ရှီထရာရာမမဟာဝိဟာရ

ဝီကီပီးဒီးယား မှ
Kshetrarama Maha Vihara
ක්ෂේත්‍රාරාම මහා විහාරය
The stone Buddha statue in the old image house
အချက်အလက်များ
တည်နေရာLakshapathiya, Moratuwa Sri Lanka
ကိုဩဒိနိတ်06°47′46.6″N 79°52′40.4″E / 6.796278°N 79.877889°E / 6.796278; 79.877889ကိုဩဒိနိတ်: 06°47′46.6″N 79°52′40.4″E / 6.796278°N 79.877889°E / 6.796278; 79.877889
ဘာသာရေး နှီးနွယ်မှုBuddhism
ခရိုင်Colombo
စီရင်စုWestern Province
နိုင်ငံသီရိလင်္ကာနိုင်ငံ
အမွေအနှစ် သတ်မှတ်ခြင်းArchaeological protected monument
ဗိသုကာ
ဗိသုကာ အမျိုးအစားBuddhist Temple
တည်ထောင်သူWeligama Sri Sumanatissa thero
ပြီးစီး1829

ရှီထရာရာမမဟာဝိဟာရ (ကီကိရိဒီနိယ ပန်ဆလာ ဟုလည်း သိကြ) (သီဟိုဠ်: ක්ෂේත්‍රාරාම මහා විහාරය හෝ කැකිරිදෙනිය පන්සල) သည် သီရိလင်္ကာနိုင်ငံ၊ မိုရတုဝမြို့ ( Moratuwa) တွင်တည်ရှိသည့် သမိုင်းဝင်ဗုဒ္ဓဘာသာကျောင်းတော်တစ်ခု ဖြစ်သည်။ ၎င်းသည် ကိုလမ်ဘို - ဂယ်လီလမ်းမကြီး (A2) ပေါ်ရှိ ကတုဘဒ်ဒလမ်းဆုံမှ ခန့်မှန်းခြေ ၁.၂ ကီလိုမီတာ (၀.၇၅ မိုင်) အကွာ လက်ရှပသိယဒေသတွင် တည်ရှိသည်။ သီရိလင်္ကာအစိုးရက ဤကျောင်းတော်ကို ရှေးဟောင်းသုတေသနနယ်မြေတစ်ခုအဖြစ် သတ်မှတ်ခဲ့သည်။

ကျောင်းတော်[ပြင်ဆင်ရန်]

The two-storied Seema Malakaya building shows unique archaeological features. These cannot be seen at any other Buddhist shrine on the island and unique.

ကျောင်းတော်ကို ၁၈၂၉ ခုနှစ်တွင် ခေါင်းဆောင်အကြီးအကဲရဟန်းဖြစ်သည့် Ven. Weligama Sri Sumanatissa Thero က လက်ရှပသိယတွင် တည်ဆောက်ခဲ့သည်။ ထိုကာလအတွင်း၌ သူသည် ဆရနပလမဟာဝိဟာရတွင် သီတင်းသုံးခဲ့သည်။ ကျောင်းတော်တွင် သက်တမ်းကြာမြင့်ပြီဖြစ်သည့် ဘုရားကျောင်းဆောင်များ၊ ဆီးမမလကယနှင့် ရဟန်းများသီတင်းသုံးရာနေရာများ စသည့်တို့တည်ရှိပြီး ရှေးဟောင်းသုတေသနကို စိတ်ဝင်စားသူများအကြား ထင်ရှားသည့်နေရာတစ်ခု ဖြစ်သည်။ သက်တမ်းကြာပြီဖြစ်သည့် အောက်ခံပလ္လင်သည် ကျောက်တုံးဖြင့်ရုပ်ပွားတော်သည် Kandyan ခေတ်ကာလလက်ရာကို ဖော်ပြနေပြီး အထူးစိတ်ဝင်စားမှုခံရသည်။ သို့သော်လည်း ၎င်း၏ မူလအသွင်အပြင်များသည် ၂၀၁၂ ခုနှစ်တွင် ပြန်လည်ပြုပြင်မွမ်းမံမှုလုပ်ငန်းများ လုပ်ဆောင်ခဲ့ရာတွင် ပြောင်းလဲသွားခဲ့ရသည်။[၁] ကျောင်းတော်ရှိ အထပ်နှစ်ထပ်ပါဝင်သည့် ဆီးမမလကယ အဆောက်အဦသည် ဒုတိယကမ္ဘာစစ်ကာလအတွင်းက ဗိသုကာလက်ရာများလည်း ပါဝင်ဖွဲ့စည်းထားသည်။ ဤအဆောက်အဦတွင် နိုင်ငံရှိ အခြားသောဗုဒ္ဓဘာသာကျောင်းတော်များနှင့်မတူညီသည့် ရှားပါးကွဲပြားသည့် လက်ရာများကို မြင်တွေ့ရသည်။ ဤသည်ကပင် ကွဲပြားသည့် ခရီးသွားနေရာတစ်ခုကို ဖြစ်စေသည်။ ကျောင်းတော်ရှိ စာကြည့်တိုက်တွင် အဖိုးထိုက်တန်သည့်များစွာသော ထန်းရွက်ဖြင့်မှတ်တမ်းတင်ထားသည့် တိပိဋကစာအုပ်များနှင့် အခြားသော ရှေးဟောင်းစာပေများကိုလည်း ထိန်းသိမ်းထားသည်။[ကိုးကားချက်လိုသည်]

ပြင်ပလင့်များ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. Rehab work on Vihara MandirayaDaily News (Sri Lanka) (24 January 2012)။ 18 July 2017 တွင် ပြန်စစ်ပြီး။