လင်းညှို့တာရာ
လင်းညှို့တာရာ | |
---|---|
မွေးဖွား | ဟိန်းမင်းအောင် စက်တင်ဘာ ၁၅၊ ၁၉၉၅ ပုသိမ်မြို့၊ ဧရာဝတီတိုင်း |
နိုင်ငံလူမျိုး | မြန်မာ |
အလုပ်အကိုင် | နက္ခတ်ဗေဒင်ဆရာ၊ အကြားအမြင်ဟောသူ၊ စာရေးဆရာ၊ စစ်တပ်ကန့်ကွက်ရေးလှုပ်ရှားသူနှင့် နိုင်ငံရေးအကျဉ်းသား |
ရာဇဝတ်မှု | နိုင်ငံတော်ပုန်ကန်မှု |
ရာဇဝတ်ပြစ်ဒဏ် | ထောင်ဒဏ် ၂ နှစ် |
လင်းညှို့တာရာ (၁၅ စက်တင်ဘာ ၁၉၉၅ မွေးဖွား) ကို ဟိန်းမင်းအောင်ဟုလည်း လူသိများပြီး သူသည် နက္ခတ်ဗေဒင်ဆရာ၊ အကြားအမြင်ဟောသူနှင့် စာရေးဆရာလည်းဖြစ်ကာ သူ၏ယတြာအစီအရင်များနှင့် အနာဂတ်ဟောပြောချက်များကြောင့် နာမည်ကြီးသူဖြစ်သည်။[၁][၂] သူသည် ၂၀၂၁ တွင် အာဏာသိမ်းခဲ့သော စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်အားဖြုတ်ချရန် ဆုတောင်းယတြာတစ်ခုပြုလုပ်ပြီး ဗီဒီယိုအား အွန်လိုင်းတွင်တင်ခဲ့သောကြောင့် နိုင်ငံတော်ပုန်ကန်မှုဖြင့် အဖမ်းအဆီးခံခဲ့ရသည်။[၃][၄][၅][၆]
အသက်မွေးမှုလုပ်ငန်း
[ပြင်ဆင်ရန်]ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်မှ မိဘမဲ့တစ်ဦးဖြစ်ပြီး ဆယ်ကျော်သက်ဘဝတွင် ရန်ကုန်သို့ရောက်လာခဲ့ကာ အင်ဂျင်နီယာပညာကိုသင်ကြားခဲ့ပြီး နက္ခတ်ဗေဒင်ဆရာဖြစ်လာရန်အတွက် ကျောင်းထွက်ခဲ့သည်။[၇]
သူ့အသက် ၅နှစ်ခန့်ကတည်းက မှော်ပညာကို စတင်လေ့လာခဲ့ပြီး တဲရော့ကတ်ဟောခြင်းဖြင့် အွန်လိုင်းဖေ့စ်ဘုတ်စာမျက်နှာအား စတင်ထူထောင်ခဲ့သည်။[၈] သူသည်နှစ်စဉ်ကြိုတင်ဟောပြောချက်များ ပြုလုပ်ပြီး လူအများဒုက္ခမရောက်စေရန်ကူညီခဲ့သည်။ The Voice Daily နှင့်ပြုလုပ်ခဲ့သော အင်တာဗျူးတစ်ခုတွင် ဗူဒူးပညာရပ်အား ယုံကြည်သောနိုင်ငံရေးသမားတချို့ ရှိကြောင်း ဖြေကြားခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် နာမည်ကြီးနိုင်ငံရေးသမားတချို့နှင့် စီးပွားရေးလုပ်ငန်းရှင်များမှ ၎င်းထံသို့နက္ခတ်ဗေဒင်ဆိုင်ရာ အကြံဉာဏ်များ လာရောက်တောင်းခံခဲ့ကြောင်းလည်း ထုတ်ဖော်ပြောကြားခဲ့သည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ Fowle၊ Ali။ A night with Myanmar’s wizards (in en)။ 2022-11-07 တွင် ပြန်စစ်ပြီး။
- ↑ "ထဘီတန်းနှင့် ယတြာများ၊ ကျိန်စာများ" (in my)၊ BBC News မြန်မာ၊ 8 March 2021။
- ↑ "Public calls for release of popular astrologer"၊ The Myanmar Times၊ 14 February 2021။ 14 August 2024 တွင် ပြန်စစ်ပြီး။ Archived from the original on 12 May 2022။
- ↑ "People are demanding peacefully in front of the police station for the release of the astrologer" (in en)၊ 7Day News၊ 12 February 2021။
- ↑ Lone၊ Wa။ "Politicians, doctors and a fortune-teller: Myanmar's new wave of detainees" (in en)၊ Reuters၊ 2021-03-02။
- ↑ ရန်ကုန်မှ ဗေဒင်ဆရာတစ်ဦး နိုင်ငံရေးအမှုဖြင့် ဖမ်းဆီးခံထားရ (in my)။ 2023-02-08 တွင် ပြန်စစ်ပြီး။
- ↑ "Politicians, writers and an astrologer: Myanmar's new wave of detainees" (in en)၊ 2 March 2021။
- ↑ "တစ်ခန်းရပ် ဗူဒူးဇာတ်လမ်း" (in my)၊ The Voice၊ 29 January 2017။ 14 August 2024 တွင် ပြန်စစ်ပြီး။ Archived from the original on 20 February 2021။