မာတိကာသို့ ခုန်သွားရန်

လက်သည်းနီ

ဝီကီပီးဒီးယား မှ
ပန်းရောင်လက်သည်းနီဆိုးဆေး

လက်သည်းနီ သည် ဆိုးဆေးအရည်တစ်မျိုး ဖြစ်သည်။ လက်သည်းနီကို အသုံးပြုကာ လူတို့၏ လက်သည်း၊ ခြေသည်းများတွင် အလှဆင်လိမ်းခြယ်ကြသည်။ ၎င်းသည် ခြေသည်း၊ လက်သည်းခွံများကိုလည်း အကာအကွယ်ပေးနိုင်သည်။ လက်သည်းနီများထုတ်လုပ်ရာတွင် အထပ်ထပ်အကြိမ်အကြိမ် စစ်ဆေးမြှင့်တင်မှုများ ပြုလုပ်ကြသည်။ လက်သည်းနီများ၏ အလှအပခြယ်သနိုင်မှုများကို မြှင့်တင်နိုင်ရန် ဖြစ်သည်။ လက်သည်းနီတွင် အော်ဂဲနစ်ပေါ်လီမာ (organic polymer) ဒြပ်ပေါင်းတစ်ခုနှင့် အမျိုးအစားပေါ်မူတည်ကာ အခြားသော ပါဝင်ပစ္စည်းများစွာလည်း ပါဝင်သည်။[]

သမိုင်း

[ပြင်ဆင်ရန်]

လက်သည်းနီများသည် တရုတ်နိုင်ငံတွင် စတင်အသုံးပြုခဲ့ကြသည်။ ၃၀၀၀ ဘီစီ အချိန်များက အသုံးပြုခဲ့ကြခြင်း ဖြစ်သည်။[][] ၆၀၀ ဘီစီပတ်ဝန်းကျင်ခန့်တွင် Zhou မင်းဆက် ကာလတွင် တော်ဝင်အိမ်တော်သည် ရွှေရောင်နှင့် ငွေရောင်တို့ကို နှစ်သက်ခဲ့ကြသည်။[]သို့သော် အနီရောင်နှင့် အနက်ရောင်ကိုမူ တော်ဝင်မိသားစုသည် နှစ်သက်စွာ အစားထိုး အသုံးပြုခဲ့ကြသည်။[] Ming မင်းဆက်ကာလတွင် လက်သည်းနီများကို ပျားဖယောင်း၊ ဥအဖြူရောင်များ၊ သစ်ရွက်ဆိုးဆေးများ၊ သစ်ဆေးများ စသည်တို့ကို ရောနှောကာ ပြုလုပ်ကြသည်။[][]

အီဂျစ်နိုင်ငံတွင်မူ ဇာတ်နိမ့်ပိုင်းလူများသည် ဖြူရော်သောအရောင်ရှိသည့် လက်သည်းနီများကို ဆိုးကြသည်။ ဇာတ်မြင့်အသိုင်းအဝိုင်းကမူ နီညိုရောင် လက်သည်းနီများကို လက်သည်းများတွင် ဝတ်ဆင်ကြသည်။ ထိုလက်သည်းနီဆိုးဆေးကို ဒန်းပင်မှ ပြုလုပ်ထားသည်။[][] ထိုဆိုးဆေးကို mummified pharaohs အဖြစ် လူအများသိကြသည်။ ၁၉ ရာစုသို့ ရောက်ရှိလာချိန်တွင်မူ လက်သည်းနီများတွင် သင်းပျံ့သည့်အနံ့ပါဝင်သည့် အနီရောင်အဆီများနှင့် အရောင်တင်ဆေးများကို အရောင်သန်းကာ ပြုလုပ်လာကြသည်။[]

၁၉ ရာစုနှင့် ၂၀ ရာစုအစောပိုင်းကာလများတွင် လူအများသည် အမှုန့်များ၊ ခရင်များ (cream)ကို လက်သည်းတွင် ဆိုးခြင်းထက် အရောင်တင်ဆေးကို အသုံးပြုသည့်နည်းကို ပိုမိုနှစ်သက်လာကြသည်။ Graf’s Hyglo လက်သည်းနီသည် ထိုအချိန်အခါက ရောင်းချထုတ်လုပ်သည့် လက်သည်းနီဆိုးဆေး တစ်မျိုး ဖြစ်သည်။[ကိုးကားချက်လိုသည်]

ဖက်ရှင်များတွင် အသုံးပြုမှု

[ပြင်ဆင်ရန်]

ပုံမှန်အားဖြင့် လက်သည်းနီသည် အကြည်၊ အနီ၊ ပန်း၊ ခရမ်းနု နှင့် အနက် အစရှိသည့် အရောင်များဖြင့်သာ စတင်ခဲ့သည်။ လက်သည်းနီများကို အမျိုးမျိုးသော အရောင်များ နှင့် ပုံသဏ္ဌာန်များဖြင့် တွေ့မြင်ရသည်။ ထိုကဲသို့ အရောင်တစ်မျိုးတည်းဖြင့် ထုတ်လုပ်ခဲ့သည့် နောက်ပိုင်းကာလများတွင်မူ တစ်ခေတ်ဆန်းကာ တိုးတက်လာခဲ့သည်။ အခြားသော ပုံသဏ္ဌာန်များဖြင့်လည်း ထုတ်လုပ်လာခဲ့သည်။ အခြားသော အလှဆင်အနုပညာပုံစံများကိုလည်း လက်သည်းနီတွင် ထည့်သွင်းထုတ်လုပ်လာကြသည်။ အခြားသော လက်သည်းဆိုးဆေးများသည် လက်သည်းများ၏ ကြီးထွားမှုကို အထောက်အကူပြုနိုင်ကြောင်း၊ လက်သည်းများ ပိုမိုကြံ့ခိုင်လာကြောင်း၊ လက်သည်းများ ကျိုးခြင်းမှလည်း အကာအကွယ်ပေးကြောင်း အစရှိသဖြင့် ကြော်ငြာလာကြသည်။

လူမှုကွန်ရက်

[ပြင်ဆင်ရန်]

လူမှုကွန်ရက်များတွင် လက်သည်းနီဆိုးဆေး ယဉ်ကျေးမှုသည် အသုံးပြုသူများ အကြားရေပန်းစားလာခဲ့သည်။ အသုံးပြုသူများဆီသို့ ပုံများကို မျှဝေပေးလာကြသည်။ "WWD ၏ ထုတ်ပြန်ကြေညာချက်အရ လက်သည်းနီဆိုးဆေးများသည် ၂၀၁၂ ခုနှစ်တွင် အမေရိကန်နိုင်ငံ၌ ဒေါ်လာ ၇၆၈ သန်းအထိ စံချိန်ချိုး ရောင်းအားရှိခဲ့သည်။ ၂၀၁၁ ခုနှစ်ကထက် ၃၂ ရာခိုင်နှုန်း ပိုမိုခဲ့သည့် ပမာဏပင် ဖြစ်သည်။ ဈေးကွက်မျာကလည်း တစ်ပတ်ချင်းစီတွင် ပစ္စည်းအသစ်များကို ကြေညာခဲ့ပေသည်။"[] လက်သည်းဆိုးဆေးနှင့် ဆက်စပ်ပစ္စည်းများသည် ၂၁ ရာစု၏ အစိတ်အပိုင်းတစ်ရပ်အနေဖြင့် ဈေးကွက်တွင် နေရာယူလာကြသည်။[] Pinterest, Instagram,Youtube တို့သည် အသုံးပြုသူများအကြား စာစုများတင်ကာ သူမတူသည့် လက်သည်းအလှအနုပညာများကို မျှဝေသည့် လူမှုကွန်ရက်များ ဖြစ်ကြသည်။ ထိုကဲ့သို့ လူမှုကွန်ရက်အသုံးပြုခြင်းသည် ကြည့်ရှုသူများအတွက် အဆင်ပြေ ကောင်းမွန်သည့် အချက်ဖြစ်သည်။ ကြည့်ရှုသူများသည် လူမှုကွန်ရက်တွင် တင်ထားသည်များကို ကြည့်ရှုကာ မိမိနှင့်အဆင်ပြေ လိုက်ဖက်မည့် ပုံစံများကို ရွေးချယ်နိုင်ပေသည်။

လက်သည်းနီဖျက်ဆေး

[ပြင်ဆင်ရန်]

လက်သည်းနီဖျက်ဆေးသည် အော်ဂဲနစ်ပစ္စည်းတစ်ခုဖြစ်သည်။ လက်သည်းနီဖျက်ဆေးအရည်ပုလင်းသည် ချည်သားစကလေးဖြင့် တွဲဖက် အသုံးပြုရသည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. 1 2 3 4 5 Toedt၊ John; Koza၊ Darrell; Cleef-Toedt၊ Kathleen van (2005)။ Chemical Composition Of Everyday Products။ Greenwood Publishing Group။ p. 49ISBN 978-0-313-32579-3
  2. 1 2 Sherrow၊ Victoria (2001)။ For appearance' sake: The historical encyclopedia of good looks, beauty, and grooming။ Phoenix: Oryx Press။ p. 119ISBN 978-1-57356-204-1
  3. Draelos, Zoe Diana (2011)။ Cosmetic Dermatology: Products and Procedures။ John Wiley & Sons။ p. 46။ ISBN 978-1-4443-5951-0
  4. Alpert, Arlene; Altenburg, Margrit & Bailey, Diane (2002)။ Milady's Standard Cosmetology။ Cengage Learning။ p. 8။ ISBN 978-1-56253-879-8 Cite uses deprecated parameter |lastauthoramp= (အကူအညီ)
  5. http://search.proquest.com/docview/1477854392
  6. Sun၊ Feifei (2013-01-28)။ Nail Polish Sales Hit Record $768 Million in U.S. Time 2013-12-06 တွင် ပြန်စစ်ပြီး။
  7. The Science Behind Magnetic Nail Polish 22 June 2017 တွင် ပြန်စစ်ပြီး။