လေကြောင်း နှင့် အာကာသပညာ

ဝီကီပီးဒီးယား မှ

လေကြောင်းနှင့် အာကာသ ပညာ ( aerospace ) သည် လေကြောင်းနှင့် အာကာသ ခရီးသွားခြင်း နှင့် ၎င်းတို့နှင့် သက်ဆိုင်သော သုတေသန ပြုမှုများ အစရှိသော ကျယ်ပြန့်သော ပညာရပ် နယ်ပယ်ကို ရည်ညွှန်းပါသည်။ လေကြောင်းနှင့် အာကာသ ပညာသည် အလွန် ကျယ်ပြန့်သော နယ်ပယ် ဖြစ်ပြီး အားလုံးသော လူသားတို့၏ ဘဝ နှင့် တိုက်ရိုက် ဆက်စပ်လျက်ရှိသည်။

အကျဉ်း[ပြင်ဆင်ရန်]

စက်မှု နိုင်ငံ အများစုတွင် လေကြောင်းနှင့် အာကာသ လုပ်ငန်းသည် အများပိုင် နှင့် ပုပ္ပလိကပိုင် လုပ်ငန်းများ ပူးပေါင်း လုပ်ဆောင်လေ့ ရှိကြသည်။ ဥပမာအားဖြင့် အချို့သော နိုင်ငံများတွင် အာကာသ အစီအစဉ်များသည် အစိုးရ၏ ကွပ်ကဲမှုအောက်တွင် ရှိနေပါသည်။ အမေရိကန် ပြည်ထောင်စု ရှိ နာဆာ၊ ဥရောပရှိ အီးအက်စ်အေ၊ ကနေဒါရှိ ကနေဒါ အာကာသ အေဂျင်စီ၊ ရုရှားရှိ အာရ်ကေအေ၊ အိန္ဒိယရှိ အိန္ဒိယ အာကာသ သုတေသန အဖွဲ့ ၊ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ ရှိ တရုတ်အမျိုးသား အာကာသ စီမံခန့်ခွဲရေး တို့ကို ဥပမာ အားဖြင့် တွေ့မြင်နိုင်သည်။

ထိုသို့သော အများပိုင် အာကာသ အစီအစဉ်များနှင့်အတူ ကုမ္ပဏီ အများစုသည် အာကာသယာဉ်များ နှင့် ဂြိုဟ်တုများ အစရှိသော နည်းပညာဆိုင်ရာ ကိရိယာများနှင့် ပစ္စည်းများ ထုတ်လုပ်ကြသည်။ Lockheed Martin, Northrop Grumman, Airbus နှင့် Boeing အစရှိသော ကုမ္ပဏီများသည် အာကာသ အစီအစဉ်တွင် ပါဝင်သည်ဟု သိရသည်။ ထို ကုမ္ပဏီများ သည် လေယာဉ် တည်ဆောက်ခြင်း အစရှိသည့် အခြား လေကြောင်းနှင့် အာကာသ ဆိုင်ရာ နယ်ပယ်များတွင်လည်း ပါဝင်ပက်သက်နေကြသည်။ နိုင်ငံ အများစုတွင် Air France နှင့် Air India အစရှိသော လေကြောင်းသယ်ယူပို့ဆောင်ရေး ကုမ္ပဏီများ ပိုင်ဆိုင်ကြသည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

လေကြောင်းနှင့် အာကာသ ပညာရပ်၏ နယ်ပယ်သည် ၁၉၀၃ ခု ဒီဇင်ဘာ ၁၇ ရက် အမေရိကန် ပြည်ထောင်စု မြောက်ကယ်ရိုလိုင်းနား ပြည်နယ် ကစိတီဟော့မြို့၌ ရိုက် ညီနောင် တို့ ၏ ပထမဆုံး စက်အားသုံး လေယာဉ်ပျံမှ စတင်ခဲ့သည်။ ထိုအချိန်မှ စ၍ လေကြောင်းနှင့်အာကာသပညာသည် ယနေ့ခေတ်၏ စိတ်လှုပ်ရှားစရာ အကောင်းဆုံး၊ တိုးတက်မှု အမြန်ဆုံး နှင့် နည်းပညာရပ် အမျိုးစုံဆုံး ပါဝင်သော နယ်ပယ်များတွင် တစ်ခုအပါအဝင် ဖြစ်လာခဲ့သည်။ ၁၈ရာစုနှစ် မီးပုံးပျံများမှ စတင်ကာ ဝီလ်ဗာ နှင့် အော်ဗီ ရိုက် ညီအစ်ကို တို့၏ စက်တပ်လေယာဉ်ပျံတို့ အလယ်မှသည် အပိုလို ၁၁ အစရှိသော လူသားလိုက်ပါစီးနင်းသော လကမ္ဘာသွားအာကာသယာဉ်များမှနေ၍ စိတ်လှုပ်ရှားစရာကောင်းသော ဘိုးအင်း၊ အဲယားဘတ်စ် နှင့် ဘုံဘတ်ဒီးယား ကုမ္ပဏီတို့မှ ထုတ်လုပ်သော လေယာဉ်ပျံအသစ်များစသည်အထိ ရာစုနှစ်တစ်ခုကျော်အတွင်းမှာပင် သိသိသာသာ တိုးတက်ပြောင်းလဲလာခဲ့သည်။

လေကြောင်းဆိုင်ရာ ကုန်ထုတ်လုပ်ငန်း[ပြင်ဆင်ရန်]

လေကြောင်းဆိုင်ရာ ကုန်ထုတ်လုပ်ငန်းသည် နည်းပညာမြင့်မားသော ကုန်ထုတ်လုပ်ငန်းတစ်ခု ဖြစ်ပြီး လေယာဉ်၊ ထိန်းချုပ်ပစ်လွှတ်နိုင်သော ဒုံးကျည်အာကာသယာဉ်လေယာဉ်ပျံ အင်ဂျင်၊ အာကာသသို့ တွန်းထုတ်ပေးသောယာဉ် နှင့် အခြားသက်ဆိုင်သော ပစ္စည်းများကို ထုတ်လုပ်သော လုပ်ငန်းဖြစ်သည်ဟု အမေရိကန်နိုင်ငံ အလုပ်သမား စာရင်းအင်းများနှင့် သက်ဆိုင်သောအဖွဲ့ (Bureau of Labor Statistics) ၏ ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။

လေကြောင်းခရီးသွားလုပ်ငန်း[ပြင်ဆင်ရန်]

အာကာသခရီးသွားလုပ်ငန်း[ပြင်ဆင်ရန်]