ရှော့ဘား

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ရှော့ဘား (အင်္ဂလိပ်: Shock Absorber) သည် အရွေ့စွမ်းအင်ကြောင့် ဖြစ်လာသည့် ဆောင့်ရှိန်ကို ပြေပြစ်/လျော့ပါးအောင် ပြုလုပ်ပေးသည့် စက်မှုပစ္စည်း ဖြစ်သည်။ ဆိုင်ကယ်နှင့် ပြိုင်ဘီးတို့တွင် ရှော့ဘားထုတ်သည့် ကုမ္ပဏီကို အစွဲပြုကာ ဖောက် (Fox) ဟုလည်း ခေါ်လေ့ရှိသည်။

အခြား အသုံးတူ အမည်ကွဲတို့မှာ ဒန်ပါ (Damper) နှင့် ဒက်ပေါ့ (Dashpot) ဖြစ်သည်။

ဖန်တီးပုံ[ပြင်ဆင်ရန်]

လေအားသုံးနှင့် ဟိုက်ဒရောလစ်သုံး ရှော့ဘားတို့ကို ကူရှင် (Cushion) နှင့် စပရိန် (Spring) တို့ဖြင့် တွဲသုံးသည်။ ကားရှော့ဘားတွင် အတွင်းဘက်ပစ္စတင် (Piston) သို့ ဆီကျွေးခြင်းကို စပရိန်တပ် အထိန်းဘား (Check valve) နှင့် ထိန်းသည်။

အသုံးများ[ပြင်ဆင်ရန်]

ရှော့ဘားများသည် ကား၊ ဆိုင်ကယ်တို့၏ ဆွဲဆိုင်းစနစ် (Suspension) တွင် အရေးပါသော အပိုင်းဖြစ်သည်။ လေယာဉ်၏ အဆင်းဂီယာတွင်လည်းကောင်း၊ စက်မှုလုပ်ငန်းသုံး စက်များတွင်လည်းကောင်း အသုံးတော်ခံရလေ့ ရှိသည်။

ဘေးတိုက်တပ် ရှော့ဘားကို ယောဒန်ပါ (Yaw Damper) ဟု ခေါ်ပြီး ရထားတွဲများ အရှိန်သတ်ရန် သုံးသည်။