မာတိကာသို့ ခုန်သွားရန်

ဝင်းမာလေး

ဝီကီပီးဒီးယား မှ
ဝင်းမာလေး
မွေးဖွားဒေါ်ရင်စိန်
(1945-10-23) ၂၃ အောက်တိုဘာ၊ ၁၉၄၅ (အသက် ၇၉)
ဥက္ကံဗြိတိသျှဘားမား
အလုပ်အကိုင်ယဉ်ကျေးမှုကဇာတ်ဌာန
တက်ကြွလှုပ်ရှားနှစ်များ၁၉၆၂-၁၉၈၀
မိဘ(များ)ဦးစောမောင်၊ ဒေါ်အေးကြည်

ဝင်းမာလေး (၁၉၄၅ ဖွား) []သည် အဆိုတော် တစ်ဦးဖြစ်သည်။ သူသည် ရေဒီယိုဓာတ်ပြားခေတ် အတွင်း ထင်ရှားသူ ဖြစ်ခဲ့သည်။ အဆိုတော် နွဲ့ယဉ်ဝင်း၊သန်းထွန်းလေး၊တင်ဦးလေး တို့နှင့် ခေတ်ပြိုင် ကျော်ကြားသည်။[]

တိုက်ကြီးမြို့နယ် ၊ ဥက္ကံမြို့တွင် မွေးဖွားသည်။ငယ်ရွယ်စဉ် ပညာရေး ကို မွေးရပ် မှာပင် သင်ကြားသည်။ယင်းနောက် ၁၉၅၈ ခုနှစ် တွင် ရန်ကုန်မြို့ ရှိ ပန်တျာကျောင်း တက်ကာ ၁၉၆၁ ခုနှစ် တွင် ကျောင်းပြီးသည်။ ၁၉၆၂ ခုနှစ် တွင် ယဉ်ကျေးမှု ကဇာတ်ဌာန တွင် အလုပ်ဝင်သည်။

အဆိုတော်ဘဝ

[ပြင်ဆင်ရန်]

ပန်တျာကျောင်းတက်နေစဉ် ၁၉၆၀ ခုနှစ် သူ၏ ပထမဆုံးသီချင်းဖြစ်သည့် “ ငယ်ကျွမ်းကိုလွမ်းသည်” ဆိုသည့် သီချင်းကို သီဆိုအသံသွင်းခဲ့သည်။တစ်ကြိမ်ထဲနှင့် ပထမဆုံး မြန်မာ့အသံ ဓာတ်ပြားရသည်။ယင်းနောက် တေးသီချင်းများ ဆက်လက် သီဆိုသည်။အဆိုတော်သက်တမ်းတစ်လျှောက် တေးသီချင်း ၅၀ ကျော် သီဆိုခဲ့သည်။မြန်မာသံတေးသီချင်း နှင့် ရေဒီယိုတေးသီချင်း နှစ်သက်သူများကြား ရေပန်းစားခဲ့သည်။ သူမသည် အောင်မြင်နေဆဲ ကာလ ၁၉၈၀ ခုနှစ် အရောက်တွင် တေးသီချင်းသီဆိုမှုအား ရပ်နားခဲ့သည်။

မိသားစုဘဝ

[ပြင်ဆင်ရန်]

သူသည် အိမ်ထောင်သည်တစ်ဦး ဖြစ်ပြီး သားသမီး ၄ဦး ရှိသည်။

ထင်ရှားသည့် တေးသီချင်းများ

[ပြင်ဆင်ရန်]
  • မြန်မာ့ရွှေဗဟိုရ်စည်
  • ပန်းကောက်တေး
  • ရွှင်လန်းချမ်းမြေ့ပါစေ
  • စာမေးပွဲအောင်သောနေ့( ဝင်းမာလေး+ချိုမာလေး)
  • မေတ္တာနဲ့ သစ္စာလဲမယ်
  • မောင့်ထာဝရ
  • အမှတ်မထင်သံယောဇဉ်
  • ဆယ်နှစ်လောက်က သူငယ်ချင်း
  • မောင်လာမယ်ဆိုလို့

ကိုးကား

[ပြင်ဆင်ရန်]
  1. ဝင်းမာလေး ရေဒီယိုသီချင်း (စီးရီး)YouTube channel။ 4 December 2023 တွင် ပြန်စစ်ပြီး။
  2. ဂုဏ်ယူမဆုံးပြန် မြန်မာ့အသံMWD Webportal (ဖေဖော်ဝါရီ ၂၀၂၁)။ ၄ ဒီဇင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။