လီဖင် (ဘူမိပညာရှင်)
Li Ping | |||||||||
---|---|---|---|---|---|---|---|---|---|
မွေးဖွား | Dawu County, Hubei, China | မတ် ၂၀၊ ၁၉၂၄||||||||
ဆုံးပါး | စက်တင်ဘာ ၁၀၊ ၂၀၁၉ Beijing, China | (အသက် ၉၅)||||||||
နိုင်ငံလူမျိုး | Chinese | ||||||||
နယ်ပယ် | Earthquake | ||||||||
အဖွဲ့အစည်းဌာန | Institute of Geology, China Earthquake Administration | ||||||||
မိခင်ကျောင်း | National Central University | ||||||||
တရုတ်အမည် | |||||||||
တရုတ် | 李玶 | ||||||||
|
လီဖင် (တရုတ်: 李玶; ၁၉၂၄ မတ် ၂၀ - ၂၀၁၉ စက်တင်ဘာ ၁၀)သည် တရုတ်ဘူမိပညာရှင်နှင့် ငလျင်အင်ဂျင်နီယာ ဖြစ်သည်။ သူသည် တရုတ်အင်ဂျင်နီယာအကယ်ဒမီကျောင်းမှ ဂုဏ်ထူးဆောင် ဖြစ်သည်။
ကိုယ်ရေး
[ပြင်ဆင်ရန်]တရုတ်ပြည်၊ ဟူပေပြည်နယ်၊ တာ့ဝူခရိုင်၌ ၁၉၂၄ မတ် ၂၀ တွင် လီဖင်ကို မွေးသည်။ သူသည် နိုင်ငံဗဟိုတက္ကသိုလ်သို့ ၁၉၄၃ တွင် တက်ရောက်ပြီး၊ ၁၉၄၇ တွင် ဘွဲ့ရကာ၊ အလုပ်သင်ဝန်ထမ်း ဖြစ်လာသည်။[၁]
၁၉၅၄ တွင် လီသည် ဟားအယ်ပင်း တပ်မတော်အင်ဂျင်နီယာသင်တန်းကျောင်း၌ စာသင်ကြားပေးရန် တာဝန်ကျသည်။ ၁၉၅၉ ပြီးနောက်၊ တရုတ်သိပ္ပံသင်တန်းကျောင်း၏ ဘူမိဗေဒကောလိပ်၌ အလုပ်လုပ်ရာ၊ နောက်ပိုင်းတွင် တရုတ်ငလျင်ကွပ်ကဲရေးဌာန၏ မရှိမဖြစ် ဖြစ်လာသည်။[၁]
ပေကျင်းတက္ကသိုလ်နှင့် တရုတ်သိပ္ပံသင်တန်းကျောင်း၌ တွဲဖက်ပါမောက္ခအဖြစ် စာသင်ကြား ပို့ချသည်။[၂][၃]
လီ၏ သုတသနတွင် အဓိကအာရုံစူးစိုက်သည်မှာ ငလျင် အင်ဂျင်နီယာပိုင်း ဖြစ်သည်။ သုံးမြစ်ကျဉ်းဆည်၊ တာ့ယာပင်လယ်အော် နူကလီးယားဓာတ်ပေါင်းဖို၊ အာထန်ဆည်နှင့် တန်ကျန်းခိုဆည်တို့ ပါဝင်သော အဓိကစီမံကိန်းမြောက်မြားစွာအတွက် ငလျင်ဒဏ် တွက်ချက်ခြင်းကို လုပ်ဆောင်သည်။[၃]
သုတေသနစာတမ်းပေါင်း ၅၀ ကျော်၊ အကြောင်းအရာစာတမ်း ၁၀ ကျော်နှင့် သုတေသနအစီရင်ခံစာ ၈၀ ကျော်ကို ထုတ်ဝေခဲ့သည်။ နိုင်ငံတော်နှင့် ဝန်ကြီးဌာန သိပ္ပံနှင့်နည်းပညာ ဆု ၁၀ ဆုကျော် ရရှိသည်။[၁] တရုတ် အင်ဂျင်နီယာသင်တန်းကျောင်း၏ ဂုဏ်ထူးဆောင်အဖြစ် ၁၉၉၉ တွင် တင်မြှောက်ခံရသည်။[၁][၃]
လီသည် အသက် ၉၅ နှစ် ၂၀၁၉ စက်တင်ဘာ ၁၀ တွင် ပေကျင်း၌ ကွယ်လွန်သည်။[၁]