ရှာကီရာ

ဝီကီပီးဒီးယား မှ
ရှာကီရာ
ရှာကီရာ
ရှာကီရာ ကို လင်ကွန်းအမှတ်တရ အဆောက်အအုံတွင် ကျင်းပသော အိုဘားမား၏ သမ္မတအရွေးခံရခြင်း ဧည့်ခံပွဲတွင် တွေ့ရစဉ်
အမည်ရင်း ရှာကီရာ အစ်စဘယ်လ် မယ်ဘာရက် ရီပိုး
မွေးသက္ကရာဇ် ၁၉၇၇၊ ဖေဖော်ဝါရီ ၂ ရက်(အသက်၄၂)
ဘာရန်ကီးယား၊ ကိုလံဘီယာနိုင်ငံ
အလုပ်အကိုင်
  • သီချင်းရေးဆရာ
  • အဆိုတော်
  • တေးထုတ်လုပ်သူ
  • အကမယ်
  • ပရဟိတ ဆောင်ရွက်သူ
  • စွန့်ဦးတီထွင် လုပ်ငန်းရှင်
ကြွယ်ဝမှု အမေရိကန် ဒေါ်လာ ၂၂၀ သန်း [၁]
ကြင်ဖော်
  • အန်တိုနီယို ဒီ လာ ရွာ (၂၀၀၀–၁၀)
  • ဂျရက် ပစ် (၂၀၁၀–ယခု)
သားသမီး ၁ ဦး
ဝက်ဘ်ဆိုက် shakira.com

ရှာကီရာ အစ်စဘယ်လ် မယ်ဘာရက် ရီပိုး (၁၉၇၇၊ ဖေဖော်ဝါရီ ၂ရက်မွေး) သည် [၂] ကိုလံဘီယာနိုင်ငံသူ အဆိုတော်၊ သီချင်းရေးဆရာ၊ အကမယ်၊ တေးထုတ်လုပ်သူ၊ အကဗေဒပညာရှင် နှင့် မော်ဒယ်လ်တစ်ဦးဖြစ်သည်။ ကိုလံဘီယာနိုင်ငံ ဘာရန်ကီရာမြို့တွင် မွေးဖွားကြီးပြင်းခဲ့ပြီး ကျောင်းနေစဉ် အရွယ်ကတည်းက ကျောင်းတွင် လက်တင်ဂီတ၊ အာရပ်ဂီတ၊ ရော့ခ်အင်ရိုးလ် ဂီတ နှင့် ဗိုက်သားလှုပ် အကတို့ကို ဖျော်ဖြေတင်ဆက်ခဲ့ဖူးသည်။ ၁၉၉၀ ခုနှစ်များ အစောပိုင်းက သူမ၏ ပထမဆုံး စတူဒီယို အယ်လ်ဘမ်များ ဖြစ်သော မာဂီယာ (Magia) နှင့် ပယ်လီဂရိုး (Peligro) တို့ကို ထုတ်ဝေခဲ့သည်။ သို့သော်လည်း စီးပွားရေး အရ အောင်မြင်မှု မရရှိခဲ့ပေ။ သို့သော်လည်း ၁၉၉၆တွင် အယ်လ်ဘမ်အဖြစ် ဖြန့်ဝေသော Pies Descalzos နှင့် စတုတ္ထမြောက် ၁၉၉၈ တွင် ထုတ်ဝေသော အယ်လ်ဘမ် Dónde Están los Ladrones တို့က သူမအား လက်တင် အမေရိကတွင် ထင်ရှားကျော်ကြားသူ တစ်ယောက် ဖြစ်လာစေခဲ့သည်။

ရှာကီရာသည် အင်္ဂလိပ်ဘာသာ တေးဂီတ လောကသို့ သူမ၏ ပဉ္စမမြောက် ၂၀၀၁ တွင် ထုတ်ဝေသော လောင်ဒရီဆားဗစ် (Laundry Service) အမည်ရသော အယ်လ်ဘမ်ဖြင့် စတင် ဝင်ရောက် လာခဲ့သည်။ ထိုအယ်လ်ဘမ် မတိုင်မီ အကြိုဆင်ဂယ်လ် အဖြစ် ထုတ်ဝေသော ဝှမ်းအဲဗား ဝှမ်းအဲဗား (Whenever, Wherever) သီချင်းမှာ ၂၀၀၂ ခုနှစ်၏ အရောင်းရဆုံး ဆင်ဂယ်လ် ဖြစ်လာခဲ့သည်။ သူမ၏ အောင်မြင်မှုမှာ ၂၀၀၅ ခုနှစ်တွင် ထုတ်ဝေသော Fijación Oral, Vol. 1 နှင့် Oral Fixation, Vol. 2 အယ်လ်ဘမ် ၂ ခုဖြင့် ပိုမိုခိုင်မာလာခဲ့ပြီး ထိုမှတဆင့် ၂၁ရာစု၏ အရောင်းရဆုံး သီချင်းဖြစ်သော Hips Don't Lie ကို မွေးဖွားလာခဲ့သည်။ ရှာကီရာ၏ အဋ္ဌမမြောက် နှင့် နဝမမြောက် အယ်လ်ဘမ်များ ဖြစ်သော She Wolf (၂၀၀၉) နှင့် Sale el Sol (၂၀၁၀) တို့မှာ အားပေးမှု ခံခဲ့ရသော်လည်း သူမ၏ အက်ပစ်ရက်ကော့ တေးစီးရီး ကုမ္ပဏီနှင့် တင်းမာလာသော ဆက်ဆံရေးကြောင့် အရောင်းမြှင့်တင်ရေး နည်းပါးခဲ့သည်။ ၂၀၁၀ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲအတွက် တရားဝင် သီချင်းဖြစ်သော ဝါကာဝါကာ သီချင်းမှာ ကမ္ဘာ့ဖလား သီချင်းများတွင် အရောင်းရဆုံး သီချင်း အဖြစ် စံချိန်တင်ခဲ့သည့် အပြင် ယူကျုဘ်တွင် ကြည့်ရှုသူ သန်း ၇၂၀ ရှိသဖြင့် ပဉ္စမမြောက် ကြည့်ရှုသူ အများဆုံး ဗွီဒီယို အဖြစ် မှတ်တမ်းတင်ခဲ့သည်။ ရှာကီရာသည် အမေရိကန် ဗားရှင်း အဖြစ်ရိုက်ကူးသော ဗွိုက်စ် တီဗွီ ဇာတ်လမ်းတွဲတွင် ဒိုင်လူကြီး အဖြစ် စတုတ္ထ ရာသီ နှင့် ဆဋ္ဌမ ရာသီတို့တွင် ဆောင်ရွက်ခဲ့သည်။ သူမ၏ ဒဿမမြောက် အယ်လ်ဘမ် ဖြစ်သော ရှာကီရာ ကို ၂၀၁၄တွင် ထုတ်ဝေခဲ့ပြီး အကြိုဆင်ဂယ်လ် အဖြစ်Can't Remember to Forget You ကို ထုတ်ဝေခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Shakira Net Worth။ 22 June 2014 တွင် ပြန်စစ်ပြီး။
  2. Shakira Biography။ The Biography Channel။ March 28, 2013 တွင် ပြန်စစ်ပြီး။