လာဇရု (အဆိုတော်)
ပုံပန်းသွင်ပြင်
| လာဇရု | |
|---|---|
| ဇာတိ အမည် | ကျော်နိုင်သူ |
| မွေးဖွား | ကျော်နိုင်သူ ၁၉၇၀ |
| ကွယ်လွန် | ဇန်နဝါရီ ၁၉၊ ၂၀၂၁ မြောက်ဥက္ကလာပဆေးရုံ |
| သေဆုံးရခြင်း အကြောင်းရင်း | ချော်လဲ၍ ဦးခေါင်းဒဏ်ဖြစ် |
| နိုင်ငံသား | မြန်မာ |
| အလုပ်အကိုင် | အဆိုတော်၊ တေးရေးဆရာ |
| တက်ကြွလှုပ်ရှားနှစ်များ | -၂၀၂၁ |
| ကျော်ကြားမှုအရင်းခံ |
|
လာဇရု ခေါ် ကျော်နိုင်သူ (၁၉၇၀ - ၁၉ ဇန်နဝါရီ ၂၀၂၁) သည် မြန်မာနိုင်ငံသား တေးရေးဆရာနှင့် အဆိုတော် တဦး ဖြစ်သည်။ သီဆိုခဲ့သည့် သီချင်းများအနက် အသည်းကွဲတဲ့ရောဂါမှာ နာမည် အကြီးဆုံး ဖြစ်သည်။ Rဇာနည် သီဆိုသော ကြေကွဲစရာ သီချင်း၏ တေးရေးသူမှာ လာဇရု ဖြစ်သည်။
အဆိုတော် လာဇရုဟာ ရုပ်ရှင်ဇာတ်ဝင် တေးသီချင်းများစွာ ရေးစပ် သီဆိုခဲ့ပြီး “အသည်းကွဲတဲ့ရောဂါ”၊ “ချစ်တဲ့သူ” ၊ “သုံးပွင့်ဆိုင်” စတဲ့ တေးသီချင်းများနဲ့ ကျော်ကြားခဲ့သူ ဖြစ်သည်။
သီချင်းများ
[ပြင်ဆင်ရန်]- အသည်းကွဲတဲ့ရောဂါ
- ကြေကွဲစရာ
နိဂုံး
[ပြင်ဆင်ရန်]မတော်တဆ ချော်လဲ၍ ဦးခေါင်းဒဏ်ဖြစ်ရာမှ မြောက်ဥက္ကလာပဆေးရုံတွင် ၂၀၂၁ ဇန်နဝါရီ ၁၉ ရက် နံနက် ၄ နာရီ ၅၀ မိနစ်တွင် ကွယ်လွန်သည်။[၁] ကွယ်လွန်ချိန်တွင် အသက် (၅၁) နှစ် ရှိသည်။ [၂]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ‘ကြေကွဲစရာ’ တေးသီချင်း ပိုင်ရှင်ကြီး တေးရေး/တေးဆို လာဇရု ကွယ်လွန် (in my) (19-1-2021)။ 16-4-2023 တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
- ↑ မြန်မာ့အလင်း။