကတ်တိုက်၊
  3. ၁၂၃၇-ခု၊ ပြာသိုလ၊ မန္တလေးမြို့၊ ပြည်ကြီးကျက်သရေအရပ်၊ ရွှေကျီးမြင်ဘုရား တောင်မုခ်နှင့် တည့်တည့်၊ ရတနာပုံနေပြည်တော် သတင်းစာတိုက်၊ ဆရာကြီး ဦးကြင်ဥ ပြုစုစီရင်သော ဝင်္ကန္တဇာတ်ပုံ (ဆရာကြီးဦးလူဖေဝင်း ထံမှ ရသည့် လက်ရေးမူ)၊
  4. ဝေဠုဝတီကုမ္မာရီ အကြောင်းနှင့် ဝင်္ကန္တဇာတ် ဆယ်ကြောင်းပေ၊ –က— အစ –ဂေါ— အဆုံး ပေစာ၊ စစ်ကိုင်းမြို့ ဦးခင်မောင်ချစ်ထံမှ ရသည့်စာမူ၊
  5. ဦးကြင်ဥ ရေး ဝင်္ကန္တပြဇာတ်၊ ၁၃၀၁-ခု၊ ပြာသိုလ၊ ရန်ကုန်မြို့၊ ဝိဇယစာပုံနှိပ်တိုက်၊ အမှတ် ၂၆၉၊ ဘိုးလိန်းလမ်း၊ တာမွေစာတိုက်၊ ဆရာဦးစိုးလှိုင် ကြီးကြပ်ပြင်ဆင် ပုံနှိပ်သော စာအုပ် တို့ ဖြစ်လေသည်။

အကြောင်းအရာနှင့် ပတ်သက်၍[ပြင်ဆင်ရန်]

[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ဦးမောင်မောင်တင်(မဟာဝိဇ္ဇာ) ရေး၊ မြန်မာပြဇာတ်စာပေသမိုင်း၊ ၂၀၁၉-ခု (ဒုအကြိမ်)၊ ရာပြည့်စာအုပ်တိုက်၊ စာ-၂၆၆