ရှီယာ မူဆလင်၏ သမိုင်း

ဝီကီပီးဒီးယား မှ


ရှီအာမွစ်လင်(မ)
သည် မွစ်လင်(မ)အသိုင်းအဝိုင်းအကြား စွန္နီမွစ်လင်(မ)ပြီးနောက်ဒုတိယအများဆုံးဖြစ်ပေသည်။ ရှီအာမွစ်လင်(မ)တို့သည် တမန်တော်မိုဟမ္မဒ်(ဆွ)နှင့် သူ၏အနွယ်တော်ဝင်အဲဟ်လေဘိုင်းသ်(အ.စ)တို့၏သွန်သင်မှုအတိုင်းလျှောက်လှမ်းကြသူများဖြစ်ပေသည်။ ထိုအဲဟ်လေဘိုင်းသ်(အ.စ)တို့သည် မိုဟမ္မဒ်(ဆွ)မှတဆင့် ဖှာတေမာ(စ.အ)နှင့် အလီ(အ.စ)တို့မှဆင်းသက်လာခဲ့သည့်အတွက် ရှီအာမွစ်လင်(မ)တို့သည် တမန်တော်မိုဟမ္မဒ်(ဆွ)၏ မြေးတော်များကို မိမိတို့၏ခေါင်းဆောင်၊ဦးရှောင်နှင့် လမ်းပြသူများဟု သတ်မှတ်လက်ခံခဲ့ကြလေသည်။ ရှီအာမွစ်လင်(မ)တို့အကြားတွင်လည်း စွန္နီမွစ်လင်(မ)များကဲ့သို့ ဂိုဏ်းဂဏ္ဍများအမျိုးမျိုးကွဲခဲ့လေသည်။ ထိုဂိုဏ်းဂဏ္ဍများအကြား အုပ်စု(၃)သာ နောက်လိုက်များခဲ့ပြီး ကျန်ဂိုဏ်းဂဏ္ဍများတွင်မူ နောက်လိုက်နည်းပါးလေသည်။

နိုင်ငံရေးသမိုင်းရှု့ထောင့်အရကြည့်မည်ဆိုလျှင် ရှီအာ့သမိုင်းတွင် ခေတ် အဆင့်ဆင့်ရှိခဲ့ပေသည်။ ပထမဆုံးခေတ်သည် (တမန်တော်မြတ်(ဆွ) သည် အေဒီ(၆၃၂)ခုနှစ်တွင်ကွယ်လွန်တော်မူခဲ့လေသည်။)ထိုသို့ကွယ်လွန်တော်မူသည့်ကာလမှစတင်ခဲ့ပြီး အေဒီ (၆၈၀)ခုနှစ် ကရ်ဘလာအခင်းဖြစ်ပွားချိန်ထိ ဖြစ်လေသည်။ ထိုကာလသည် အေမာမ်အလီ(အ.စ)၊ဟစန်အိဘ်နေအလီ(အ.စ)နှင့် ဟိုစိုင်းန်အိဘ်နေအလီ(အ.စ)တို့ ၏ခေတ်ကာလများဖြစ်ပေသည်။၎င်းနောက်ပိုင်းတွင် မွစ်လင်(မ)ထုကြီးအကြား၌ ရှီအာမွစ်လင်(မ)ဟူသော ဂိုဏ်းသည် ကွဲပြားစွာပေါ်ထွက်လာခဲ့ပြီး စွန္နီခလီဖှာများနှင့် ဆန့်ကျင်ဘက်တွင်ရှိခဲ့ကြလေသည်။ ထိုကာလသည် ကရ်ဘလာအခင်းဖြစ်ပွားပြီးချိန်မှ ရှီအာများအတွင်းမှ လူ(၉၀၀)ခန့်စုစည်းခဲ့မိချိန်မှစတင်ခဲ့ပြီးနောက် လူဦးရေသည်လည်း တိုးပွားလာခဲ့လေသည်။ ယင်းကာလအတွင်း ရှီအာတို့အကြားတွင် ဂိုဏ်းများအသီးသီးကွာသွားခဲ့ကြလေသည်။ ရှီအာသမိုင်းတွင် တတိယခေတ်သည် (၇၈၀-၉၇၄)ခုနှစ်တွင် မိုရိုကိုနိုင်ငံ၌ အဒ်ရီးစ်ခေတ်များအကြား ပထမဦးဆုံးရှီအာအစိုးရကို ဖြစ်ပေါ်လာခဲ့လေသည်။၎င်းနောက် အလာအဝေးဒ်ခေတ်များအကြား (၈၂၆-၉၂၈)ခုနှစ်များအတွင်း အီရန်နိုင်ငံ မာဇင်ဒရားန်(သဘဲရ်ရီစ်တာန်)ပြည်နယ်တွင် ရှီအာအုပ်ချုပ်ရေးကို ထူထောင်ခဲ့သည်။၎င်းတို့သည် ခေတ်နှစ်ဆက်တွင် အလွန်မှပင် အင်အားတောင့်တင်းသောသူများ ဖြစ်ခဲ့ကြလေသည်။(၉၀၉)ခုနှစ်တွင် အရီကီယာဒေသ၌ ဖှာတေမီအုပ်ချုပ်ရေးပေါ်ပေါက်လာခဲ့သည်။ ယင်းအုပ်ချုပ်ရေးသည် (၁၁၇၁)ခုနှစ်အထိ မိုရိုကို၊အီဂျီစ်နှင့် လဝါနသ် စသည့်နေရာဒေသအသီးသီးသို့ပျံ့နှံ့သွားခဲ့ပြီး ရှီအာအုပ်ချုပ်ရေးယန္တရားများဖြစ်ပေါ်လာခဲ့လေသည်။(၉၃၀)ခုနှစ်ဝန်းကျင်ခန့်တွင် အီရန်နိုင်ငံမြောက်ပိုင်းတွင် ဘီဒီးဒ်မင်းဆက်များပေါ်ပေါက်လာခဲ့ပြီး ၎င်းအုပ်ချုပ်ရေးသည် (၁၀၄၈)ခုနှစ်အထိ အီရန်နိုင်ငံအတွင်းတွင်သာမက အီရတ်နိုင်ငံအထိ အာဏာစိုးမိုးခဲ့လေသည်။ ထို့အပြင် ယီမန်ဒေသတွင်လည်း ရှီအာအေမာမ်များအဆက်ဆက်ရှိလာခဲ့သည်။ သို့သော် ၎င်းတို့သည် ဇိုင်ဒီယာရှီအာများဖြစ်လေသည်။

စကီဖှာမှ ကရ်ဘလာသို့[ပြင်ဆင်ရန်]

မိုဟမ္မဒ်(ဆွ)သည် မက္ကာြမို့မှ မဒီနာမြို့သို့ မထွက်ခွာမီ မက္ကာမြို့တွင် မိမိတို့အကြားစည်းရုံးညီညွတ်ကြရန် မိန့်ခွန်းပြောခဲ့လေသည်။ ထို့နောက် အာရေဗျကျွန်းဆွယ်ကြီးပေါ်၌ နေထိုင်ကြသော အာရဗ်တို့အကြား တစ်စုတစည်းတည်းဖြစ်စေရန် ကြိုးပမ်းခဲ့လေသည်။ သို့သော် အေဒီ(၆၃၂)ခုနှစ် မိုဟမ္မဒ်သခင်(ဆွ)ကွယ်လွန်တော်မူသည်နှင့်တပြိုင်နက် မွစ်လင်(မ)ထုကြီးအကြား ခေါင်းဆောင်မှုပိုင်းဆိုင်ရာတွင် ကွဲလွဲမှုများဖြစ်ပေါ်ခဲ့ကြလေသည်။ မိုဟမ္မဒ်သခင်(ဆွ)ကွယ်လွန်သွားခဲ့ချိန်တွင် မိုဟမ္မဒ်သခင်၏ဦးရီးတော်၏သား အလီအိဘ်နေအဘီသွာလိဘ်(အ.စ)နှင့် သမီးတော်ဖှာတေမာ(စ.အ)တို့အပြင် ၎င်းတို့နှစ်ဦး၏သားသမီးများသည် မိုဟမ္မဒ်သခင်(ဆွ)၏ ဈာပနအခမ်းအနားအတွက် အလုပ်များနေခဲ့ချိန်ဖြစ်ပေသည်။ ထိုအချိန်တွင် တစ်ဘက်၌ မက္ကာမြို့မှ ပြောင်းရွှေ့လာခဲ့သော မျိုးနွယ်စုတို့၏ခေါင်းဆောင်များနှင့် မဒီနာမြို့တွင်ယခင်ကတည်းမှ နေထိုခဲ့သော မျိုးနွယ်စုခေါင်းဆောင်များအကြား စကီဖှာ မည်သော နေရာတွင် မည်သူကိုမျှအသိမပေးပဲ တိတ်တစိတ် ခေါင်းဆောင်ရွေးချယ်ပွဲ ပြုလုပ်နေခဲ့ကြလေသည်။ (သို့သော် ဂဒီးရ်-ရေ-ခွမ်ဆိုသော နေရာတွင် အလီအိဘ်နေအဘီသွာလီဘ်(အ.စ)အား မိမိနောက်ပိုင်းဆက်ခံမည့်သူ ဟူ၍ မွစ်လင်(မ)တို့အကြား အများသိအောင်ကြေညာခဲ့လေသည်။ ထိုအကြောင်းအရာနှင့်ပတ်သက်၍ အိုမရ်သည် ထိုပထမဆုံး မင်္ဂလာစကားပြောကြားခဲ့သူဖြစ်ပြီး ရှိရှိသမျှသော မျိုးနွယ်စုခေါင်းဆောင်များနှင့် သာဝကတို့အား အလီ(အ.စ)နှင့် သစ္စာခံရန် တမန်တော်မိုဟမ္မဒ်(ဆွ)မှ မိန့်ကြားခဲ့မှုကြောင့် ထိုနေရာ၌ ၎င်းသူအားလုံးတို့သည် အလီ(အ.စ)နှင့် သစ္စာခံ(ဘိုင်အသ်)ပြုလုပ်ခဲ့ကြလေသည်။) ၎င်းတို့၏ထိုလုပ်ရပ်သည် ဂဒီးရ်တွင် ပြုလုပ်ခဲ့သော သစ္စာခံမှုကို ချိုးဖေါက်၍ မိမိတို့သဘောဆန္ဒများအရ အစ္စလာမ့်ခေါင်းဆောင်ရွေးချယ်တင်မြှောက် ခဲ့ခြင်းပင်ဖြစ်လေသည်။ ထိုသို့ဖြင့် အဘူဘက်ရ်အား ခလီဖှာ (မွစ်လင်(မ))တို့၏ခေါင်းဆောင်အဖြစ်ရွေးချယ်လိုက်ကြလေသည်။ ထို့နောက် မိုဟမ္မဒ်သခင်(ဆွ)၏ အနွယ်တော်ဝင်တို့နှင့် ကိုယ်တော်မြတ်(ဆွ)နှင့် သူ၏အနွယ်တော်ဝင်များကို ချစ်ခင်ကြည်ညိုလေးစားသူတို့သည် ထို့သို့ရွေးချယ်တင်မြှောက်ခဲ့မှုအပေါ် ( မိုဟမ္မဒ်သခင်(ဆွ)၏မှာကြားမှုကို အလေးမထားခဲ့သည့်အတွက်) စောဒကတက်ဆန့်ကျင်ခဲ့ကြလေသည်။ စွန္နီတို့၏ခံယူချက်တွင် မိုဟမ္မဒ်(ဆွ)သည် မည်သူကိုမျှ မိမိနောက်ဆက်ခံမည့်သူကို သတ်မှတ်ခဲ့ခြင်းမရှိပေ ဟုဖြစ်သော်လည်း ရှီအာတို့အကြားခံယူထားကြသည်မှာ တမန်တော်မြတ်ကြီး(ဆွ)သည် မိမိနောက်ဆက်ခံသူသည် မည်သူမည်ဝါဖြစ်ကြောင်းကို နေရာဒေသအသီးသီးနှင့် အနေအထားအမျိုးမျိုးတို့တွင် အကြိမ်ကြိမ် အမည်နာမတော်နှင့် တကွဖြစ်ပြခဲ့လေသည်။ ထိုသူသည်အလီ(အ.စ)ပင်ဖြစ်ပေသည်။ ယုတ်စွအဆုံး တမန်တော်မိုဟမ္မဒ်သည် မိမိ၏နောက်ဆုံးအချိန် အိပ်ယာအတွင်းလဲနေချိန်တွင် အလီ(အ.စ)သည် မိမိနောက်ဆက်ခံမည့်သူဖြစ်ကြောင်း အမည်နာမတော်နှင့်တကွ သတ်မှတ်၍ မှားသွားခဲ့လေသည်။ သုဖြစ်လေသည်။ စကီဖှာတွင်

အဘူဘက်ရ်အား ခလီဖှာအဖြစ် ရွေးချယ်လိုက်သည့်နောက်ဆက်တွဲအကြောင်းအရာသည် အိုမရ်နှင့် ခါလီဒ်အိဘ်နေဝလီးဒ်တို့ဦးခေါင်မှုဖြင့် သခင်မကြီးဖှာတေမာ(စ.အ)အိမ်အား မီးရှို့၍ ဝင်ရောက်တိုက်ခိုက်သည့် ပြဿနာအကြောင်းအရာပင်ဖြစ်လေသည်။[၁]မိုဟမ္မဒ်(ဆွ)သည် မက္ကာမြို့မှ မဒီနာမြို့သို့ မထွက်ခွာမီ မက္ကာမြို့တွင် မိမိတို့အကြားစည်းရုံးညီညွတ်ကြရန် မိန့်ခွန်းပြောခဲ့လေသည်။ ထို့နောက် အာရေဗျကျွန်းဆွယ်ကြီးပေါ်၌ နေထိုင်ကြသော အာရဗ်တို့အကြား တစ်စုတစည်းတည်းဖြစ်စေရန် ကြိုးပမ်းခဲ့လေသည်။ သို့သော် အေဒီ(၆၃၂)ခုနှစ် မိုဟမ္မဒ်သခင်(ဆွ)ကွယ်လွန်တော်မူသည်နှင့်တပြိုင်နက် မွစ်လင်(မ)ထုကြီးအကြား ခေါင်းဆောင်မှုပိုင်းဆိုင်ရာတွင် ကွဲလွဲမှုများဖြစ်ပေါ်ခဲ့ကြလေသည်။ မိုဟမ္မဒ်သခင်(ဆွ)ကွယ်လွန်သွားခဲ့ချိန်တွင် မိုဟမ္မဒ်သခင်၏ဦးရီးတော်၏သား အလီအိဘ်နေအဘီသွာလိဘ်(အ.စ)နှင့် သမီးတော်ဖှာတေမာ(စ.အ)တို့အပြင် ၎င်းတို့နှစ်ဦး၏သားသမီးများသည် မိုဟမ္မဒ်သခင်(ဆွ)၏ ဈာပနအခမ်းအနားအတွက် အလုပ်များနေခဲ့ချိန်ဖြစ်ပေသည်။ ထိုအချိန်တွင် တစ်ဘက်၌ မက္ကာမြို့မှ ပြောင်းရွှေ့လာခဲ့သော မျိုးနွယ်စုတို့၏ခေါင်းဆောင်များနှင့် မဒီနာမြို့တွင်ယခင်ကတည်းမှ နေထိုခဲ့သော မျိုးနွယ်စုခေါင်းဆောင်များအကြား စကီဖှာ မည်သော နေရာတွင် မည်သူကိုမျှအသိမပေးပဲ တိတ်တစိတ် ခေါင်းဆောင်ရွေးချယ်ပွဲ ပြုလုပ်နေခဲ့ကြလေသည်။ (သို့သော် ဂဒီးရ်-ရေ-ခွမ်ဆိုသော နေရာတွင် အလီအိဘ်နေအဘီသွာလီဘ်(အ.စ)အား မိမိနောက်ပိုင်းဆက်ခံမည့်သူ ဟူ၍ မွစ်လင်(မ)တို့အကြား အများသိအောင်ကြေညာခဲ့လေသည်။ ထိုအကြောင်းအရာနှင့်ပတ်သက်၍ အိုမရ်သည် ထိုပထမဆုံး မင်္ဂလာစကားပြောကြားခဲ့သူဖြစ်ပြီး ရှိရှိသမျှသော မျိုးနွယ်စုခေါင်းဆောင်များနှင့် သာဝကတို့အား အလီ(အ.စ)နှင့် သစ္စာခံရန် တမန်တော်မိုဟမ္မဒ်(ဆွ)မှ မိန့်ကြားခဲ့မှုကြောင့် ထိုနေရာ၌ ၎င်းသူအားလုံးတို့သည် အလီ(အ.စ)နှင့် သစ္စာခံ(ဘိုင်အသ်)ပြုလုပ်ခဲ့ကြလေသည်။) ၎င်းတို့၏ထိုလုပ်ရပ်သည် ဂဒီးရ်တွင် ပြုလုပ်ခဲ့သော သစ္စာခံမှုကို ချိုးဖေါက်၍ မိမိတို့သဘောဆန္ဒများအရ အစ္စလာမ့်ခေါင်းဆောင်ရွေးချယ်တင်မြှောက် ခဲ့ခြင်းပင်ဖြစ်လေသည်။ ထိုသို့ဖြင့် အဘူဘက်ရ်အား ခလီဖှာ (မွစ်လင်(မ))တို့၏ခေါင်းဆောင်အဖြစ်ရွေးချယ်လိုက်ကြလေသည်။ ထို့နောက် မိုဟမ္မဒ်သခင်(ဆွ)၏ အနွယ်တော်ဝင်တို့နှင့် ကိုယ်တော်မြတ်(ဆွ)နှင့် သူ၏အနွယ်တော်ဝင်များကို ချစ်ခင်ကြည်ညိုလေးစားသူတို့သည် ထို့သို့ရွေးချယ်တင်မြှောက်ခဲ့မှုအပေါ် ( မိုဟမ္မဒ်သခင်(ဆွ)၏မှာကြားမှုကို အလေးမထားခဲ့သည့်အတွက်) စောဒကတက်ဆန့်ကျင်ခဲ့ကြလေသည်။ စွန္နီတို့၏ခံယူချက်တွင် မိုဟမ္မဒ်(ဆွ)သည် မည်သူကိုမျှ မိမိနောက်ဆက်ခံမည့်သူကို သတ်မှတ်ခဲ့ခြင်းမရှိပေ ဟုဖြစ်သော်လည်း ရှီအာတို့အကြားခံယူထားကြသည်မှာ တမန်တော်မြတ်ကြီး(ဆွ)သည် မိမိနောက်ဆက်ခံသူသည် မည်သူမည်ဝါဖြစ်ကြောင်းကို နေရာဒေသအသီးသီးနှင့် အနေအထားအမျိုးမျိုးတို့တွင် အကြိမ်ကြိမ် အမည်နာမတော်နှင့် တကွဖြစ်ပြခဲ့လေသည်။ ထိုသူသည်အလီ(အ.စ)ပင်ဖြစ်ပေသည်။ ယုတ်စွအဆုံး တမန်တော်မိုဟမ္မဒ်သည် မိမိ၏နောက်ဆုံးအချိန် အိပ်ယာအတွင်းလဲနေချိန်တွင် အလီ(အ.စ)သည် မိမိနောက်ဆက်ခံမည့်သူဖြစ်ကြောင်း အမည်နာမတော်နှင့်တကွ သတ်မှတ်၍ မှားသွားခဲ့လေသည်။ သုဖြစ်လေသည်။

စကီဖှာတွင်အဘူဘက်ရ်အား ခလီဖှာအဖြစ် ရွေးချယ်လိုက်သည့်နောက်ဆက်တွဲအကြောင်းအရာသည် အိုမရ်နှင့် ခါလီဒ်အိဘ်နေဝလီးဒ်တို့ဦးခေါင်မှုဖြင့် သခင်မကြီးဖှာတေမာ(စ.အ)အိမ်အား မီးရှို့၍ ဝင်ရောက်တိုက်ခိုက်သည့် ပြဿနာအကြောင်းအရာပင်ဖြစ်လေသည်။ထိုပြဿနာသည် မွစ်လင်(မ)ထုအကြားနှစ်ပိုင်းကွဲသွားစေခဲ့သည်။ ထိုမှတစ်ဆင့် စွန္နီနှင့်ရှီအာဟူ၍ အုပ်စုနှစ်စု ဆင်းသက်လာခဲ့လေသည်။၎င်းတို့အကြားအချို့သည် အလီ(အ,စ)၏နောက်လိုက်များဖြစ်သွားခဲ့ကြပြီး အချို့သည် အဘူဘက်ရ်၊အိုမရ်နှင့် အွစ်မာန်းနောက်လိုက်များဖြစ်လာခဲ့ကြသည်။ စွန္နတို့ဘက်မှ စောဒကတက်ကြသည်မှာ အကယ်၍ အမှန်တကယ်တမန်တော်မြတ်ကြီး(ဆွ)ဘက်မှ အလီ(အ.စ)အား ခန့်အပ်ခဲ့သည်ဆိုပါက အလီ(အ.စ)သည် မိမိ၏ရပိုင်ခွင့်ကို ရယူရန်အတွက် အဘယ်ကြောင့် အဘူဘက်ရ်၊အိုမရ်နှင့်အွစ်မာန်တို့အား စစ်မခင်းခဲ့ပါသနည်း ဟုဖြစ်လေသည်။ ၎င်းမေးခွန်းနှင့်ပတ်သက်၍ ရှီအာတို့ဘက်မှ ဖြေကြားထားသည်မှာ - ပထမအနေဖြင့် အလီ(အ.စ)ဘက်၌ စစ်ခင်းနိုင်ဖို့ရန် စစ်သည်အင်အား မရှိခဲ့ပါ။ ဒုတိယအနေဖြင့် အလီ(အ.စ)သည် တမန်တော်မြတ်ကြီး(ဆွ)ကြိုးပမ်း၍ တည်ဆောင်ခဲ့သော အစ္စလာမ့်အုပ်ချုပ်ရေးသည် အလွန်မှပင် သက်တမ်းအားဖြင့် နုသေးပေသည်။ ထိုသို့သောအနေအထားတွင် စစ်ခင်းမည်ဆိုပါက မကြာသေးမီမှ ပေါ်ပေါက်လာခဲ့သော အစ္စလာမ့်အုပ်ချုပ်ရေးစနစ်သည် ပြန်လည်ပျက်စီးသွားမည်ကို မလိုလားသဖြင့် ၎င်းတို့နှင့် စစ်မခင်းခဲ့ပေဟု ဖြစ်လေသည်။

ကွဲပြားခြားနားခြင်းနှင့်ဂုဏ်ထူး[ပြင်ဆင်ရန်]

ရှီအာနှင့်စွန္နီတို့သည် တမန်တော်မြတ်(ဆွ)ကွယ်လွန်ပြီးနောက် နိုင်ငံရေးပြဿနာအပေါ်မူတည်၍ ကွဲခဲ့သော ဂိုဏ်းများဖြစ်သည်။ ရှီအာတို့၏ခံယူချက်တွင် အလီ(အ.စ)သည် ပထမခလီဖှာ ဖြစ်သည်သလို အဘူဘက်ရ်၊အိုမရ်နှင့် အွစ်မာန်းတို့သည် ရာထူးနှင့် အရိုက်အရာကို မတရားသိမ်းပိုက်လုယူထားသူများဖြစ်သည် ဟု ဆိုထားသည့်အတွက် ထို(၃)ဦးနှင့် ၎င်းတို့၏ဘက်တော်သားတို့မှ ဆင့်ပြန်ထားသော ဟဒီးစ်တိုင်းကို ရှီအာဟဒီးစ်ပညာရှင်များမှ စစ်မှန်သောဟဒီးစ်ဟူ၍ မသတ်မှတ်ကြပေ။

ထို့အတွက်ကြောင့် ရှီအာတို့အကြား စစ်မှန်ကြောင်းထောက်ခံထားသော ဟဒီးစ်တော်များသည် စွန္နီတို့အကြား စစ်မှန်သည်ဟု ထောက်ခံထားသော ဟဒီးစ်တော်များထက် နည်းပါးသည်ကိုတွေ့ရပေသည်။ အဘယ်ကြောင့်ဆို့သော် မြောက်မြားစွာသော ဟဒီးစ်တို့သည် ရှီအာတို့အဖို့လက်ခံနိုင်သည့်အရည်အချင်းနှင့် မပြည့်မီသောအတွက်ကြောင့်ပင်ဖြစ်လေသည်။ ရှီအာတို့သည် အထူးသဖြင့် နမားဇ်အပြင် ထိမ်းမြားမှုနှင့် စပ်ဆိုင်သော ၎င်းတို့မှ ဆင့်ပြန်ထားသော ဟဒီးစ်တော်များကို ထောက်ခံထားခြင်းမရှိချေ။ ရှီအာတို့သည် တမန်တော်မြတ်(ဆွ)နှင့် သူ၏အနွယ်တော်ဝင်များထံမှ လာရှိထားသော ဟဒီးစ်တော်များကိုသာ ဦးစားပေးကြလေသည်။

အကိုင်းအခက်များထွက်ပေါ်လာခြင်း[ပြင်ဆင်ရန်]

ဘိုးနှင့်မိသားစုအပင်[ပြင်ဆင်ရန်]

Quraysh tribe
Abd Manaf ibn Qusai Ātikah bint Murrah


















































‘Abd Shams Barra Hala Muṭṭalib Hashim
Umayya ibn Abd Shams ‘Abd al-Muttalib
Harb Abu al-'As ʿĀminah ʿAbd Allāh Abî Ṭâlib Hamza Al-‘Abbas
ʾAbī Sufyān ibn Harb Al-Hakam Affan ibn Abi al-'As MUHAMMAD
(Family tree )
Khadija bint Khuwaylid `Alî al-Mûrtdhā Khawlah bint Ja'far ʿAbd Allâh
Muʿāwiyah Marwan I Uthman ibn Affan Ruqayyah Fatima Zahra Muhammad ibn al-Hanafiyyah ʿAli bin ʿAbd Allâh
Umayyad Caliphate Uthman ibn Abu-al-Aas

Hasan al-Mûjtabâ

Husayn bin Ali
(Family tree)
al-Mukhtār ibn Abī ‘Ubayd Allah al-Thaqafī
(Abû‘Amra`Kaysan’îyyah)
Muhammad "al-Imâm" (Abbasids)

ကွဲပြားခြင်းနှင့် madh 'habs[ပြင်ဆင်ရန်]

Quraysh
'Abd Manaf
'Abd Shams Hashim
Umayya 'Abdu'l-Muttalib
Harb Ab'l-As 'Abdu'llah Abu Talib al-'Abbas
Muhammad
Abu sufyan al-Hakam Affan Fatima 'Ali 'Abbasid Caiphs
Mu'awiya Marwan 'Uthman Hasan Husain Muhammad
ibn Hanafiyya
Early
Ummayad Caliphs
Later
Ummayad Caliphs
Idrisids in N. Africa,
some Zaydi Imams
'Ali
Zaynu'l-Abidin
Kaysaniyya Sect
Muhammad,
al-Baqir
Zayd
Jafar,
as-Sadiq
Zaydi
Isma'il Musa,
al-Kazim
Isma'ili Fatimid
Caliphate in Egypt
'Ali,
ar-Rida
Isma'ili Shi'ism Muhammad,
al-Taqi
'Ali,
al-Hadi
Hasan
al-Askari
Imam Mahdi
Ithnā‘ashari
(twelvers)

ရှီအာအင်ပါယာများ[ပြင်ဆင်ရန်]

Shia Rule
Buyid empire in 970
Buyid empire in 970 
Extent of Shia rule under the Fatimids
Extent of Shia rule under the Fatimids 
Extent of Shia rule under the Uqaylids
Extent of Shia rule under the Uqaylids 
Extent of Shia rule under the Idrisids
Extent of Shia rule under the Idrisids 
Extent of Shia rule under the Ilkhanates
Extent of Shia rule under the Ilkhanates 
Extent of Shia rule under the Bahmani Sultanate
Extent of Shia rule under the Bahmani Sultanate 
Extent of Shia rule under the Safavid dynasty

မှတ်စုများ[ပြင်ဆင်ရန်]

  1. Sahih Bukhari 5.57.50

ကြည့်ရန်[ပြင်ဆင်ရန်]

  • Abdullah ibn Saba
  • Historical Shi'a-Sunni relations

ကိုးကား[ပြင်ဆင်ရန်]

  • Holt၊ P. M.; Bernard Lewis (1977a)။ Cambridge History of Islam, Vol. 1။ Cambridge University Press။ ISBN 0521291364
  • Lapidus၊ Ira (2002)။ A History of Islamic Societies (2nd ed.)။ Cambridge University Press။ ISBN 978-0521779333
  • Madelung၊ Wilferd (1996)။ The Succession to Muhammad: A Study of the Early Caliphate။ Cambridge University Press။ ISBN 0521646960
  • Tabatabae၊ Sayyid Mohammad Hosayn (1979)။ Shi'ite Islam။ Seyyed Hossein Nasr (trans.)။ Suny press။ ISBN 0-87395-272-3

ပြင်ပလင့်များ[ပြင်ဆင်ရန်]