ရှင်သဒ္ဓမ္မရံသီ

ဝီကီပီးဒီးယား မှ

ညောင်ကန်ဆရာတော် ရှင်သဒ္ဓမ္မရံသီ (၁၁၁၀ − ၁၁၉၄) သည် ဘိုးတော်ဘုရားလက်ထက်တွင် ထင်ရှားခဲသည့် ဆရာတော် ဖြစ်သည်။ မင်းအိုဆရာတော်၏ တပည့်လည်း ဖြစ်သည်။[၁]

ဘဝ[ပြင်ဆင်ရန်]

ဆရာတော်ကို ၁၁၁၀ ပြည့်နှစ်တွင် မင်းအိုရွာ၌ ဖွားမြင်ခဲ့သည်။ ငယ်မည်မှာ ဦးညွန့် ဖြစ်သည်။ ဆရာတော်သည် ဥဘတောဝိဘင်းပြန်ဆိုနိုင်၍ အလုံအထက်တိုက်၊ အောက်တိုက် သံဃာစုတွင် နိသျည်းဆရာတော်အဖြစ် မောင်းထောင်သာသနာပိုင် ဆရာတော်က စာချွန်ပေးအပ်သည်။

ဘိုးတော်ဘုရားလက်ထက် မြို့တော်အရှေ့မြောက်ယွန်း အောင်မြေဘုံကျော်ကျောင်းတော်ကို တင်လှူသည်။ သီရိသဒ္ဓမ္မာဘိပရမဓဇမဟာဓမ္မရာဇာဓိရာဇဂုရုတံဆိပ်တော်ကို ခံယူသည်။

ရတနာပူရ စတုတ္ထမြို့တည်မင်းလက်ထက်တွင် ဆရာဝန်မင်းကြီးသည် ကိုးကွယ်ခဲ့သည်။ အင်းဝမြို့သို့ ရောက်သည့်အခါ မဟာအောင်မြေဘုံစံအုတ်ကျောင်း၌ သီတင်းသုံးခဲ့သည်။

ဆရာတော် ပြုစုခဲ့သည့် ကျမ်းတို့ကို ထင်ရှားစွာ မတွေ့ရချေ။[၁]

ပျံလွန်တော်မူခြင်း[ပြင်ဆင်ရန်]

ဆရာတော်သည် ၁၁၉၄ ခုနှစ်တွင် ပျံလွန်တော်မူခဲ့သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။