လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း
လျှပ်စစ်ထုတ်ဖော်ခြင်းသည် ရင်းမြစ်တစ်ခုမှလျှပ်စစ်ဓာတ်ကိုရယူသည့်အဆင့်ဖြစ်သည်။ လျှပ်စစ်အင်ဂျင်နီယာဘာသာရပ်မှ ထုတ်ဖော်ခြင်း၊သယ်ယူခြင်း၊ဖြန့်ဖြူးခြင်း(Generation,Transmission and Distribution) တွင် ထုတ်ဖော်ခြင်းအပိုင်းဖြစ်သည်။ ပြည်သူများထံလျှပ်စစ်ဓာတ်အားပို့ဆောင်ခြင်း၏ ပထမဆုံးအဆင့်ဖြစ်သည်။
လျှပ်စစ်ဆိုသည်မှာ သဘာဝတွင် အလိုအလျောက်တည်ရှိသော ရင်းမြစ်မဟုတ်ဘဲဖော်ထုတ်ရသည်။ ထုတ်လုပ်ခြင်းကို လျှပ်စစ်ထုတ်လုပ်ရုံများ(power plants)များတွင်ထုတ်လုပ်သည်။ ထုတ်လုပ်ရုံအမျိုးမျိုးရှိသည်။ဥပမာ~ရေအားလျှပ်စစ်၊ လေစွမ်းအင် စသည်တို့ဖြစ်သည်။ များသောအားဖြင့် လျှပ်စစ်ကို လျှပ်စစ်ထုတ်လုပ်ရုံရှိ စက်ကြီး(electromechanical generators)များကို ရေအား၊ လေအား၊ နယူးကလီယားဖြင့်အပူပေးခြင်းတို့ဖြင့် လည်ပတ်စေကာ ရရှိသည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]အခြေခံအချက်အလက်များကို ၁၈၂၀~၁၈၃၀ အစောပိုင်းတွင် ဗြိတိသျှပညာရှင် မိုက်ကယ်ဖာရာဒေး မှ လေ့လာတွေ့ရှိခဲ့သည်။
၁၈၇၀တွင် ဟိုက်ဒရောလစ်တာဘိုင်များကို ဒိုင်နမိုနှင့် ချိတ်ဆက်ကာ လျှပ်စစ်ထုတ်လာသည်။
ပထမဆုံး လျှပ်စစ်ထုတ်လုပ်ရုံကို ရေအားနှင့် ကျောက်မီးသွေးအားများဖြင့် ထုတ်ခဲ့သည်။ ယနေ့အချိန်တွင် ကျောက်မီးသွေး၊ နယူးကလီးယား၊ သဘာဝဓာတ်ငွေ့၊ ဆီ၊ ရေအား၊ လေအား၊ ဒီရေအား၊ ဆိုလာစွမ်းအင်များဖြင့် ထုတ်လုပ်နေကြသည်။
လျှပ်စစ်ထုတ်လုပ်ခြင်းနည်းလမ်းများ
[ပြင်ဆင်ရန်]
စက်ကြီးများ(Generators)
[ပြင်ဆင်ရန်]လျှပ်စစ်ထုတ်လုပ်ရာ ဂျန်နရေတာများမှာ K.Eကို လျှပ်စစ်အဖြစ်ပြောင်းသည်။ ဤနည်းလမ်းမှာဖာရာဒေးနိယာမ ကို အခြေခံကာလျှပ်စစ်ထုတ်လုပ်ခြင်း၏ အများဆုံးသုံးသော နည်းဖြစ်သည်။
လျှပ်စစ်ဓာတု
[ပြင်ဆင်ရန်]လျှပ်စစ်ဓာတုသည် ဓာတုစွမ်းအင်မှ လျှပ်စစ်စွမ်းအင်ကို တိုက်ရိုက်ပြောင်းပေးသည်။(ဥပမာ~ဘက်ထရီ)ထိုနည်းကို မိုဘိုင်းပစ္စည်းများတွင်သုံးသည်။
လျှပ်စစ်ထုတ်လုပ်ခြင်း၏စီးပွားရေးများ
[ပြင်ဆင်ရန်]လျှပ်စစ်ဓာတ်ရောင်းချခြင်းသည် နေရာနှင့်အလိုက်ပြောင်းလဲနိုင်သည်။ ရေအားလျှပ်စစ်၊နယူးကလီးယား စသည့် လျှပ်စစ်ထုတ်လုပ်ရုံများကို ဒေသအလိုက်ရွေးချယ်ကြသည်။
အပူစွမ်းအင်သုံးစက်ရုံများကို စက်ရုံအလုပ်ရုံထူထပ်ရာဒေသများတွင် တွေ့နိုင်သည်။ နယူးကလီးယားစက်ရုံများမှာ လျှပ်စစ်ဝပ်ပေါင်းများစွာထုတ်နိုင်သော်လည်း ဂျပန်သဘာဝဘေးအန္တရာယ်ဖြစ်ပြီးနောက် စိုးရိမ်စရာဖြစ်လာသည်။
ထုတ်လုပ်ရာစက်များ
[ပြင်ဆင်ရန်]တာဘိုင်
[ပြင်ဆင်ရန်]လျှပ်စစ်ထုတ်လုပ်ရာစက်ရုံတိုင်း တာဘိုင်မှထုတ်လုပ်သည်။ ထိုတာဘိုင်ကို ရေအား၊ လေအား၊ အပူအား စသည်ဖြင့် လည်ကြသည်။ ထိုမှတစ်ဆင့် စက်စွမ်းအင်မှ လျှပ်စစ်စွမ်းအင်ရရှိသည်။
- ရေနွေးငွေ့
- ကျောက်မီးသွေးကို အသုံးပြုကာ ရေကိုဆူပွက်စေခြင်းဖြင့် လျှပ်စစ်ဓာတ်ထုတ်လုပ်သည်။ လျှပ်စစ်ထုတ်လုပ်ခြင်း၏ ၄၁%မှာ ဤနည်းလမ်းဖြင့် ထုတ်လုပ်သည်။[၁]
- Nuclear fission heat created in a nuclear reactor creates steam. Less than 15% of electricity is generated this way.
- Renewables. The steam is generated by Biomass, Solar thermal energy where solar parabolic troughs and solar power towers concentrate sunlight to heat a heat transfer fluid, which is then used to produce steam, or Geothermal power.
- Natural gas: turbines are driven directly by gases produced by combustion. Combined cycle are driven by both steam and natural gas. They generate power by burning natural gas in a gas turbine and use residual heat to generate steam. At least 20% of the worlds electricity is generated by natural gas.
- Water Energy is captured from the movement of water. From falling water, the rise and fall of tides or ocean thermal currents. Each driving a water turbine to produce approximately 16% of the world's electricity.
- The windmill was a very early wind turbine. In a solar updraft tower wind is artificially produced. Before 2010 less than 2% of the worlds electricity was produced from wind.
ဂျန်နရေတာများ
[ပြင်ဆင်ရန်]လျှပ်စစ်ဂျန်နရေတာများသည် တာဘိုင်လည်ပြီးနောက် လျှပ်စစ်ထွက်လာသည်။
မြန်မာပြည်နှင့်လျှပ်စစ်ဓာတ်အား
[ပြင်ဆင်ရန်]မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်သည် အခြေခံလိုအပ်ချက်တစ်ခုဖြစ်သည်။ လျှပ်စစ်ကို ရေအားမှ အဓိက ထုတ်လုပ်သည်။ အစောဆုံးသော ရေအားလျှပ်စစ်စက်ရုံမှာ ကယားပြည်နယ်၊ လွိုင်ကော်မြို့အနီးရှိ လောပိတရေအားလျှပ်စစ်စက်ရုံ အမှတ်(၂)ဖြစ်သည်။ လက်ရှိတွင် အကြီးဆုံးသောစက်ရုံမှာ မန္တလေးတိုင်း၊ မန္တလေးမြို့အရှေ့တောင်ဘက်ရှိ ရဲရွာရေအားလျှပ်စစ်စက်ရုံဖြစ်သည်။ ရေအားလျှပ်စစ်နှင့်ပက်သက်၍ ပတ်ဝန်းကျင်ဆိုင်ရာ အတွက်ကန့်ကွက်မှုများဖြစ်သော မြစ်ဆုံဆည်တည်ဆောက်မှုနှင့် သံလွင်မြစ်ရှိဆည်များ တည်ဆောက်ခြင်းအတွက် ကန့်ကွက်နေမှုများလည်းရှိသည်။