လျှပ်စစ်စွမ်းအား အင်ဂျင်နီယာ ဘာသာရပ်

ဝီကီပီးဒီးယား မှ
လျှပ်စစ်ထုတ်လုပ်ရာ တာဘိုင်စက်

လျှပ်စစ်စွမ်းအား အင်ဂျင်နီယာသည် လျှပ်စစ်အင်ဂျင်နီယာ၏ ဘာသာရပ်ခွဲဖြစ်သည်။လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း၊ထုတ်လွှတ်ခြင်း၊ဖြန့်ဖြူခြင်းနှင့် အသုံးချခြင်းဆိုင်ရာဘာသာရပ်နှင့်ထိုလုပ်ငန်းများနှင့်ဆိုင်​သော ပစ္စည်းများကို လျှပ်စစ်စွမ်းအား အင်ဂျင်နီယာနယ်ပယ်ဟု​ခေါ်သည်။

သမိုင်း​ကြောင်း[ပြင်ဆင်ရန်]

နယူး​ယောက်မြို့၏ ပထမဆုံး​ရေ​နွေး​ငွေ့တာဘိုင်ဖြင့်လည်​သော လျှပ်စစ်စက်ရုံ ပုံကြမ်း

၁၇ရာစုတွင် လျှပ်စစ်စွမ်းအားမှာ သိပ္ပံပညာ၏ စိတ်ဝင်စားမှုခံရ​သော ဘာသာရပ်ဖြစ်လာသည်။​နောက် ၂ရာစုအတွင်း လျှပ်စစ်မီးသီးတီထွင်မှု၊ volraic pile (ဘက်ထရီ) တီထွင်မှု စသည့်အ​ရေးပါ​သော တီထွင်မှုများ​ပေါ်​​ပေါက်လာသည်။[၁][၂] လျှပ်စစ်စွမ်းအားအင်ဂျင်နီယာနှင့် ပက်သက်၍ အကြီးမားဆုံးအ​ပြောင်းအလဲမှာ မိုက်ကယ်ဖာရာ​ဒေး၏​တွေ့ရှိမှုဖြစ်သည်။၁၈၃၁ခုနှစ်တွင် Electromagnetic induction ဟု​ခေါ်​သော လျှပ်ထုတ်စက်(generator)၊transformer များအလုပ်လုပ်ပုံကိုရှင်းလင်းနိုင်မည့် နိယာမတစ်ခုဖြစ်သည်။[၃]

၁၈၈၁တွင် လျှပ်စစ်ပညာရှင် ၂ဦးမှ အင်္ဂလန်နိုင်ငံ၊ဂိုဒမင်းတွင် ပထမဆုံး လျှပ်စစ်ထုတ်စက်ရုံကိုတည်​ဆောက်ခဲ့သည်။ ထိုစက်ရုံတွင် ​ရေအားဖြင့်လည်​သောဘီး ၂ခုဖြင့် ပြန်လှန်လျှပ်စီး(​alternating current)ကိုထုတ်လုပ်ကာ  လျှပ်စစ်မီးအိမ်(arc lamp) ၇ခုနှင့် Incandescent light bulb ၃၄ခုကိုလင်း​စေခဲ့သည်။[၄] သို့​သော် ပြတ်​တောင်းပြတ်​တောင်း ဖြစ်ခဲ့သည်။ ၁၈၈၂တွင် အက်ဒီစင်နှင့် သူ၏ကုမ္ပဏီဖြစ်​သော The Edison Electric Light Company ကနယူး​ယောက်မြို့ ၊ပုလဲလမ်းတွင် ​ရေ​နွေး​ငွေ့သုံး လျှပ်စစ်ထုတ်စက်ရုံ​ဆောက်ခဲ့သည်။ ထိုစက်ရုံတွင် လျှပ်ထုတ်စက်(generators)များစွာရှိပြီး သုံးစွဲသူ ၅၉​ယောက်အတွက် ​ပေးနိုင်ခဲ့သည်။[၅][၆] ထိုစက်ရုံက တိုက်ရိုက်လျှပ်စီးကို သုံးခဲ့သည်။

ထိုနှစ်တွင်ပင် လန်ဒန်တွင်  Lucien Gaulard နှင့် John Dixon Gibbsတို့မှ လျှပ်စစ်စနစ်တွင်သုံးနိုင်မည့် transformerကို​​ဖော်ပြခဲ့သည်။

လျှပ်စစ်စွမ်းအား[ပြင်ဆင်ရန်]

လျှပ်ထိပ်​ခေါင်းကိုဖြတ်၍ လျှပ်စစ်ထုတ်လွှတ်ရာလိုင်းများ

လျှပ်စစ်စွမ်းအား အင်ဂျင်နီယာတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း၊ထုတ်လွှတ်ခြင်း၊ဖြန့်ဖြူခြင်းနှင့် အသုံးချခြင်းဆိုင်ရာဘာသာရပ်နှင့်ထိုလုပ်ငန်းများနှင့်ဆိုင်​သော ပစ္စည်းများပါဝင်သည်။ ထိုအထဲတွင် transformersများ၊လျှပ်ထုတ်စက်များ(generators)၊​မော်တာများစသည်တို့ပါဝင်သည်။

လျှပ်စစ်စွမ်းအား အင်ဂျင်နီယာများသည် လျှပ်ထိပ်​ခေါင်းကိုမဆက်ထား​သော​နေရာတွင်လည်းလုပ်ကိုင်ရသည်။

နယ်ပယ်[ပြင်ဆင်ရန်]

လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းသည် ​နေရာ​ရွေးချယ်ခြင်း၊ပုံစံ​ရေးဆွဲ၍တည်​ဆောက်ခြင်း၊ပစ္စည်းများတပ်ဆင်ခြင်း၊စွမ်းအင်​ပြောင်းလဲခြင်း(စွမ်းအင်တစ်ခုမှ လျှပ်စစ်စွမ်းအင်)တို့ပါဝင်သည်။

လျှပ်စစ်စွမ်းအားထုတ်လွှတ်ခြင်းတွင် ဗို့အား​ပြောင်းလဲခြင်း၊ခွဲရုံများသို့အထိုင်ချခြင်း စသည်တို့ပါဝင်သည်။

လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်းတွင် ခွဲရုံများမှ မြို့၊ရွာများရှိ သုံးစွဲသူများ၏အိမ်သို့သွယ်တန်းခြင်းတို့ပါဝင်သည်။

လျှပ်စစ်စနစ်ကာကွယ်​ရေးမှာ လျှပ်စစ်စနစ်၏ တစ်​နေရာရာတွင် ယိုယွင်းမှုများကို ရှာ​ဖွေ၊ပြင်ဆင်​ခြင်းများပါသည်။

စီမံကိန်းများတွင် လျှပ်စစ်စွမ်းအား အင်ဂျင်နီယာများအ​နေဖြင့် အခြား​သောနယ်ပယ်အင်ဂျင်နီယာများ(မြို့ပြ၊စက်မှု)စသည်တို့ဖြင့်ပူးတွဲလုပ်​ဆောင်ရသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. The History Of The Light Bulb။ Net Guides Publishing, Inc. (2004)။ 2 October 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2007-05-02 တွင် ပြန်စစ်ပြီး။
  2. Greenslade၊ Thomas။ The Voltaic Pile။ Kenyon College။ 12 October 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2008-03-31 တွင် ပြန်စစ်ပြီး။
  3. Faraday Page။ The Royal Institute။ 2008-03-29 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2008-03-31 တွင် ပြန်စစ်ပြီး။
  4. Godalming Power Station။ Engineering Timelines။ 2009-05-03 တွင် ပြန်စစ်ပြီး။
  5. Williams၊ Jasmin။ "Edison Lights The City"၊ New York Post၊ 2007-11-30။ 2008-03-31 တွင် ပြန်စစ်ပြီး 
  6. Grant၊ Casey။ The Birth of NFPA။ National Fire Protection Association။ 2007-12-28 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2008-03-31 တွင် ပြန်စစ်ပြီး။