ဝင်းမြင့် (ဒုတိယဗိုလ်ချုပ်ကြီး)

ဝီကီပီးဒီးယား မှ
အခြား အသုံးအနှုန်းများ အတွက် ဝင်းမြင့် ကို ကြည့်ပါ။

ဒုတိယဗိုလ်ချုပ်ကြီးဝင်းမြင့်သည် စစ်တက္ကသိုလ် အပတ်စဉ်(၂၀)သင်တန်းဆင်းဖြစ်သည်။ အမှတ်(၇၇)ခြေမြန်တပ်မ ဌာနချုပ် တပ်မမှူး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး တာဝန်များကို ထမ်းဆောင်ခဲ့ပြီး ယခုအခါတွင် စစ်ရာထူးခန့်ချုပ်တာဝန်ကို ထမ်းဆောင်လျက်ရှိသည်။ ဝင်းမြင့်၊ ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း) (၁၉၃၈-၂၀၁၆)။ ။ ဒုတိယဗိုလ်ချုပ်ကြီးဝင်းမြင့် (ငြိမ်း) ၊ စစ်ရေးချုပ် (ငြိမ်း)၊ နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး-၃ (ငြိမ်း)ကို ဦးဘမော်၊ ဒေါ် အေးယုံတို့က ၁၉၃၈ ခုနှစ်၊ မတ်လ ၃၀ ရက်တွင် မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ် ၊ ဒါးရဲကောင်းရွာ၌ မွေးဖွားသည် ။ ငယ်စဉ်က တက္ကသိုလ်ဝင်တန်းအထိ ပညာ သင်ယူခဲ့ပြီးနောက် ၁၄-၅-၁၉၅၆ ခုနှစ်တွင် တပ်မတော်သို့ဝင်ရောက်ကာ ဗိုလ်လောင်းသင်တန်း အမှတ်စဉ် ၂၈ သို့ တက်ရောက်သည် ။ ထို့နောက် ၃၀ ၈-၁၉၆၁ တွင် ပြန်တမ်းဝင်အမှတ် ကြည်း-၈၈၀၉ ဖြင့် ဒုတိယဗိုလ်ဖြစ်လာသည် ။ ဒုတိယဗိုလ်ချုပ်ကြီး ဝင်းမြင့်သည် စစ်လတ်အရာရှိသင်တန်း (၄ တပ်စုမှူး သင်တန်း (၂၉) သင်တန်း (၂ သင်တန်း (၉) ) ၊ ခြေလျင် ၊ တပ်တွင်းပညာပေး )၊ တပ်ခွဲမှူးအဆင့် အင်ဂျင်နီယာ ၊ ခြေလျင်တပ်ခွဲမှူးသင်တန်း (၄၉) ၊ တပ်ရေးဗိုလ်ကြီးသင်တန်း (၁၅ ပညာပေးသင်တန်း (၄၄ ) ၊ တိုင်းတပ်တွင်း ) နှင့် စစ်ဦးစီးတက္ကသိုလ် ။ သင်တန်း (၃၅) သို့ တက်ရောက်ခဲ့သည် ၁၉၆၁ မှ ၁၉၆၂ ခုနှစ်အထိ ခလရ (၂၂ ဒုတိယဗိုလ် ၊ ၁၉၆၂ မှ ၁၉၆၇ ခုနှစ်အထိ ဗိုလ် ) တွင် ၊ ၁၉၆၇ မှ ၁၉၆၈ ခုနှစ်အထိ ဗိုလ် (ဗိုလ်ကြီး) ၊ ၁၉၆၈ မှ ၁၉၇၄ ခုနှစ်အထိ ခလရ (၂၂ ) ၌ပင် ဗိုလ်ကြီး၊ ၁၉၇၂ မှ ၁၉၇၆ ခုနှစ်အထိ ဗိုလ်ကြီး (ဗိုလ်မှူး) ၊ ၁၉၇၆ မှ ၁၉၈၁ ခုနှစ် အထိ ဗိုလ်မှူး၊ ၁၉၈၁ မှ ၁၉၈၅ ခုနှစ်အထိ ဒုတိယဗိုလ်မှူးကြီး ၊ ၁၉၈၅ မှ ၁၉၉ဝ ပြည့်နှစ်အထိ ဗိုလ်မှူးကြီး ၁၉၉ဝ မှ ၁၉၉၃ ခုနှစ်အထိ ဗိုလ်မှူးချုပ် ၁၉၉၆ ခုနှစ်အထိ ဗိုလ်ချုပ် ၊ ၊ ၁၉၉၃ မှ ၊ ၁၉၉၆ မှ ၂၀၀၁ ခုနှစ်အထိ ဒုတိယဗိုလ်ချုပ်ကြီးအဖြစ် စစ်ရေးချုပ်တာဝန်ကို ထမ်းဆောင်ခဲ့သည် ။ ထို့နောက် နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအတွင်းရေးမှူး (၃) အဖြစ် ၉-၁၁- ၂၀၀၁ ခုနှစ်အထိ တာဝန်ထမ်းဆောင် ခဲ့သည် ။ စစ်ရေးချုပ် (ငြိမ်း) ၊ နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအတွင်းရေးမှူး (၃ ) (ငြိမ်း)ဒုတိယဗိုလ်ချုပ်ကြီးဝင်းမြင့်သည် အသက် ၈ဝ နှစ်အရွယ် ၂၀၁၆ ခုနှစ်ဖေဖော်ဝါရီလ ၆ ရက်တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်ခင်ချိုဦးနှင့် သားသမီး သုံးဦး၊ မြေး ငါးဦး ကျန်ရစ် သည် ။

                                          ၂၀၁၇မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ်