လေးကျွန်းရန်အောင် ဖောင်တော်ဦးစေတီ

ဝီကီပီးဒီးယား မှ

လေးကျွန်းရန်အောင်ဖောင်တော်ဦးစေတီသည် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တောင်ဘက်တွင် တည်ရှိသည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

လေးကျွန်းရန်အောင် ဖောင်တော်ဦးစေတီတော် ကျောက်စာအရ ခရစ်နှစ် ၁၁၁၅ တွင် ပုဂံပြည့်ရှင် အလောင်းစည်သူမင်း သီဟိုဠ်နှင့် မဇ္ဈိမဒေသသို့အသွား ခရီးတစ်ထောက် နားခိုက်တွင် တည်ထားခဲ့သည်။ ကိုးတောင်ပြည့်စေတီဖြစ်ပြီး၊ ဖောင်တော်ဦး ဘွဲ့မည်တွင်သည်။ ခရစ်နှစ် ၁၉၃၉ တွင် မဟာဗောဓိဆရာတော် ဦးနန္ဒိယ ဦးစီးပြီး အလောင်းစည်သူမင်းကြီး၏ ကုသိုလ်တော် မူလစေတီကို လိုဏ်ဂူအတွင်းထားကာ လုံးဝန်းသော သဏ္ဌာန်နှင့် တဝဂူစေတီ တည်ထားသည်။ ဉာဏ်တော် အမြင့်မှာ ၁၆၂ ပေ ဖြစ်၍ စေတီတော် အတွင်း၌ အတွင်းလိုဏ် ပတ်လမ်းကိုပတ်ပါက ပုဂံခေတ်မှ ရတနာပုံခေတ်အထိ ခေတ်လေးခေတ်မှ တင်ပလ္လင်ခွေ ရုပ်ပွားတော်ကြီး လေးဆူကိုလည်း ခေတ်ပြောင်းလဲမှုအလိုက် လေ့လာနိုင်သည်။ ထို့နောက် အထက်ပစ္စယံသို့ တက်ရောက်ဖူးမြော်လျှင် ရာဇမုနိ၊ လာဘမုနိ၊ အဘယမုနိ စသည့် ကြေးသွန်းမုနိတော် လေးဆူကိုလည်း ထူးခြားစွာ တွေ့ရှိနိုင်သည်။ စေတီတော်ပရိဝုဏ်ရှိ ဝိဟာရဒေဝီ နှင့် မောင်တော် ဗြဟ္မဒေဝီတို့၏ ရေကန်နှစ်ကန်ကို အစွဲပြုပြီး ရေကြည်ရေနောက် ဘုရားဟု လူသိများခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]