လင်ကွန်းမြို့၊ အင်္ဂလန်

ဝီကီပီးဒီးယား မှ
လင်ကွန်းမြို့မှာ ကသီဒရယ် ဘုရားရှိခိုးကျောင်းကြီးအတွက် ကျော်ကြားလှသည်။

လင်ကွန်းမြို့သည် အင်္ဂလန်နိုင်ငံ ကမ်ဗာလန် ခရိုင်၏ ရုံးစိုက်ရာ မြို့ကြီးဖြစ်၍ အိဒင်မြစ် ပေါ်တွင် တည်ရှိ လေသည်။ စကော့တလန်ပြည် နယ်စပ်နှင့် ၁ဝမိုင်မျှပင် မကွာ ဝေးသော နယ်ခြားမြို့ တစ်မြို့ဖြစ်သည်။ ကျော်စော ထင်ရှား သော ကသီဒရယ်ဘုရားရှိခိုးကျောင်းကြီးနှင့် ရဲတိုက်ကြီးများ ရှိရာ၊ ဘုရားရှိခိုးကျောင်းကြီးမှာ ၁၁ ရာစုနှစ်အတွင်းက စတင် တည်ဆောက်ခဲ့ပြီးနောက် ၁၅ ရာစုနှစ်တွင် တစ်ဖန် ပြန်လည် တည်ဆောက်ခဲ့ပြန်သည်။ လင်ကွန်းရဲတိုက်ကြီးမှာ ၁ဝ၉၂ ခုနှစ် တွင် ဒုတိယဝီလျံဘုရင် တည်ဆောက်ခဲ့သော အဆောက်အအုံ ဖြစ်၍ ယခုအခါ ပျက်စီးချွတ်ယွင်းနေပြီ ဖြစ်သော်လည်း စစ် တန်းလျား အဖြစ် အသုံးပြုနေကြသေးသည်။ ထိုသို့ ရှေးကျလှ သော သမိုင်းဝင် အဆောက်အအုံကြီးများအပြင်ကြီး ကျယ်သော ပြည်သူ့အဆောက်အအုံကြီးများဖြစ်သည့် မြို့တော်ခန်းမကြီး၊ တရားရုံးတော်၊ ပြတိုက်နှင့် အနုပညာပြခန်းများလည်း ရှိသည်။ ဦးထုပ်လုပ်ခြင်း၊ အထည်အလိပ် ရက်လုပ် ခြင်း၊ ဗီစကွက် မုန့် လုပ်ခြင်းတို့မှာ ထင်ရှားသော လုပ်ငန်းများ ဖြစ်ကြလျက်၊ သံ ရည်ကျိုရုံများနှင့် အင်ဂျင်နီယာ အလုပ်ရုံများလည်း ရှိသည်။ မီးရထားလမ်းဆုံမြို့ တစ်မြို့ဖြစ်၍၊ လန်ဒန်မြို့မှ မီးရထားလမ်း အတိုင်း မိုင် ၃ဝဝ ခန့် ကွာဝေးသည်။[၁] လင်ကွန်းမြို့ လူဦးရေ မှာ ၂၀၀၈ ခုနှစ် ခန့်မှန်းခြေအရ ၈၈၄၀၀ ခန့် ဖြစ်၏။ [၂]


ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)
  2. Homepage - City of Lincoln Council