လှဖေ (ကာတွန်း)
ပုံပန်းသွင်ပြင်
မြန်မာကာတွန်းဆရာတစ်ဦးဖြစ်သူ ကာတွန်းဦးလှဖေကို (၁၉၄၁)ခုနှစ်၊ ဧပြီလ (၇)ရက်တွင် မွေးဖွားခဲ့သည်။ အဖ ဦးဘသောင်း၊ အမိ ဒေါ်ပုတို့၏ သားဖြစ်သည်။ ဟင်္သာတခရိုင်၊ ကြံခင်းမြို့ဇာတိ ဖြစ်သည်။ ကာတွန်းပညာကို ကာတွန်းဦးဘထွေး၊ ကာတွန်းဦးဖေသိန်း၊ ကာတွန်းဦးမောင်စိန်တို့၏လက်ရာများကို မြင် ဆရာအဖြစ် လေ့လာလေ့ကျင့်ဆည်းပူးခဲ့သည်။ (၁၉၆၉)ခုနှစ်၊ လုပ်သားသတင်းစာတွင် ကာတွန်းစတင် ရေးဆွဲ သည်။ ယနေ့ထိ စာနယ်ဇင်းများတွင် ကာတွန်းများ ရေးဆွဲလျက် ရှိသည်။ ထင်ရှားသော ကာတွန်းဇာတ်ကောင်မှာ စက်ရုပ်ကြီးလောရှည် ဖြစ်သည်။ [၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ကာတွန်းဝင်းအောင်၏ မြန်မာကာတွန်းပေါင်းချုပ်