ရှင်နရိန္ဒ (ဆဋ္ဌမညောင်ကန်ဆရာတော်)

ဝီကီပီးဒီးယား မှ

ရှင်နရိန္ဒ (၁၁၃၅ - +) သည် ဆဋ္ဌမညောင်ကန်ဆရာတော်ဟု ထင်ရှားသည့် ကျမ်းပြုဆရာတော်တစ်ပါး ဖြစ်သည်။[၁]

ဘဝ[ပြင်ဆင်ရန်]

ဆရာတော်ကို ၁၁၃၅ ခုနှစ်တွင် ဗဒုံမြို့၊ ညောင်ကန်ရွာတွင် ဖွားမြင်ခဲ့သည်။ ငယ်မည်မှာ မောင်မှတ်ကြီး ဖြစ်သည်။ “ရှင်နရိန္ဒ” ဟူသည့်ဘွဲ့ဖြင့် သာမဏေပြုခဲ့သည်။ ရဟန်းပြုသည့်အခါ “ရှင်နရိန္ဒဘိ” ဘွဲ့ကို ယူခဲ့သည်။ ထို့နောက်တွင် ရှင်သဒ္ဓမ္မရံသီ (ဒုတိယညောင်ကန်ဆရာတော်) ထံတွင် ပညာများ သင်ကြားခဲ့သည်။

ဆရာတော်သည် နောင်တော်ကြီးမင်းလက်ထက်တွင် မေတ္တာစာ ရေးသားဆက်သွင်းတော်မူသည်။ ဘိုးတော်ဘုရားလက်ထက်တွင် နေပြည်တော်သို့ ပင့်ဆောင်ခဲ့သော်လည်း ဆရာတော်သည် ဂိုဏ်းအုပ်ဆရာတော် ဦးပိုး (သတ္တမညောင်ကန်ဆရာတော်) ကိုသာ ထည့်လွှတ်တော်မူခဲ့သည်။

ဆရာတော်သည် “နရိန္ဒာဘိတိသာသနဓဇမဟာဓမ္မရာဇဂုရု” [မှတ်စု ၁] တံဆိပ်တော် ရခဲ့သည်။[၁]

ပြုစုခဲ့သည့် ကျမ်းများ[ပြင်ဆင်ရန်]

ဆရာတော်သည် ကုလားတက်မေတ္တာစာနှင့် ပထမတရားစာတို့ကို ပြုစုခဲ့သည်။[၁]

မှတ်စု[ပြင်ဆင်ရန်]

  1. ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီး စာမျက်နှာ ၈၂၄ တွင် ညောင်ကန်ဆရာတော် ရှင်နန္ဒိယကို တိသာသနဓဇမဟာဓမ္မရာဇဂုရုတံဆိပ်တော် ကပ်လှူသည်ဟု ပါရှိသည်။ ရှင်နန္ဒိယနှင့် ရှင်နရိန္ဒဘွဲ့ချင်း ကွဲလွဲသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။ pp. ၆၆။