လီလီကြာညွန့်

ဝီကီပီးဒီးယား မှ

လီလီကြာညွန့် (၁၉၂၈-၂၀၁၇) သည် မြန်မာလူမျိုး အားကစားသမားနှင့် တေးသံရှင် ဖြစ်သည်။

ငယ်ဘဝ[ပြင်ဆင်ရန်]

စက်ရှင်တရားသူကြီး ဦးကြာညွန့်၊ ဒေါ်စောညွန့်တို့မှ ၁၉၂၈ ခု၊ ဧပြီလ ၁၉ ရက်တွင် ရန်ကုန်၌ မွေးသည်။

စိန့်ဖိလစ် အင်္ဂလိပ်အလယ်တန်းကျောင်း၌ ပညာသင်ခဲ့သည်။ ကျောင်းရှိ အားကစားပွဲများတွင် ဝင်ပြိုင်သည်။

အားကစားခြေလှမ်း[ပြင်ဆင်ရန်]

၁၉၄၈ ခု၊ မြန်မာနိုင်ငံ၌ ပထမဆုံးလုပ်သည့် အမျိုးသမီး ဘားကျွမ်းပြိုင်ပွဲတွင် မြေပြင်ကျွမ်း၊ သေတ္တာဘား၊ တန်းဘား သုံးမျိုးဝင်ပြိုင်ရာ ပထမချည်း ရသည်။ ၁၉၄၉၊ ၁၉၅၀ များတွင်လည်း ဗိုလ်စွဲရာ ဖလားပိုင် ရခဲ့သည်။

ဖခင်ပြောင်းသည့် ပြည်သို့ လိုက်နေစဉ် ပြည်မြို့ လွတ်လပ်ရေးအားကစားပွဲ၌ လှံတံပစ်နှင့် မီတာ ၁၀၀ ပြေးပွဲတို့တွင် ပထမရသည်။ ပြည်တော်သာစီမံကိန်းပြပွဲတွင် ပြည် မြို့မတူရိယာအဖွဲ့နှင့် ဖျော်ဖြေရသေးသည်။

ရန်ကုန်တိုင်း အမျိုးသမီး ကိုယ်လက်ကြံ့ခိုင်ရေးမှူးအဖြစ် ခန့်ထားခံရပြီးနောက် ညွှန်ကြားရေးမှူး ဦးမောင်မောင်ကလေး၊ ဦးဇော်ဝိတ်၊ ဒေါ်ထွားကြူ၊ ဒေါ်ကြင်စီ၊ ဆရာဝန် ဒေါ်ပိုပို၊ ဦးနွဲ့ (ဘောလီဘော)၊ ဦးသံချောင်း (ဘတ်စကတ်ဘော)၊ ဦးလှမြင့် (ဘားကျွမ်း) တို့ထံ သင်တန်းတက် ပညာယူသည်။

နယ်မြို့များသို့ လှည့်ကာ ပြေးခုန်ပစ်၊ လက်ဝှေ့၊ ဘောလီဘော၊ ဘတ်စကတ်ဘော၊ ဘောလုံး စသည့် အားကစားနည်းတို့ကို ရက်တိုသင်တန်း ပေးသည်။

၁၉၅၄ ခု၊ ဖေဖော်ဝါရီလတွင် အမျိုးသားတံခွန်စိုက် အားကစားပြိုင်ပွဲတွင် သံလုံးပစ်နှင့် လှံတံပစ်တို့၌ အကောင်းဆုံးစံချိန် ရ၍ အာရှအားကစားပွဲအတွက် အရွေးခံရသည်။ ပြည်ပသို့ သွားပြိုင်ရသော ပထမဆုံးအမျိုးသမီး ဖြစ်လာသည်။

သီဆိုသော တေးများ[ပြင်ဆင်ရန်]

ဟယ်ရီစံတင့်နှင့် တွဲဆိုသည့် တရွာစီနေ မှာ ပထမဆုံး အသံလွှင့်တေး ဖြစ်သည်။

ခေါင်းစဉ် တေးရေး တူရိယာဝိုင်း မှတ်ချက်
တရွာစီနေ ဟယ်ရီစံတင့် နှင့်
ချစ်တင်းဆို ခေတ္တရာအေး စန္ဒရား အေဝမ်းခင်မောင် တူရိယာဝိုင်း
မအိုသေးတဲ့ ချစ်သူ စန္ဒရား အေဝမ်းခင်မောင် တူရိယာဝိုင်း
အိပ်မက်ပေးလို့ ချစ်ရေးဆိုသလား စန္ဒရား အေဝမ်းခင်မောင် တူရိယာဝိုင်း
ပန်းကလေးဗေဒါ စန္ဒရား အေဝမ်းခင်မောင် တူရိယာဝိုင်း
ဝါဦးက မယ့်ဖူးစာ စန္ဒရား အေဝမ်းခင်မောင် တူရိယာဝိုင်း
ချစ်တေးလွှာ စန္ဒရား အေဝမ်းခင်မောင် တူရိယာဝိုင်း
ချစ်ဆွေးသံ စန္ဒရား အေဝမ်းခင်မောင် တူရိယာဝိုင်း
မှောင်ထဲက ချစ်သူ စန္ဒရား အေဝမ်းခင်မောင် တူရိယာဝိုင်း
တရောင်တည်းခြယ် စန္ဒရား အေဝမ်းခင်မောင် တူရိယာဝိုင်း
အိုကံ့ကော်တော မောင်ယဉ်မော် ချိုတေးဆက် တူရိယာအဖွဲ့
စံပယ်ပန်း ပန်ဦးမယ် မောင်ယဉ်မော် ချိုတေးဆက် တူရိယာအဖွဲ့
တနင်္ဂနွေ ကိုမင်းနောင် တေးဗိမာန် တူရိယာအဖွဲ့
တချစ်ရှာရှာ စန္ဒရားချစ်ဆွေ တေးဗိမာန် တူရိယာအဖွဲ့ ပဒေသာ ဓာတ်ပြားတိုက်
လာသေးတယ် သာအေးရယ် ကိုမြတ်လေး တေးဗိမာန် တူရိယာအဖွဲ့ ပဒေသာ ဓာတ်ပြားတိုက်
ယနေ့ပါဆိုရင် တေးဗိမာန် တူရိယာအဖွဲ့ ပဒေသာ ဓာတ်ပြားတိုက်
မေတ္တာမိုးတပေါက် တေးဗိမာန် တူရိယာအဖွဲ့
ဟိုကမ္ဘာက ကြိုပါ တေးဗိမာန် တူရိယာအဖွဲ့
မောင်ကြီးငြိမ်းချမ်း တေးဗိမာန် တူရိယာအဖွဲ့
ခွန်းကြူလှည့်ကွယ် သောတမောင် တေးဗိမာန် တူရိယာအဖွဲ့ ပဒေသာ ဓာတ်ပြားတိုက်
တွေးရခက်ကြီး တေးဗိမာန် တူရိယာအဖွဲ့ ပဒေသာ ဓာတ်ပြားတိုက်
မေတ္တာရွှေစောင်း အောင်လင်း ပဒေသာ ဓာတ်ပြားတိုက်
သနပ်ခါးကျွန်မ ဘဝပုံပြင် ဗိုလ်ကလေးတင့်အောင် စန္ဒရား လှထွဋ် တီးဝိုင်း
အနုပညာသည်များသို့ ဗိုလ်ကလေးတင့်အောင် စန္ဒရား လှထွဋ် တီးဝိုင်း
ချစ်စိတ် စန္ဒရား လှထွဋ် စန္ဒရား လှထွဋ် တီးဝိုင်း
အချစ်ပုံရိပ် စန္ဒရား လှထွဋ် စန္ဒရား လှထွဋ် တီးဝိုင်း
ညချစ်သူ စန္ဒရား ချစ်ဆွေ စန္ဒရား လှထွဋ် တီးဝိုင်း
မောင်မောင် ချိုတေးဆက် အောင်ကိုး စန္ဒရား လှထွဋ် တီးဝိုင်း
မချစ်တော့ ပစ်ပေါ့ မောင်မောင်လတ် စန္ဒရား လှထွဋ် တီးဝိုင်း
အဝေးဆုံးသို့ မောင်မောင်လတ် စန္ဒရား လှထွဋ် တီးဝိုင်း
နောက်များမှ ပန်တော့မယ်ရှင် မောင်မောင်လတ် စန္ဒရား လှထွဋ် တီးဝိုင်း

မိသားစုဘဝ[ပြင်ဆင်ရန်]

၁၉၅၈ ခုတွင် ဦးအောင်ကျော် နှင့် လက်ထပ်သည်။ ၁၉၈၇ ခုတွင် ခင်ပွန်းဖြစ်သူ အမှုထမ်းရာ အမေရိကန်သို့ လိုက်သွားရာ ၁၉၉၁ ခုတွင် ပြန်လာသည်။

မင်းခေါင်ကျော်၊ ရတနာကျော်၊ အာသာဝတီကျော်၊ သတိုးကျော်၊ ပုဏ္ဏမီကျော် ဟူသော သားသမီး ၅ ယောက် ရသည်။

ဘဝနိဂုံး[ပြင်ဆင်ရန်]

၂၀၁၇ ခု၊ ဩဂုတ်လ ၂၆ ရက်တွင် ရန်ကုန်၌ လွန်သည်။

ကိုးကား[ပြင်ဆင်ရန်]

  • မြန်မာစွယ်စုံကျမ်း နှစ်ချုပ် ၂၀၁၈