ရှင်ခေမာစာရ (အင်းဝခေတ်)

ဝီကီပီးဒီးယား မှ

ရှင်ခေမာစာရ ဆရာတော်သည် အင်းဝခေတ် မင်းကြီး စွာစော်ကဲလက်ထက် (၇၃ဝ)တွင် ထင်ရှားသော ဆရာတော် ဖြစ်သည်။ ဘုရင်က သီလဝန် ဂုဏဝန်မဟုတ်သော ပုဂ္ဂိုလ်များ ကိုသာ ချီးမြောက်သဖြင့် ရှင်ခေမာစာရ ဆရာတော်သည် ညဉ့် ၂ ချက်တီးအချိန်တွင် ဘုရားရှေ့၌ ဆွဲထားသော စည်ကြီးကို အချက်များစွာ တီးခတ်လေသည်။ ဘုရင်က စုံစမ်းမေးမြန်း သောအခါ “သိကြားမင်းသေ၍ စည်တီးသည်။ သိကြားမင်းသည် မြတ်စွာဘုရားထံ၌ သာသနာကို စောင့်ရှောက်ပါမည်ဟု ဝန်ခံ ထားလျက် ယခုမစောင့်ရှောက်သောကြောင့် သိကြားမင်းသေ ကြောင်းသိရသည်"ဟု အမိန့်ရှိသဖြင့် ဘုရင်မင်းမြတ် သတိရ ကာ ဝမ်းဘဲအင်းမြောက်ဘက် ဒန့်တောအရပ်၌ ကျောင်း ဆောက်ကိုးကွယ်လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)