ရှူးဂါး

ဝီကီပီးဒီးယား မှ
ရှူးဂါး
Suga on the Billboard Music Awards red carpet, 1 May 2019 02.jpg
၂၀၁၉ ​မေလ ၁ရက်နေ့ ​Billboard Music Awards ကော်ဇောနီလျှောက်လှမ်းပေါ်က ရှူးဂါး
မွေးဖွားမင်းယွန်းဂီ
(1993-03-09) ၉ မတ်၊ ၁၉၉၃ (အသက် ၃၀)
ဒယ်ဂူမြောက်ပိုင်းခရိုင်၊ ​တောင်ကိုရီးယား​[၁]
အလုပ်အကိုင်
  • Rapper
  • songwriter
  • record producer
တက်ကြွလှုပ်ရှားနှစ်များ2010–present
ရရှိသည့်ဆုများROK Order of Cultural Merit Hwa-gwan (5th Class) ribbon.PNG Hwagwan Order of Cultural Merit (2018)
ဂီတခရီးလမ်း
အခြားအမည်များAgust D
ဂီတဟန်
တူရိယာVocals
တေးသံသွင်း ကုမ္ပဏီBig Hit
ပူးတွဲ ပါဝင်မှုဘီတီအက်စ်
Korean name
အက္ခရာဖလှယ်ခြင်းများ
ဟန်ဂုလ်민윤기
ဟန်ဂျာ閔玧其
RRအက္ခရာဖလှယ်ခြင်း:Min Yun-gi
MRအက္ခရာဖလှယ်ခြင်း:Min Yunki
လက်မှတ်
Suga's signature.svg

မင်ယွန်ဂီ (ကိုရီးယား: 민윤기၊ ၁၉၉၃ မတ် ၉ ဖွား) သည် အနုပညာအမည် ရှူးဂါးAgust D တို့ဖြင့် ထင်ရှားသော တောင်ကိုရီးယားနိုင်ငံသား ရက်ပါ၊ တေးရေးနှင့် တေးထုတ်လုပ်သူ ဖြစ်သည်။ ဘစ်ဟစ်ဖျော်ဖြေရေးမှ ဘီတီအက်စ် အမျိုးသားတေးဆိုအဖွဲ့တွင် အဖွဲ့ဝင်အဖြစ်ပါဝင်ကာ ၂၀၁၃ ခုနှစ်တွင် ပွဲထွက်ခဲ့သည်။ ၂၀၁၆ ခုနှစ်၌ ပထမဆုံး တကိုယ်တော် အခွေကြမ်း Agust D ကို ဖြန့်သည်။ ၂၀၁၈ ခု၌ ၎င်းကိုပင် ဒစ်ဂျစ်တယ်ဖြင့် ရောင်းသည်။ သီချင်းလွှင့်သော လုပ်ငန်းများကိုလည်း ရောင်းသည်။ ဤအခါ၌ ဘီလ်ဘုတ်၏ ကမ္ဘာ့သီချင်းခွေကားချပ်စာရင်းတွင် နံပါတ် ၃ ချိတ်၏။ ၂၀၂၀ ပြည့်တွင် ဒုတိယမြောက် တကိုယ်တော် အခွေကြမ်း ဒီတူး ကို ဖြန့်သည်။ အမေရိကန် ဘီလ်ဘုတ် ၂၀၀ စာရင်း၌ နံပါတ် ၁၁၊ ယူကေ သီချင်းခွေကားချပ်စာရင်းတွင် နံပါတ် ၇၊ ဩစတေးလျ၏ အရိယာ သီချင်းခွေကားချပ်ဇယားတွင် နံပါတ် ၂ အသီးသီး နေရာရသည်။ ကိုရီးယားတေးသီချင်းမူပိုင်ခွင့်အသင်းမှ စာရင်းအရ တေးရေးအဖြစ်လည်းကောင်း၊၊ တေးထုတ်လုပ်သူအဖြစ်လည်းကောင်း ပါဝင်သော တေး ၁၀၀ ကျော် ရှိပြီဟု သိရသည်။ ၎င်းတို့အနက် ၂၀၁၇ ဖရဲသီးတေးသီချင်းဆုပေးပွဲတွင် အကောင်းဆုံး ဆိုး/အာရမ္ဘီသီချင်းဆုရသည့် ဂအွန်တေးသီချင်းကားချပ်စာရင်းတွင် နံပါတ် ၂ ချိတ်သော သုရန်ဝိုင် သီချင်းလည်း အဝင်အပါဖြစ်၏။

  1. 대구 토박이 '부심'들게 만드는 대구 출신 미모의 아이돌 6인 (in ko) (January 26, 2020)။ November 5, 2020 တွင် ပြန်စစ်ပြီး။