လေရည်

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

လေရည်[ပြင်ဆင်ရန်]

လေဆိုလျှင် ကမ္ဘာကြီးကို ရစ်ပတ်လွှမ်းခြုံလျက်ရှိသော မမြင်နိုင်သည့် အငွေ့ဟူ၍သာ သိရှိနေကြသူများအဖို့ လေရည်ဟုဆိုရာ၌ လွန်စွာအံ့ဩစရာမလိုပေ။ ပုံပမာ ရေသည် ဖာရင်ဟိုက် ၂၁၂ ဒီဂရီ တိုင်အောင် ပူသောအခါ၌ ဆူပွက်၍ ဖာရင်ဟိုက် ၃၂ ဒီဂရီတိုင်အောင် အေးသွားလျှင် ခဲသွားသကဲ့သို့ လေကိုလည်း အပူချိန်ပြောင်းလဲပေးခြင်းဖြင့် အငွေ့မှအရည်အဖြစ်သို့ ပြောင်းလဲပေးနိုင်ပေသည်။ လေကို သိပ်သည်းစေပြီး နောက် ဖာရင်ဟိုက်သုညအောက် ၃၁၂ ဒီဂရီတိုင်အောင် အအေးခံလိုက်လျှင် အရည်အဖြစ်သို့ ပြောင်းလဲသွားသည်။ ထိုအမှတ်၌ အလွန်အေးလှသည်ဖြစ်၍ သတ္တဝါတို့ အသက်ရှင်လျက် နေနိုင်ကြမည်မဟုတ်ပေ။ ထိုအမှတ်အောက် နှိမ့်ချပေးလိုက်လျှင် လေရည်သည် အခဲအဖြစ်သို့ ပြောင်းလဲသွားနိုင်ပေ သည်။


လေရည်သည် ရေနှင့် အသွင်တူသော်လည်း ရေလောက် မကြည် လင်လှပေ။ ထိုသို့ မကြည်လင်ခြင်းမှာ လေ၌ပါဝင်သော ကာဗွန်ဒိုင်အောက် ဆိုက်သည် လျင်မြန်စွာပုံဆောင်ခဲဖြစ်တတ်၍ လေရည်ကို နောက်ကျိစေခြင်း ကြောင့်ဖြစ်သည်။ ထိုပုံဆောင်ခဲတို့ကို စစ်ထုတ်နိုင်ပေသည်။ လေရည်ဖြစ် ခြင်းမှာ လေ၌ပါဝင်သော အောက်ဆီဂျင်၊ နိုက်ထရိုဂျင်တို့ အရည်ဖြစ်သွား ခြင်းပင်ဖြစ်သည်။ သက်ဆိုင်ရာသတ္တိများအလျောက် နိုက်ထရိုဂျင်အရည် သည် အောက်ဆီဂျင်အရည်ထက် ပို၍အငွေ့ပျံလွယ်ပေရာ၊ လေရည်မှ နိုက် ထရိုဂျင်နှင့် အောက်ဆီဂျင်အငွေ့တို့ကို တခြားစီထုတ်ယူနိုင်ပေသည်။ လေရည်၌ ထူးဆန်းသော သတ္တိအများအပြားရှိကြောင်းကို တွေ့ရ ၏။ လေရည်သည် အရည်ဖြစ်သောလည်း မစိုစွတ်ချေ။ ရေခဲသည် အလွန် အေး၏။ သို့သော်လေရည်ကို ရေခဲပေါ်သို့ လောင်းချလျှင် လေရည်သည် ဆူပွက်လာသည်။ ကြက်ပေါင်းစေးကို လေရည်ထဲ၌ နှစ်လိုက်လျှင် ဖန်သား ကဲ့သို့ မာကျောလာသည်။ ဥတစ်လုံးကို လေရည်ထဲတွင် နှစ်ထားလျှင် အပြာရောင်ရှိလာသည်ကို တွေ့မြင်ရသည်။ သံမဏိနှင့် ပြုလုပ်ထားသည့် နာရီသံပတ်ခွေတစ်ခုကို လေရည်တွင်စိမ်ပြီး မီးရှို့ကြည့်လျှင် လှပသော အရောင်များဖြင့် လောင်ကျွမ်းသည်ကိုတွေ့ရမည်။ ထို့ပြင် တောက်ပသည့် မီးဖွားများ ဖြစ်ပေါ်သည်ကိုလည်းမြင်ရမည်။


အစားအစာများကို အအေးဓာတ်ဖြင့် ကြာရှည်ခံအောင် သိုမှီးရာ၌ လေရည်ကိုများစွာ အသုံးချနိုင်ပေသည်။ အငွေ့ပျံရာ၌ ကြီးစွာသောဖိအားကို ဖြစ်စေသဖြင့် လေရည်ကိုပေါက်ကွဲစေတတ်သော ကစ္စည်းတစ်ခုအဖြစ် အသုံးချမည်ဆိုက ရနိုင်ပေသည်။ သို့ရာတွင် ထိန်းသိမ်းရန် ခက်ခဲလှသော ကြောင့် အသုံးမပြုကြချေ။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)