မာတိကာသို့ ခုန်သွားရန်

ရှိမိုဂမိုနတ်ကျောင်း

ဝီကီပီးဒီးယား မှ
ရှိမိုဂမိုနတ်ကျောင်း
下鴨神社
Shimogamo Shrine
ရှိမိုဂမိုနတ်ကျောင်း သည် ဂျပန်နိုင်ငံ တွင် တည်ရှိသည်
ရှိမိုဂမိုနတ်ကျောင်း
ဂျပန်နိုင်ငံ အတွင်း တည်နေရာပြ မြေပုံ
အချက်အလက်များ
တည်နေရာ59 Shimogamo Izumigawa-chō, Sakyō-ku, Kyoto, Kyoto Prefecture
ကိုဩဒိနိတ်35°02′20″N 135°46′21″E / 35.03889°N 135.77250°E / 35.03889; 135.77250ကိုဩဒိနိတ်: 35°02′20″N 135°46′21″E / 35.03889°N 135.77250°E / 35.03889; 135.77250
ဘာသာရေး နှီးနွယ်မှုShinto
နတ်ဘုရားTamakushi-hime (玉依姫命)
Kamotaketsunumi no Mikoto (賀茂建角身命)
ပွဲတော်Aoi Matsuri
(Kamo no Matsuri; May 15th)
နိုင်ငံဂျပန်နိုင်ငံ
ဝက်ဘ်ဆိုဒ်shimogamo-jinja.or.jp/english/
ဗိသုကာ
ဗိသုကာ စတိုင်Nagare-zukuri
စတင်သည့်နှစ်6th century

ရှိမိုဂမိုနတ်ကျောင်း (下鴨神社, Shimogamo-jinja) သည် ဂျပန်နိုင်ငံ၊ ကျိုတိုမြို့၊ ဆခယောရပ်ကွက်တွင် တည်ရှိသည့် ရှင်းတိုးနတ်ကျောင်းတစ်ခုဖြစ်သည်။ နတ်ကျောင်း၏ တရားဝင်အမည်မှာ “ခမိ-မိအိုယနတ်ကျောင်း” (賀茂御祖神社, Kamo-mioya-jinja)ဖြစ်သည်။[၁] ဂျပန်နိုင်ငံတွင် တည်ရှိသည့် ရှေးအကျဆုံးရှင်းတိုးနတ်ကျောင်းများထဲမှ တစ်ခုဖြစ်ပြီး ယူနက်စကိုမှ ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ခြင်းလည်း ခံခဲ့ရသည်။ ဤနတ်ကျောင်းသည် ကျိုတိုမြို့၏ ရှေးကျသည့် သမိုင်းဝင်အဆောက်အဦ (၁၇) ခုထဲတွင် ပါဝင်သည်။ ဂျပန်ဘာသာစကားဖြင့် “ခမို-ဂျင်းဂျ” (Kamo-jinja) ဟူသည်မှာ ရှိမိုဂမိုနတ်ကျောင်းနှင့် ခမိဂမိုနတ်ကျောင်းတို့ကို ရည်ညွှန်းသည်။[၂] ရှိမိုဂမိုနတ်ကျောင်းသည် ပို၍ရှေးကျပြီး ခမိဂမိုနတ်ကျောင်းထက် နှစ် ၁၀၀ စောသည်။ ရှိမိုဂမိုကို ကျိုတိုမြို့ (၇၉၄, ဟဲအိအန်ခယော) မြို့တော်မဖြစ်လာခင် ၆ ရာစုတွင် တည်ဆောက်ခဲ့သည်။ ခမိုဂျင်းဂျသည် ကျိုတိုမြို့ကို ရောဂါဆိုးများမှ ကာကွယ်ပေးသည်ဟု ဆိုကြသည်။[၃]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

တည်ဆောက်မှု[ပြင်ဆင်ရန်]

ကျောင်းတော်ကို ၆၇၈ ခုနှစ် ဘုရင်တင်းမု အုပ်ချုပ်သည့်ကာလတွင် ဆောက်လုပ်ခဲ့သည်။ ဘုရင်ခန်းမုအုပ်ချုပ်သည့်ကာလတွင် မြို့တော်ကို နာရမှ ဟဲအိအန်ခယောသို့ ပြောင်းရွှေ့လိုက်သည့်ကာလတွင် ဤကျောင်းတော်သည် အဓိကကျသည့်အဆောက်အဦတစ်ခု ဖြစ်လာခဲ့သည်။[၄]

ရှိမိုဂမိုနတ်ကျောင်းကို ၆ ရာစုတွင် တည်ဆောက်ခဲ့ကြသည်ဟု ယုံကြည်ကြသည်။

ရုပ်ပုံများ[ပြင်ဆင်ရန်]

ပြင်ပလင့်များ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. Richard, Ponsonby-Fane. (1964) Visiting Famous Shrines in Japan, pp. 1-118.
  2. Terry, Philip. (1914). Terry's Japanese empire, p. 479.
  3. Miyazaki, Makoto. "Lens on Japan: Defending Heiankyo from Demons," Archived 2011-03-21 at the Wayback Machine. Daily Yomiuri. December 20, 2005.
  4. Shimgamo Shrine။ 2015-01-04 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2012-04-24 တွင် ပြန်စစ်ပြီး။