လင်စိုင်

ဝီကီပီးဒီးယား မှ
လင်စိုင်
(Linsang or Asiatic linseng)
Temporal range: Middle Miocene–Present
Prionodon pardicolor - Kunming Natural History Museum of Zoology - DSC02486.JPG
လင်စိုင်ပြောက် (Prionodon pardicolor)
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Mammalia
မျိုးစဉ်: Carnivora
မျိုးရင်း: Prionodontidae
Horsfield, 1822
မျိုးရင်းသေး: Prionodontinae
Gray, 1864
မျိုးစု: Prionodon
Horsfield, 1822
မျိုးစိတ်

လင်စိုင် (Linsang)သည် ကြောင်နှင့်အလွန်တူသော တိရစ္ဆာန်ဖြစ်သည်။ အသားစားနို့တိုက်သတ္တဝါမျိုးဖြစ်ပြီး သစ်ပင်ပေါ်တွင်နေလေ့ရှိကာ မြွေ၊ ကြွက်နှင့် ငှက်ကလေးများကို အစာအတွက်အမဲလိုက်သော သားရဲတိရစ္ဆာန်အငယ်စားဖြစ်၏။ လင်စိုင်များသည် ပရီအွန်နိုဒွန်တီဒီး မျိုးရင်း၏ တစ်ခုတည်းသော ပရီအွန်နိုဒွန် မျိုးစုမှဖြစ်ပြီး ၎င်းမျိုးစုတွင် သိပ္ပံအမည် ပရီအွန်နိုဒွန် ပါဒီကာလာ ဟုခေါ်သော "လင်စိုင်ပြောက်" နှင့် ပရီအွန်နိုဒွန် လင်ဆန် ဟုခေါ်သော "လင်စိုင်ကြား" ဟူ၍ မျိုးစိတ်နှစ်မျိုးသာရှိလေသည်။ မြန်မာနိုင်ငံသည် ၎င်းမျိုးစိတ်နှစ်ခုလုံး၏ ဒေသရင်း နယ်မြေများထဲတွင် အပါအဝင်ဖြစ်လေ၏။[၁][၂]

တွေ့ရှိရသောဒေသများ[ပြင်ဆင်ရန်]

မြန်မာနိုင်ငံအပါအဝင်နှင့် အခြားသော အရှေ့တောင်အာရှဒေသနိုင်ငံများသည် လင်စိုင်များ၏ ဒေသရင်းနယ်မြေများဖြစ်လေသည်။ "လင်စိုင်ပြောက်" များကို မြန်မာနိုင်ငံအထက်ပိုင်း ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်အောက်ပိုင်းနှင့် ၎င်းနယ်မြေတို့နှင့် ထိစပ်နေသော တရုတ်နိုင်ငံနယ်စပ်ဒေသများတွင် တွေ့ရလေ့ရှိပြီး၊ "လင်စိုင်ကြား"များကို မြန်မာနိုင်ငံအောက်ပိုင်း တနင်္သာရီတိုင်းအတွင်း တွေ့ရှိရသည်။

ဇီဝမျိုးရိုးခွဲခြားခြင်း[ပြင်ဆင်ရန်]

လင်စိုင်များသည် ကြောင်နှင့်လွန်စွာတူသော တိရစ္ဆာန်ဖြစ်လင့်ကစား ကြောင်မျိုးရင်းဝင် မဟုတ်ဘဲ သီးသန့် လင်စိုင်မျိုးရင်းဝင်သာ ဖြစ်လေ၏။ သို့ရာတွင် လင်စိုင်မျိုးရင်း ပရီအွန်နိုဒွန်တီဒီး နှင့် ကြောင်မျိုးရင်း ဖဲလစ်ဒီး တို့အား သိပ္ပံနည်းကျ မျိုးရိုးဗီဇဆန်းစစ်ရာတွင် များစွာမကွဲပြားပဲ မျိုးစဉ်တူ အခြားမျိုးရင်းများထက် မျိုးရိုးအနီးစပ်ဆုံး ညီအစ်မမျိုးရင်းများ ဖြစ်ကြသည်ဟုသိရသည်။[၃]

ကိုးကား[ပြင်ဆင်ရန်]

  1. Pocock, R. I. (1939)။ "Genus Prionodon Horsfield"The Fauna of British India, including Ceylon and Burma။ Mammalia. – Volume 1။ London: Taylor and Francis။ pp. 334–342။
  2. Wozencraft၊ W.C. (2005)။ "ကာနီဗိုရာ မျိုးစဉ်"။ in Wilson၊ D.E.; Reeder၊ D.M (eds.)။ ကမ္ဘာပေါ်တွင်ရှိသော နို့တိုက်သတ္တဝါမျိုးစိတ်များ: မျိုးရိုးခွဲခြားခြင်းနှင့် ပထဝီမြေမျက်နှာပြင်ဆိုင်ရာ ရည်ညွှန်းကျမ်း (3rd ed.)။ Johns Hopkins University Press။ pp. 532–628။ ISBN 978-0-8018-8221-0OCLC 62265494
  3. Barycka, E. (2007). "Evolution and systematics of the feliform Carnivora" 72: 257–282.