လန်ဒန်မျက်လုံး

ဝီကီပီးဒီးယား မှ
လန်ဒန်မျက်လုံး
The current EDF Energy London Eye logo

Aerial view of the London Eye
Map
အထွေထွေ အချက်အလက်များ
တည်နေရာသိန်းမြစ် တောင်ဘက်ကမ်း ဂျူဘလီဥယျာဉ် အနောက်စွန်း၊ လန်ဒန်မြို့
ဖွင့်လှစ်9 March 2000[ကိုးကားချက်လိုသည်]
ကုန်ကျငွေ£70 million[၁]
အမြင့်
အမိုး၁၃၅ မီတာ (၄၄၃ ပေ)
ဒီဇိုင်းနှင့် တည်ဆောက်မှု
ဗိသုကာပညာရှင်David Marks, Josvoll Oslo, Malcolm Cook, Mark Sparrowhawk, Steven Chilton, Frank Anatole and Nic Bailey

လန်ဒန်မျက်လုံး (London Eye) သို့မဟုတ် ထောင်ပြည့်နှစ် ချားရဟတ် (Millennium Wheel) သည် ၁၃၅ မီတာ (၄၄၃ ပေ) မြင့်သည့် ချားရဟတ်ကြီးဖြစ်ပြီး လန်ဒန်မြို့ သိန်းမြစ်ကမ်းဘေးတွင် တည်ရှိသည်။[၂] ယင်းချားရဟတ်သည် ဥရောပတွင် အမြင့်ဆုံးဖြစ်ပြီး ယူကေတွင် လူသိအများဆုံး လည်ပတ်စရာ နေရာတစ်ခုဖြစ်ကာ နှစ်စဉ် လူပေါင်း ၃.၅ သန်းခန့် သွားရောက် လည်ပတ်ကြသည်။[၃] ၁၉၉၉ ခုနှစ်တွင် တည်ဆောက်ခဲ့ချိန်က ကမ္ဘာပေါ်တွင် အမြင့်ဆုံး ဖြစ်ခဲ့သော်လည်း ၂၀၀၆ ခုနှစ်တွင် ၁၆၀ မီတာ (၅၂၅ ပေ) မြင့်သည့် တရုတ်ပြည်ရှိ နန်ချန်းစတား (Star of Nanchang) က လည်းကောင်း ၂၀၀၈ ခုနှစ်တွင် စင်ကာပူနိုင်ငံမှ ၁၆၅ မီတာ (၅၄၁ ပေ) မြင့်သည့် စင်ကာပူ ဖလိုင်ယာ (Singapore Flyer) ကလည်းကောင်း ကျော်တက်ကာ ကမ္ဘာပေါ်တွင် အမြင့်ဆုံး ဖြစ်လာသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. London Eye is turning at a loss - Telegraph
  2. EDF Energy naming rights။ Attractions Management။ 8 January 2011 တွင် ပြန်စစ်ပြီး။
  3. Explore the London Eye။ Londoneye.com။ 20 November 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 7 January 2010 တွင် ပြန်စစ်ပြီး။