လောလီတာ (၁၉၉၇ ရုပ်ရှင်)

ဝီကီပီးဒီးယား မှ

လောလီတာ (အင်္ဂလိပ်: Lolita) သည် ၁၉၉၇ ခုထုတ် အမေရိကန်-ပြင်သစ် အချစ်ဇာတ်ကား ဖြစ်သည်။ အက်ဒရီယန်လိုင်း (Adrian Lyne) ရိုက်ကူးပြီး စတီဖင်ဆစ် (Stephen Schiff) ဇာတ်ညွှန်းရေးသည်။ ဗလာဒီမာ နာဘိုကော့ (Vladimir Nabokov) ၏ ဝတ္ထုအား ဒုတိယအကြိမ်မြောက် အသက်သွင်းခြင်း ဖြစ်သည်။

အမေရိကားတွင် ဖြန့်မည့်သူ ရှာရသေးသောကြောင့် ဥရောပတွင် ဦးစွာ ရုံတင်သည်။ ထို့နောက် ရှိုးတိုင်း (Showtime) ရုပ်သံလိုင်းမှ ဝယ်ယူဖြစ်ပြီး ဆင်မြူရယ်ဂိုးဝင်း (Samuel Goldwyn) မှ ရုံတင်သည်။

မင်းသား၊ မင်းသမီးတို့၏ သရုပ်ဆောင်ခြင်းကို ပရိသတ်များ သဘောကျသော်လည်း မူရင်းဝတ္ထုနှင့် သွေဖည်မှုများရှိသောကြောင့် ဝေဖန်မှုများ ရှိသည်။ ဩစတေးလျတွင်မူ အတိုက်အခံများရှိရာ ၁၉၉၉ ခု၊ ဧပြီရောက်မှသာ ရုံတင်နိုင်သည်။

ဇာတ်လမ်းအကျဉ်း[ပြင်ဆင်ရန်]

၁၉၄၇ ခုတွင် ပြင်သစ်စာပေသင်သည့် သက်လတ်ပိုင်းအရွယ် ပါမောက္ခ ဟမ်းဘတ် ဟမ်းဘတ် (Humbert Humbert) သည် အမေရိကန်သို့သွားကာ နယူးဟမ်ရှိုင်းယားရှိ ဆရာအလုပ်သို့ ဝင်သည်။ အလည်အပတ်သွားစဉ် မျက်စိကျမိသော ပျိုဖော်ဝင် လော်လီတာ (လို ဟု အတိုခေါ်) ရှိသည့် ချားလော့ဟေ့ (Charlotte Haze) နှင့် ဒေါလိုရက် "လောလီတာ" ဟေ့ (Dolores "Lolita" Haze) တို့ အိမ်၌ ငှားနေသည်။ လိုအား တမ်းတမ်းစွဲဖြစ်ကာ အနေနီးနိုင်ရန် ချားလော့နှင့် လက်ထပ်လိုက်သည်။

ချားလော့မှာ ဟမ်းဘတ်၏ ဒိုင်ယာရီကို ဖတ်မိမှ သမီးအား ကြိုက်နေကြောင်း သိသွားသည်။ ဒေါသတကြီးနှင့် အိမ်မှအထွက် ကားတိုက်ကာ အသက်ဆုံးသည်။ ချားလော့မရှိခြင်းမှာ ဟမ်းဘတ်အတွက် လွတ်လပ်ခြင်း တစ်မျိုးပင်ဖြစ်သည်။

မိုတယ်များတွင် တည်းရင်း နိုင်ငံအနှံ့လျှောက်သွားကြသည်။ ထို့နောက် ကောလိပ်မြို့ ဘာ့စလေ (Beardsley) တွင် အခြေချသည်။ ဟမ်းဘတ်က ဆရာဝင်လုပ်ကာ လိုက ကတ်သလစ်မိန်းကလေးကျောင်း တက်သည်။ တစတစနှင့် ဟမ်းဘတ်အား လိုက ငြီးငွေ့လာပြီး မိမိဘာသာ ရပ်တည်ချင်လာရာ ကတောက်ကဆ ဖြစ်ကြသည်။

ဟမ်းဘတ်နှင့် လိုတို့ ဇာတ်လမ်းကို မြို့သို့ လာလည်စဉ်ကပင် နောက်ယောင်ခံနေသည့် ပြဇာတ်ဆရာ ကလဲ ကွေတီ (Clare Quity) က ရိပ်မိသွားသည်။ လိုမှာ ကွေတီနှင့် ထွက်ပြေးသည်။ ကွေတီ၏ အမည်ကိုပင်မသိသော ဟမ်းဘတ်မှာ ရှာမတတ်ဖြစ်ရသည်။

သုံးနှစ်ကြာပြီးနောက် လိုထံမှ ငွေတောင်းစာတစ်စောင် ရောက်လာသည်။ အိမ်ထောင်ကျကာ ရင်သွေးလွယ်နေရသော လိုထံ ဟမ်းဘတ် သွားလည်သည်။ သူနှင့် ပြန်လိုက်ရန် ပြောသော်လည်း လိုက လက်မခံပေ။ လက်လျှော့ကာ လိုသောငွေကို ပေးလိုက်သည်။ လိုက ကွေတီ၏ မိန်းမငယ်များကို ခြေရာခံကာ အရွယ်ငယ်လိင်အသားပေးဇာတ်ကောင်အဖြစ် ရိုက်ကူးရန် ပါကင်တန် (Parkington) ရှိ အိမ်သို့ ခေါ်တတ်သည့် ကွေတီ အကြောင်းကို ဖွင့်ဟသည်။ သူ့အား ကွေတီ စွန့်ခွာသွားသည့်မှာ ထိုသို့ရိုက်ရန် ငြင်းဆန်ခြင်းကြောင့် ဖြစ်သည်။

အကြောင်းစုံသိရသော် ကွေတီကို ခြေရာကောက်ကာ ဟမ်းဘတ် သတ်လိုက်သည်။ ရဲများ လိုက်လာသော် အဖမ်းခံရပြီး ထောင်ကျတော့သည်။ ၁၉၅၀ ခု၊ နိုဝင်ဘာတွင် ဟမ်းဘတ် ဆုံးသည်။ လိုမှာလည်း နောက်တစ်လ ခရစ်စမတ်နေ့တွင်ပင် မီးဖွားရခက်ကာ လွန်လေသည်။

ဇာတ်ကောင်များ[ပြင်ဆင်ရန်]

  • ပါမောက္ခ ဟမ်းဘတ် - ဂျယ်ရမီ အိုင်းရွန်း (Jeremy Irons)
  • ဟမ်းဘတ် ငယ်ဘဝ - ဘန် ဆေးဗားစတုန်း (Ben Silverstone)
  • ဒေါလိုရက် "လောလီတာ" ဟေ့ - ဒေါမနစ်ဆိမ်း (Dominique Swain)
  • ကလဲ ကွေတီ - ဖရန့် လန်ဂဲလာ (Frank Langella)
  • ချားလော့ ဟေ့ - မယ်လာနီ ဂရစ် (Melanie Griffith)

ဖြန့်ဝေခြင်း[ပြင်ဆင်ရန်]

အမေရိကန်တွင် ဖြန့်မည့်သူ ရှာမရခြင်းကြောင့် ဆုပေးပွဲ ဝင်နိုင်ရန် ရုံအနည်းငယ်တွင်သာ အခဲတယဉ်း ပြရသည်။ ရုံတင်သည့် ကနဦးအပတ်တွင် ဒေါ်လာ ၁.၁ မီလီယံသာ ရသည်။ ၆၂ မီလီယံ အကုန်ခံရိုက်ထားရာ ခွက်ခွက်လန်တစ်ကားအဖြစ် သတ်မှတ်ခြင်း ခံရသည်။

ကိုးကား[ပြင်ဆင်ရန်]