ရှင်ပင်ခရုစေတီတော်

ဝီကီပီးဒီးယား မှ
ရှင်ပင်ခရုဘုရား

ရှင်ပင်ခရုစေတီတော် သည် ထားဝယ်မြို့နယ်၊ ကရပ်ပြင်ရပ်ကွက်၊ အာဇာနည်လမ်းတွင် တည်ရှိသည့် စေတီတော်တစ်ဆူဖြစ်သည်။ ရှင်ကိုးရှင်ဘုရားများမှ တစ်ဆူ ဖြစ်သည်။[၁]

သမိုင်း[ပြင်ဆင်ရန်]

ရှင်ပင်ခရုစေတီတော်ကို လွန်ခဲ့သည့် နှစ်ပေါင်း ၃၀၀ ကျော်က တည်ခဲ့သည်။ ၁၉၉၆ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့တွင် ကရပ်ပြင် (တောင်) ရပ်ကွက်တစ်ခုလုံးနီးပါး မီးလောင်ခဲ့ရာတွင် စေတီတော်၏ အရှေ့ဘက် အာရုံခံတန်ဆောင်းတို့သည် မီးကွင်း၍ ကျန်ခဲ့သည်။[၁]

ထူးခြားချက် (၈) ချက်[ပြင်ဆင်ရန်]

  1. ရှင်ကိုးရှင်သမိုင်းဝင်ဘုရားများတွင် နံပါတ် (၁) ဆုတောင်းပြည့်အဓိဋ္ဌာန်အောင် ဘုရားဖြစ်ခြင်း။
  2. ဘုရားသိမ်တော်အတွင်းတွင် ရပ်တော်မူ၊ ထိုင်တော်မူ၊ လျောင်းတော်မူ စသည့်ဗုဒ္ဓရုပ်ပွားတော်များကို တစ်နေရာတည်း၌ ဖူးမြင်နိုင်ခြင်း။
  3. နေ့ကြီးရက်ကြီးများနှင့် ဘုရားပွဲတော်ကျင်းပသည့် နေ့ရပ်များတွင် ရှင်ပင်ခရုဘုရားသိမ်တော်မှဖြစ်စေ၊ စေတီတော်မှဖြစ်စေ တန်ခိုးပြခြင်း။
  4. ဘုရားတွင် အဓိဋ္ဌာန်ဝင်ဆုတောင်းပါက လိုအင်ဆန္ဒများ ပြီးမြောက်တတ်ခြင်း။
  5. ဘုရားဝင်းအတွင်းတွင် ကျောင်း၊ ကန်၊ တန်ဆောင်းများ ပြုပြင်တည်ဆောက်မွမ်းမံရန် အဓိဋ္ဌာန်ပြု၍ ငွေကြေးစုဆောင်းပါက မမျှော်လင့်သော နေရာမှ ငွေကြေးဝင်လာခြင်း၊ လှူဒါန်းပြီးစီးပါက ကုန်ကျငွေများ ပြန်ရတတ်ခြင်း။
  6. ရှင်ပင်ခရုဘုရားပွဲတော် (တပေါင်းပွဲတော်) ကျင်းပသည့်အခါတွင် မင်္ဂလာငွေခရုအမှတ်သင်္ကေတအဖြစ် ငြိမ်းအေးချမ်းမှုကို ဆောင်သည့် မိုးများရွာသွန်းဖြိုးခြင်း။[၁]

(နံပါတ် ၇၊ ၈ လိုအပ်နေသေးသည်)

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အတွင်းရှိ "ရှင်ကိုးရှင်" ဘုရားသမိုင်းအကျဉ်းချုပ် (အဋ္ဌမအကြိမ် ed.)။ ရန်ကုန်မြို့: Quality Publishing House။ မေ ၂၀၁၈။