ရှမ်းပြည်တပ်မတော်-တောင်ပိုင်း SSA-S၊ခွဲထွက်အဖွဲ့

ဝီကီပီးဒီးယား မှ

၇၅၈ တပ်မဟာမှူး ဗိုလ်မှူးကြီး မိန်းစင်ဦးဆောင်ပြီး ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) – SSA (S)မှခွဲထွက်ပြီး ၂၀၀၆ ခုနှစ်အတွင်း အင်အား ၁၀၀ ကျော်ဖြင့် မြန်မာအစိုးရထံ လက်နက်ချခဲ့သည်။ ၂၀၀၆ ခုနှစ် ဇွန်လ ၂၄ ရက်နေ့က ရ၅၈ တပ်မဟာမှူး ဗိုလ်မှူးကြီးမိန်းစင်သည် ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) – SSA (S) တပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့အပြီး ဗိုလ်မှူးအဆင့်ရှိသူ ခေါင်းဆောင် ၂ ဦးက ဆက်လက်ဦးဆောင်ကာ ရှမ်းပြည်တောင်ပိုင်း လဲခြားနှင့် မိုင်းကိုင်မြို့နယ်တွင် အခြေချ လှုပ်ရှားနေသည်။