လိုင်လာခန်း

ဝီကီပီးဒီးယား မှ
လိုင်လာခန်း (လိုင်လာခမ်း)
မွေးဖွားမစန္ဒာ(مَتشَنْدَ)
(2 September 1975-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "{"။-{{{day}}})စက်တင်ဘာ ၂၊ ၁၉၇၅
ရန်ကုန်
မိခင်ကျောင်းရန်ကုန်တက္ကသိုလ်၊ မလေးရှား တက္ကသိုလ်
အလုပ်အကိုင်သရုပ်ဆောင်
တက်ကြွလှုပ်ရှားနှစ်များ၂၀၁၆
အရပ်၅ ft ၆ in (၁.၆၈ m)
အိမ်ထောင်ဖက်(များ)Mirza Ahmed
မိဘ(များ)ဒေါ်မြမြဝင်း (ခေါ်) (Amna Khanآمنة خان), ဒေါက်တာနိုင်ဝင်း (ခေါ်) (Salim Khanسليم خان)

လိုင်လာခန်း (အာရပ်: ساندار وين ليلى خان‎)သည် အိန္ဒိယနွယ်ဖွား မြန်မာနိုင်ငံသူ သရုပ်ဆောင်တစ်ဦးဖြစ်သည်။ အိန္ဒိယတွင် သရုပ်ဆောင်အဖြစ်သွားရောက်ကျင်လည်ဖူးသူဖြစ်ပြီး မြန်မာပြည်၌လည်း အနုပညာလှုပ်ရှားမှု အတော်အတန် ရှိခဲ့ရှိနေသည်။ မြန်မာပြည်ဖွား ဘောလီးဝုဒ်မင်းသမီး လိုင်လာခန်း၏ မြန်မာအမည်မှာ မစန္ဒာဝင်း ဖြစ်သည်။ ဒါရိုက်တာ မောင်မျိုးမင်း ရိုက်ကူးသည့် တိုက်ဆိုင်မှုရှိလျှင် ဇာတ်ကားတွင် ဗီလိန်ဇာတ်ရုပ်ကို ပိုင်နိုင်စွာ သရုပ်ဆောင်ခဲ့ခြင်းဖြင့် မြန်မာပြည်တွင် လူသိလာခဲ့သည်။[၁][၂][၃]

အနုပညာခရီး[ပြင်ဆင်ရန်]

အစောပိုင်းက ဒူဘိုင်းတွင် အလုပ်လုပ်နေရင်း အဆက်အသွယ်ရပြီး အိန္ဒိယတွင် အနုပညာအလုပ် လုပ်ခဲ့သည်။ မလေးရှားတက္ကသိုလ်တစ်ခုတွင် MBA ပရိုဂရမ်ကို ၃ နှစ်ကြာလေ့လာပြီးနောက် ဒူဘိုင်းသို့ သွားရောက်ကာ ကြော်ငြာကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်ခဲ့သည်။ ကြော်ငြာကုမ္ပဏီတွင် အထွေထွေမန်နေဂျာအဖြစ်လုပ်နေစဉ် ကြော်ငြာအပ်သူ ဘောလီးဝုဒ် ဒါရိုက်တာများ၊ ထုတ်လုပ်သူများက သတိထားမိပြီး ဘောလီးဝုဒ်တွင် သရုပ်ဆောင်လာလုပ်ရန် တိုက်တွန်းအားပေးကြရာမှ ဘောလီးဝုဒ်တွင် သရုပ်ဆောင်ခွင့်ရမည့် အိပ်မက်ကို အကောင်အထည်ဖော်ရန် မွန်ဘိုင်းသို့ သွားရောက်ခဲ့သည်။ မွန်ဘိုင်းတွင် ကမ္ဘာတစ်ဝန်းမှ ဆွဲဆောင်မှုရှိသူ အမျိုးသမီး သရုပ်ဆောင်အရွေးခံသူများနှင့်အပြိုင် အရွေးခံသည့်အဆင့်အောင်မြင်ပြီး တစ်လအကြာ၌ Kool Nahi Hot Hai Hum ဇာတ်ကားအတွက် သရုပ်ဆောင်ခွင့် စတင်ရရှိခဲ့သည်။ မွန်ဘိုင်းတွင် သရုပ်ဆောင်လုပ်နေစဉ် အနုပညာအမည်အတွက် သူမ၏ မူလအမည် Laila တွင် Khan ထပ်ဖြည့်ပြီး မှည့်ခေါ်ပေးကြရာမှ လိုင်လာခန်း (Laila Khan) ဖြစ်လာခဲ့သည်။ ၂၀၁၇ ခုနှစ်၌ ရုံတင်သော ရာဇဝင် ရိုင်းသူများ ရုပ်ရှင်ဇာတ်ကားတွင် ပြေတီဦး၊ မြင့်မြတ်တို့နှင့်အတူ ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သည်။[၄][၅]

ပါဝင်သော ဇာတ်ကားများ[ပြင်ဆင်ရန်]

ရုံတင်နှစ် ဇာတ်ကားအမည် ဇာတ်ရုပ် မှတ်ချက်
၂၀၁၄ တိုက်ဆိုင်မှုရှိလျှင် Angela ဇာတ်ပို့
၂၀၁၇ ရာဇဝင်ရိုင်းသူများ စင်တီယာ ဇာတ်ဆောင်
၂၀၀၈ Students
၂၀၁၁ Faraar Maria ဇာတ်ဆောင်
၂၀၀၈ Kool Nahi Hot Hain Hum Samia
၂၀၁၀ ba cahao Rani ဇာတ်ဆောင်
၂၀၀၇ Ghutan ကက်သရင်း
၂၀၁၃ International daroga Shweta ဇာတ်ဆောင်
၂၀၁၈ baiyajee superhit LoLo ဧည့်သည်သရုပ်ဆောင်

ကိုးကား[ပြင်ဆင်ရန်]

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]

https://arckarer.netlify.app/sandar-win-news.html စာနယ်ဇင်းပေါ်မှလိုင်လာခန်းပုံရိပ်အချို့