ဝင်းဇော်
ပုံပန်းသွင်ပြင်
ဦးဝင်းဇော် | |
---|---|
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် ၃ ဖေဖော်ဝါရီ ၂၀၁၆ | |
မဲဆန္ဒနယ် | ကချင်ပြည်နယ် မဲဆန္ဒနယ် ၇ |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | နန့်မွန်းရွာ၊ မိုးညှင်းမြို့နယ်၊ ကချင်ပြည်နယ် | ၁၂ မေ၊ ၁၉၈၂
လူမျိုး | မြန်မာ |
နိုင်ငံရေးပါတီ | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် |
မိဘ | ဦးသန်းညွန့် ဒေါ်ခင်ရွှေ |
အလုပ်အကိုင် | နိုင်ငံရေးသမား |
ဦးဝင်းဇော် (၁၂ မေ ၁၉၈၂ မွေးဖွား) သည် မြန်မာနိုင်ငံသား နိုင်ငံရေးသမားနှင့် ပန်းချီဆရာ တစ်ဦး ဖြစ်သည်။ လက်ရှိတွင် အမျိုးသားလွှတ်တော်တွင် ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၇ ကိုယ်စားပြု၍ လွှတ်တော် ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။ သူသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်ဖြစ်သည်။ [၁]
ငယ်ဘဝနှင့်ပညာရေး
[ပြင်ဆင်ရန်]ဦးဝင်းဇော်အား ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန့်မွန်ကျေးရွာတွင် မွေးဖွားခဲ့သည်။ အမျိုးသားယဉ်ကျေးမှုတက္ကသိုလ် (မန္တလေး) မှ ဝိဇ္ဇာဘွဲ့ (ပန်းချီ)၊ PGDA-Painting ဖြင့် ဘွဲ့ရရှိခဲ့သည်။ သူသည်သူ၏နေထိုင်မှုအတွက် ပန်းချီဆရာအဖြစ် လုပ်ကိုင်ခဲ့သည်။
နိုင်ငံရေး
[ပြင်ဆင်ရန်]သူသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်ဖြစ်သည်။ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် သူသည် ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ် ၇ မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရသည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ MP profile (in my)။ Pyidaungsu Hluttaw။ 20 March 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 February 2018 တွင် ပြန်စစ်ပြီး။