မာတိကာသို့ ခုန်သွားရန်

ဦးဝင်း (သံအမတ်ကြီး)

ဝီကီပီးဒီးယား မှ
(ဝင်း၊ ဦး (သံအမတ်ကြီးဟောင်း) မှ ပြန်ညွှန်းထားသည်)
ဦးဝင်း
ဦးဝင်း၏ ပုံ
ကုလသမဂ္ဂဆိုင်ရာ
မြန်မာအမြဲတမ်းကိုယ်စားလှယ်
တာဝန်သက်တမ်း
၁၉၅၅  ၁၉၅၉
အမေရိကန်နိုင်ငံဆိုင်ရာ
မြန်မာသံအမတ်ကြီး
တာဝန်သက်တမ်း
၁၉၅၅  ၁၉၅၉
ကနေဒါနိုင်ငံဆိုင်ရာ
မြန်မာသံအမတ်ကြီး
တာဝန်သက်တမ်း
၉ အောက်တိုဘာ ၁၉၅၈  ၉ အောက်တိုဘာ ၁၉၅၉
ယခင်လူတာဝန်စတင်
ဆက်ခံသူစည်သူဦးအုံးစိန်
အိန္ဒိယနိုင်ငံဆိုင်ရာ
မြန်မာသံအမတ်ကြီး
တာဝန်သက်တမ်း
၁၉၄၇  ၁၉၄၈
ပြည်ထဲရေးဌာန
ဝန်ကြီး
တာဝန်သက်တမ်း
၁၉၄၉  ၁၉၅၅
ကာကွယ်ရေးဌာန
ဝန်ကြီး
တာဝန်သက်တမ်း
၁၈ စက်တင်ဘာ ၁၉၅၀  ၁၅ မတ် ၁၉၅၂
ယခင်လူဗိုလ်ချုပ် နေဝင်း
ဆက်ခံသူဦးဗဆွေ
အမျိုးသားစီမံကိန်း၊သာသနာရေး၊ယဉ်ကျေးမှု
ဝန်ကြီး
တာဝန်သက်တမ်း
၅ စက်တင်ဘာ ၁၉၅၃  ၁၇ စက်တင်ဘာ ၁၉၅၅ []
ယခင်လူ
  • ဗိုလ်ခင်မောင်လေး
    ပြည်ထဲရေးဌာနနှင့် ပြည်ထောင်စုယဉ်ကျေးမှုဌာန
ဆက်ခံသူ
  • ဦးထွန်းတင်
    ပညာရေးဌာနနှင့် ပြည်ထောင်စုယဉ်ကျေးမှုဌာန
ကိုယ်ရေး အချက်အလက်များ
မွေးဖွား၁၉၀၅
ဖူးကြီးရွာ၊ တိုက်ကြီးမြို့နယ်၊ အင်းစိန်ခရိုင်၊ ရန်ကုန်တိုင်း
ကွယ်လွန်၁၉၆၉
ဓနုရွာသထုံမြို့နယ်
နိုင်ငံရေးပါတီဖဆပလပြည်ထောင်စုပါတီ (ပထစ)
မိခင်ကျောင်းရန်ကုန်တက္ကသိုလ် (B.A., B.Ed., B.L.)
အလုပ်အကိုင်အထက်တန်းကျောင်းဆရာ၊ နိုင်ငံရေးသမား၊ သံအမတ်
ဆုတံဆိပ်များ

သတိုးမဟာသရေစည်သူ ဦးဝင်း (၁၉ဝ၅ - ၁၉၆၉) သည် မြန်မာနိုင်ငံ၏ ထင်ရှားသော သံအမတ်ကြီး နှင့် နိုင်ငံ ရေးသမား တစ်ဦးဖြစ်သည်။သူသည် ဖဆပလ အစိုးရအဖွဲ့ တွင် ပြည်ထဲရေးဌာန၊ ကာကွယ်ရေးဌာန၊ အမျိုး သားစီမံကိန်းဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဌာန အစရှိသည့် အရေးကြီးဌာနတို့၏ ဝန်ကြီးများအဖြစ် တာဝန်ယူခဲ့သည်။ထို့အပြင် အိန္ဒိယ၊အမေရိကန်၊ကနေဒါ နှင့် ကမ္ဘာ့ကုလသမဂ္ဂ တို့၏ မြန်မာသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်သည်။၁၉၆၆ ခုနှစ်နောက်ပိုင်းတွင် ဦးနု နှင့် ဗိုလ်လက်ျာတို့၏ တောခိုမှုအား ပူးပေါင်းရန် ထိုင်း-မြန်မာ နယ်စပ်သို့ ထွက်လာစဥ် လမ်းခရီးတစ်ဝက် သထုံမြို့နယ်၊ အလံတရာအနီး ဓနုရွာတွင် နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။[]

ငယ်စဉ်ဘဝ

[ပြင်ဆင်ရန်]

ဦးဝင်းကို ၁၉၀၅-ခုနှစ်တွင် အဖ ဦးအာရကား နှင့် အမိ ဒေါ်ဒေါ်မိုးတို့မှ ရန်ကုန်တိုင်းအင်းစိန်ခရိုင်တိုက်ကြီးမြို့နယ်၊ ဖူးကြီးကျေးရွာ ၌ မွေးဖွားခဲ့သည်။ မိဘများမှာ သစ်ကုန်သည် ဖြစ်သည်။ []ရန်ကုန်တက္ကသိုလ်မှ B.A., B.Ed. ဘွဲ့နှင့် B.L. ဘွဲ့များ ရရှိခဲ့ပြီးနောက် ၁၉၃ဝ ခုနှစ် မှ ၁၉၄၂ ခုနှစ် အထိ အင်းစိန်၊ မြောင်းမြ၊ မအူပင်မြို့များ၌ အထက်တန်း ကျောင်းဆရာအဖြစ် အမှုထမ်းခဲ့သည်။ ဂျပန်ခေတ် ၁၉၄၂ ခုနှစ်မှ ၁၉၄၄ ခုနှစ် အထိ အလုပ်သမားဌာန ၌ ဒု-ညွှန်ကြားရေးမှူးဝန်၊ ၁၉၄၅ ခုနှစ် မှ ၁၉၄၇ ခုနှစ် အထိ အလုပ်သမားအစည်းအရုံး (ဗမာနိုင်ငံ) T.U.C. (B) ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့သည်။

လွတ်လပ်ရေးအကြိုကာလ ၁၉၄၇-ခုနှစ်တွင် ဖက်ဆစ် ဆန့်ကျင်ရေး ပြည်သူ့ လွတ်မြောက်ရေး (ဖဆပလ) အဖွဲ့ချုပ်၏ ဖျာပုံမြို့နယ်တောင်ပိုင်း မဲဆန္ဒနယ်အတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရသည်။

ဗိုလ်ချုပ် အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများ လုပ်ကြံခံရပြီးနောက် သခင်နု ဦးဆောင်သော ဖဆပလ အစိုးရအဖွဲ့တွင် စက်မှုလက်မှုနှင့် အလုပ်သမားဌာနဝန်ကြီး နှင့် ဖဆပလ ဒု-ဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့နောက် လအနည်းငယ် အကြာ ၁၉၄၇ ခုနှစ် အောက်တိုဘာလတွင် လွတ်လပ်ရေး အကြိုကာလ အိန္ဒိယနိုင်ငံ မဟာမင်းကြီး (High Commissioner) အဖြစ် အိန္ဒိယနိုင်ငံသို့ သွားရောက် တာဝန်ထမ်းဆောင်ခဲ့ရသည်။ ၁၉၄၈-ခုနှစ် ၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးသောအခါ အိန္ဒိယနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီး ဖြစ်လာခဲ့သည်။

ဝန်ကြီး

[ပြင်ဆင်ရန်]

၁၉၄၉ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လာပြီး၊ ဖဆပလ အစိုးရအဖွဲ့တွင် ပြည်ထဲရေးဌာန၊ ကာကွယ်ရေးဌာန၊ အမျိုးသား စီမံကိန်းဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဌာန ဝန်ကြီးအဖြစ် ၁၉၅၅ ခုနှစ် အထိ လှည့်လည် တာဝန် ယူခဲ့သည်။ ၁၉၅၅ ခုနှစ်မှ ၁၉၅၉ ခုနှစ် အထိ အမေရိကန်ပြည်ထောင်စုဆိုင်ရာ မြန်မာ သံအမတ်ကြီး အဖြစ် လည်းကောင်း၊ ကနေဒါနိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီး အဖြစ် လည်းကောင်း[]၊ ကမ္ဘာ့ ကုလ သမဂ္ဂတွင် မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ် အဖြစ် လည်းကောင်း တာဝန် ထမ်းဆောင်ခဲ့သည်။

၁၉၆ဝ ပြည့်နှစ်၊ ရွေးကောက်ပွဲ အပြီးတွင် သန့်ရှင်း ဖဆပလကို ပြည်ထောင်စုပါတီ (ပထစ) အဖြစ် အမည်ပြောင်းလဲ ဖွဲ့စည်းသော အခါ ပါတီ အလုပ်အမှုဆောင် အဖွဲ့ဝင်နှင့် ဘဏ္ဍာထိန်း အဖြစ် တာဝန်ယူခဲ့သည်။ ၁၉၆၁ ခုနှစ် ပထစ အတွင်း 'ဦး-ဗိုလ်-သခင်' အကွဲ ဖြစ်သည့်အခါ ပါတီ အလုပ်အမှုဆောင် အဖွဲ့မှ အနားယူခဲ့သည်။

ထင်ရှားဖြစ်စဥ်

[ပြင်ဆင်ရန်]

၁၉၅၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်တွင် ပြည်သူ့လွှတ်တော် ပါလီမန်အမတ် ဒေါ်ခင်လှ(စမ်းချောင်း) သည် ပြည်ထောင်စု မြန်မာနိုင်ငံတော် အား ဗုဒ္ဓဘာသာနိုင်ငံတော် အဖြစ် အတိအလင်းကြေညာပေးပါရန် အဆိုတင်သွင်းခဲ့သည်။ပါလီမန်အမတ် ဗိုလ်ခင်မောင် က ထောက်ခံခဲ့သည်။

ထိုအဆိုကို ထိုစဥ်က သာသနာရေးဝန်ကြီးအဖြစ် ထမ်းဆောင်နေသည့် ဦးဝင်းသည် ကန့်ကွက်ခဲ့သည်။ထို့ကြောင့် အဆိုသည် ထိုအချိန်က အတည်မပြုနိုင်ခဲ့ပေ။သို့သော်လည်း ၁၉၆၁ ခုနှစ် ဩဂုတ်လ (၁၇)ရက်တွင် ဝန်ကြီးချုပ် ဦးနုသည် ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ အဖြစ် အသိအမှတ်ပြု ပြဋ္ဌာန်းရေး အက်ဥပဒေမူကြမ်း အဆိုတင်သွင်းခဲ့သည်။

၁၉၆၁ ခုနှစ် ဩဂုတ်လ (၂၆)ရက်တွင် ဗုဒ္ဓဘာသာသည် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေ၊ တတိယပြင်ဆင်ချက်အက်ဥပဒေအရ နိုင်ငံတော်ဘာသာအဖြစ် နိုင်ငံတော်သမ္မတ ဦးမန်းဝင်းမောင် က လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည်။[] ဤသို့ကြေညာမှုအပြီး မြန်မာနိုင်ငံအတွင်း တိုင်းရင်းသားများ၏ကွဲပြားမှုကို ဦးတည်စေခဲ့ပြီး ခရစ်ယာန်နှင့် အစ္စလာမ်အသိုင်းအဝိုင်းက ကန့်ကွက်ခဲ့ကြသည်။။[]

၁၉၆၂ တွင် ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သည့် စစ်တပ်က အာဏာသိမ်းယူခဲ့၍ ယခင် ၁၉၆၁ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေ၊ တတိယပြင်ဆင်ချက်ပါ နိုင်ငံတော်ဘာသာပြဋ္ဌာန်းချက်စသည်များကို ရုပ်သိမ်းခဲ့သည်။

ဂုဏ်ပြုချီးကျူးခံရခြင်း

[ပြင်ဆင်ရန်]

ဦးဝင်းအား မြန်မာနိုင်ငံ အစိုးရက 'သတိုးမဟာသရေစည်သူဘွဲ့' ကို လည်းကောင်း၊ ထိုင်းနိုင်ငံက 'ဆင်ဖြူတော်ဘွဲ့' ကို လည်းကောင်း ချီးမြှင့် ပေးအပ် ဂုဏ်ပြုခဲ့သည့် အပြင်၊ အမေရိကန် ပြည်ထောင်စုမှ တက္ကသိုလ်များကလည်း Doctor of Law နှင့် Doctor of Humanity ဂုဏ်ထူးဆောင် ပါရဂူဘွဲ့များ ပေးခဲ့သည်။

၂၀၂၃ ခုနှစ်၊မတ် ၂ ရက် တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ သည် ၎င်းအား ဝဏ္ဏကျော်ထင်ဘွဲ့ ချီးမြှင့်ခဲ့သည်။

ဘဝနိဂုံး

[ပြင်ဆင်ရန်]

၁၉၆၂ ခုနှစ် တွင် ဗိုလ်ချုပ်ကြီး နေဝင်း ဦးဆောင်သည့် စစ်တပ်သည် တိုင်းပြည်အာဏာသိမ်းပြီးနောက် ၁၉၆၃ ခုနှစ်၊ ဩဂုတ်လ ၉ ရက်နေ့မှ ၁၉၆၈ ခုနှစ် ဖေဖော်ဝါရီလ အထိ သူသည် စစ်အစိုးရ၏ ဖမ်းဆီး ချုပ်နှောင်ထားခြင်းကို ခံရသည်။ ဖမ်းဆီးခံထားရာမှ ပြန်လည် လွတ်မြောက်လာပြီးနောက် ၁၉၆၉ ခုနှစ်၊ ဒီဇင်ဘာလ အတွင်းတွင် ဒီမိုကရေစီ ပြန်လည် ထွန်းကားရေး ကြိုးပမ်းဆောင်ရွက်ရန် ထိုင်း-မြန်မာ နယ်စပ်သို့ ထွက်အလာ လမ်းခရီး သထုံမြို့နယ်၊ အလံတရာအနီး ဓနုရွာတွင်ပင် နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။

ပုဂ္ဂိုလ်ရေးဘဝ

[ပြင်ဆင်ရန်]

ဦးဝင်းသည် ဒေါ်မြမြဝင်းနှင့် လက်ထပ်ခဲ့ပြီး၊ သား ၃ ဦး နှင့် သမီးတစ်ဦး ထွန်းကားခဲ့သည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၌ တာဝန်ထမ်းဆောင်ခဲ့သော ဝန်ကြီး/ ပြည်ထောင်စုဝန်ကြီး သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန ၁၇ စက်တင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  2. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၇၇ / ၂၀၂၃ MWD Webportal (၂ မတ် ၂၀၂၃)။ ၁၇ စက်တင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  3. ဝန်ကြီးပြီးတော့ သူပုန်၊ သူပုန်ပြီးတော့ ဝန်ကြီး- မြန်မာ့နိုင်ငံရေး ဝင်္ကပါခရီး BBC (၂၄ ဧပြီ ၂၀၂၁)။ ၁၇ စက်တင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  4. ချစ်ကြည်ရေး ကြည်ညွန့် ရေး ဦးနု၊ ဦးလောရုံ အပေါင်းပါများနှင့် နယ်ချဲ့ဂိုဏ်း(ဒုတိယတွဲ) ၁၉၇၀-ခု၊ စက်တင်ဘာလ၊ ပကြိမ်၊ စာ-၁၃၈
  5. Myanmar and Canada Bilateral Relationship MYANMAR AMBASSY TO CANADA 1 July 2024 တွင် ပြန်စစ်ပြီး။
  6. ၁၉၆၁ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေ (တတိယပြင်ဆင်ချက်) အက်ဥပဒေ။ မြန်မာဥပဒေသတင်းအချက်အလက်စနစ် (၁၉၆၁ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်)။ 26 June 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၅ နိုဝင်ဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  7. N Ganesan; Kyaw Yin Hlaing (2007)။ Myanmar: State, Society and Ethnicity။ Institute of Southeast Asian Studies။ pp. 263–။ ISBN 978-981-230-434-6