မာတိကာသို့ ခုန်သွားရန်

လာဆာမြို့

ဝီကီပီးဒီးယား မှ

လာဆာမြို့ (တိဘက်: ལྷ་ས་; [l̥ásə]) သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံတိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ မြို့တော်ဖြစ်ပြီး တိဗက်ကုန်းပြင်မြင့်ပေါ်တွင် တည်ရှိသည်။ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၁၁,၉၉၀ (၃,၆၅၆ မီတာ) မြင့်သော နေရာတွင် တည်ရှိသောကြောင့် ကမ္ဘာ့အမြင့်ဆုံး မြို့တော်များထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။

လာဆာမြို့
ལྷ་ས་ (Lhasa)
မြို့တော်
လာဆာ စည်ပင်သာယာနယ်နိမိတ်
လာဆာမြို့ရှိ ပိုတာလာနန်းတော်
လာဆာမြို့ရှိ ပိုတာလာနန်းတော်
တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း လာဆာမြို့ တည်နေရာ
တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း လာဆာမြို့ တည်နေရာ
လာဆာမြို့ သည် China တွင် တည်ရှိသည်
လာဆာမြို့
လာဆာမြို့
တရုတ်နိုင်ငံအတွင်း တည်နေရာ
ကိုဩဒိနိတ်: 29°39′11″N 91°07′19″E / 29.65306°N 91.12194°E / 29.65306; 91.12194ကိုဩဒိနိတ်: 29°39′11″N 91°07′19″E / 29.65306°N 91.12194°E / 29.65306; 91.12194
နိုင်ငံတရုတ်ပြည်သူ့သမ္မတနိုင်ငံ
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
အစိုးရ
  မြို့တော်ဝန်Guoguo
ပင်လယ်ရေ မျက်နှာပြင်အမြင့်၃၆၅၆ မီတာ (၁၁၉၉၅ ပေ)
လူဦးရေ (2020)
  စုစုပေါင်း၈၆၇,၈၉၁
စာတိုက်သင်္ကေတ850000
ဖုန်းကုဒ်+86 (0) 891
ဝဘ်ဆိုက်lhasa.gov.cn

လာဆာဟူသောအမည်မှာ တိဗက်ဘာသာစကားဖြင့် "နတ်ဘုရားတို့၏ နေရာ" သို့မဟုတ် "သန့်ရှင်းသော မြေပြင်" ဟု အဓိပ္ပာယ်ရသည်။ အေဒီ ၇ ရာစုတွင် တိဗက်ဘုရင် ဆွန်ဆန်ဂမ်ပို (Songtsen Gampo) က မြို့တော်အဖြစ် စတင်တည်ထောင်ခဲ့သည်။ လာဆာမြို့သည် တိဗက်ဗုဒ္ဓဘာသာ၏ အထွတ်အမြတ်ထားရာ ဗဟိုချက်မဖြစ်ပြီး၊ ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာများဖြစ်သော ပိုတာလာနန်းတော် (Potala Palace)၊ ဂျိုခမ်းဘုန်းကြီးကျောင်း (Jokhang Temple) နှင့် နိုဘူလင်ကာနန်းတော် (Norbulingka) တို့ တည်ရှိရာ မြို့လည်းဖြစ်သည်။

ယခုအခါ လာဆာမြို့သည် တရုတ်ပြည်မကြီးနှင့် ချိတ်ဆက်ထားသော ချင်းဟိုင်-တိဗက် ရထားလမ်း ၏ အဆုံးသတ်မြို့ဖြစ်ပြီး ခေတ်မီစီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများ ထွန်းကားရာ ဗဟိုဌာနတစ်ခုအဖြစ် တည်ရှိနေသည်။ []

လာဆာမြို့

[ပြင်ဆင်ရန်]

လာဆာမြို့သည် တိဘတ်ပြည်၏မြို့တော်ဖြစ်၍ ဒလိုင်းလာမာခေါ်သော တိဘတ်ရဟန်းမင်းကြီး သီတင်းသုံးနေထိုင်ရာမြို့ ဖြစ်ခဲ့သည်။ ပင်လယ်ပြင်အထက်ပေ ၁၁၈၃၁ တွင်တည်ရှိသည်။ သစ်ပင် များ မပေါက်ရောက်သော တောင်များဝန်းရံလျက်ရှိကာ မြေဩဇာကောင်း ပြီးလျှင် ပျံ့ပျူးသောနေရာဖြစ်သည်။ လာဆာမြို့သည် သဘာဝတည်နေရာ အားဖြင့် အဝင်ရခက်သည့်အပြင် ၁၈ ရာစုနှစ်က ဝင်ရောက်စိုးမိုးသော တရုတ်တို့၏ ဝါဒကြောင့်လည်း မည်သူမျှ လွယ်ကူစွာ မဝင်နိုင်အောင် တစ်သီးတခြားတည်ရှိနေပေသည်။ လာမာဘုန်းတော်ကြီးများကလည်း မည် သို့မျှ မပြုပြင်ဘဲရှိသည်။ လာဆာမြို့တွင်းသို့ လူဖြူများ ဝင်ခွင့်မရသော ကြောင့် လာဆာမြို့ကို ဝင်ခွင့်မရမြို့ ဟူ၍လည်းခေါ်သည်။ အင်္ဂလိပ် လက်နက်ကိုင်တပ်များသည် ၁၉ဝ၄ ခုနှစ်ကမှ လာဆာမြို့တွင်းသို့ ဝင် ရောက်နိုင်ခဲ့သည်။ ထိုထက်၍ဦးသော ကာလကဆိုလျှင် အင်္ဂလိပ်လူမျိုး တစ်ဦးဖြစ်သူ တောမတ်မန္နင်းသာလျှင် ၁၈၁၁ ခုနှစ်က ထိုမြို့တွင်းသို့ ဝင် ရောက်နိုင်ခဲ့ပေသည်။ မိုင် ၃၉ဝ မျှရှည်သောလမ်းတစ်ကြောင်းသည် လာဆာမြို့၏ တောင်ဘက်မှစတင်၍ ဟိမဝန္တာတောင်ခြေ၌ရှိသော ဒါဂျီလင်မြို့သို့ရောက် သည်။ လာဆာမြို့သည် ဗြဟ္မပုတြမြစ်၏ လက်တက်ဖြစ်သော ကျိချူ မြစ်ပေါ်တွင်တည်ရှိသည်။ မြောက်ဘက်တောင် ထွတ်ပေါ်တွင်တည်ရှိသည်။ မြောက်ဘက်တောင်ထွတ်ပေါ်တွင် ဒလိုင်းလာမာ၏ စံကျောင်းတော်တည်ရှိ သည်။ စံကျောင်းတော်သည် တောင်စောင်းတစ်လျှောက် အဆင့်ဆင့်တည်ရှိ ပြီးလျှင် မြို့တော်ကို အုပ်မိုးလျက်ရှိ၍ ယင်းစံကျောင်းတော်ကို ပိုတာလာဟု ခေါ်သည်။ မြစ်ဘက်မှ တဖြည်းဖြည်းမြင့်တက်လာသော တောက်ဘက်ရှိ တောင်၏အထွတ်တွင် ခံတပ်နှင့်ဒလိုင်းလာမာ၏ ဆေးကောလိပ်ကျောင်းရှိ သည်။ တောင်နှစ်လုံး၏အကြားတွင် မြို့ဝင်တံခါးမကြီးရှိ၍ ကိုက် ၃ဝ ကျယ်သည်။ မြို့ရိုးကို ၁၇၂၂ ခုနှစ်တွင် တရုတ်တို့ ချင်းနင်းဝင်ရောက်ခဲ့ စဉ်က ဖျက်ဆီးလိုက်ရာ နောက်ထပ်မြို့ရိုးကို ပြင်ဆင်ခြင်းမရှိခဲ့ချေ။ တံခါးမနှင့် မြို့၏အကြားတွင် မြက်ခင်း၊ ပြောင်းခင်း၊ သစ်သီးခြံ နှင့် ရွှံနွံတောများရှိသည်။ လာဆာမြို့သက်သက်မှာ အရှေ့ အနောက် တစ်မိုင်ရှိ၍ အနံမိုင်ဝက်ရှိသည်။ လူဦးရေ ၅ဝဝဝဝ ခန့်ရှိသည်။ အိမ်များကို အခိုင်အခံ့အုတ်များဖြင့် ဆောက်ထား၍ နှစ်ထပ်။ သို့မဟုတ် သုံးထပ်တိုက် များဖြစ်သည်။ လမ်းဘေးစင်္ကြံများ၊ ရေလွှဲမြောင်းများဟူ၍ မရှိပေ။ စတုဂံ သဏ္ဌာန်ဖြစ်သော ဂျိုကန်ခေါ်ဘုရားကျောင်းသည် မြို့၏အလယ်တွင် တည်ရှိ သည်။ လူရည်တတ်များ၏အိမ်များမှာ မီးဖုတ်အုတ်များဖြင့်ပြီး၍ နွမ်းပါးသူ တို့၏ အိမ်များမှာ နေလှန်းအုတ်ဖြင့် ဆောက်လုပ်ထားသည်။ အိမ်တိုင်းတွင် ဆေးဖြူသုတ်ထားသည်။ အိမ်များဆောက်ထားပုံမှာ တစ်ခုနှင့်တစ်ခု ကပ်၍ စိပ်လှပေသည်။ အိမ်များ၏ ကြိုးကြားကြိုးကြားတွင် ဘုန်းကြီးကျောင်းများ ရှိသည်။

မြို့၏အပြင်ဘက်၌ ဘုန်းကြီးကျောင်း သုံးဆောင်ရှိသည်၊ ယင်း ဘုန်းကြီးကျောင်းများတွင် သီတင်းသုံးသော ဘုန်းကြီးများသည် တိုင်းပြည် အုပ်ချုပ်ရေး၌ အရေးပါအရာရောက်လှပေသည်။ ယင်းတို့သည်ပင် လာမာဘုန်းကြီးများ၏ တက္ကသိုလ်ဖြစ်၏။ ယင်းတို့အနက် ဒီဗွန်ခေါ်သော ဘုန်းကြီးကျောင်းမှာ ရဟန်း ၈.ဝဝဝ ရှိ၍ ကမ္ဘာတွင် အကြီးဆုံးဘုန်းကြီးကျောင်း ဖြစ်ကောင်းဖြစ်ပေမည်။ ထိုကျောင်း သို့ ဒလိုင်းလာမာသည် နှစ်စဉ်ကြွရောက်သည်။

အဆိုပါ ဘုန်းကြီးကျောင်းများသည် မည်မျှပင်ကြီးမားစေကာမူ ဒလိုင်းလာမာ စံကျောင်းတော်ကြီးသည် အာရှတိုက်၌ ထယ်ဝါခန့်ညားဆုံး သာသနိကအဆောက်အအုံတစ်ခုဖြစ်ပြီးလျှင် အဆောက်အအုံကြီးတစ်ခုလုံး သည် အလျားပေ ၉ဝဝ ရှိ၍ ရွှေချထားသော အာလိန်ငါးဆင့် ပြာသာဒ် အထွတ်မှာ မြေပြင်၏အထက် ပေ ၃ဝဝ တွင်တည်ရှိသည်။ အလယ်တွင် ကား ရဟန်းမင်း စံပယ်သီတင်းသုံးရာ ကျောင်းဆောင်တည်ရှိ၍ အနီရောင် ပုပ်ပုပ်အဆင်းရှိသည်။ ပိုတာလာ၏ ဘေးအဆွယ်နှင့် အောက်ခြေပိုင်းတို့မှာ အဖြူရောင်သုတ်ထားသဖြင့် ကျောင်းဆောင်မှာ ထင်းထင်းရင်းရင်းရှိလှပေ သည်။ ပိုတာလာစံကျောင်းအတွင်းရှိ ညီလာခံခန်းမဆောင်တွင်၌ ၁၉ဝ၄ ခုနှစ်တွင် ဂရိတ်ဗြိတိန်နှင့် တိဗက်တို့ စာချုပ်လက်မှတ်ရေးထိုးခဲ့ကြသည်။ လာဆာမြို့သည် တိဗက်ပြည်၏ အနောက်တောင်ဘက် ဟိမဝန္တာ တောင်တန်းတွင်တည်ရှိရာ အချို့တောင်များမှာ ကမ္ဘာတွင် အမြင့်ဆုံးတောင် များစာရင်းဝင်ဖြစ်သည်။ အိန္ဒိယ၊ မြန်မာနှင့် တရုတ်နိုင်ငံများမှ မြင်း၊ လား တို့ဖြင့် ကုန်များတင်လာသော ကုန်သည်များစုဝေးရာဖြစ်၍ အရောင်းအဝယ် စည်ကားသော မြို့ဖြစ်သည်။

လာဆာမြို့သည် ၁၇ ရာစုနှစ်မှစ၍ ဒလိုင်းလာမာ စံမြန်းသီတင်း သုံးရာမြို့ ဖြစ်ခဲ့ပေသည်။ ၁ဝ၆၅ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှ အစပြု၍ တိဗက်ပြည်သည် တရုတ်နိုင်ငံတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည် နယ်ဖြစ်လာသောအခါ လာဆာမြို့သည်လည်း ထိုပြည်နယ်၏ မြို့တော်ဖြစ် လာလေသည်။[]


ပထဝီဝင်အနေအထားနှင့်ရာသီဥတု

[ပြင်ဆင်ရန်]


အုပ်ချုပ်ရေး

[ပြင်ဆင်ရန်]


စီးပွားရေး

[ပြင်ဆင်ရန်]


လူဦးရေနှင့်လူမျိုးများ

[ပြင်ဆင်ရန်]


ယဉ်ကျေးမှု

[ပြင်ဆင်ရန်]


ခရီးသွားလုပ်ငန်း

[ပြင်ဆင်ရန်]


သယ်ယူပို့ဆောင်ရေးလုပ်ငန်း

[ပြင်ဆင်ရန်]


ခရီးသွားလုပ်ငန်း

[ပြင်ဆင်ရန်]


ကိုးကား

[ပြင်ဆင်ရန်]
  1. Lhasa - City, Tibet, China Britannica။ 7 May 2026 တွင် ပြန်စစ်ပြီး။
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)