ရှင်ကဝိန္ဒ

ဝီကီပီးဒီးယား မှ

ရှင်ကဝိန္ဒ (၁၁၁၅ − ၁၁၈၃) သည် ညောင်ကန်ဆရာတော်ဟု ထင်ရှားသည့် ကျမ်းပြုဆရာတော်တစ်ပါး ဖြစ်သည်။[၁]

ဘဝ[ပြင်ဆင်ရန်]

ဆရာတော်ကို ၁၁၁၅ ခုနှစ်တွင် ဗဒုံမြို့နယ်၊ ညောင်ကန်ရွာ၌ ဖွားမြင်ခဲ့သည်။ ငယ်မည်ဦးရောင်ဖြစ်သည်။ ဆရာတော်ကို ဘိုးတော်ဘုရား၏ မြောက်နန်းမိဖုရား (အိမ်ရှေ့ဥပရာမယ်တော်) လှူဒါန်းသည့် မင်္ဂလာဘုံကျော်ကျောင်းတွင် သီတင်သုံးခဲ့သည်။ ဇာတိကို အစွဲပြု၍ ညောင်ကန်ဆရာတော်ဟု ထင်ရှားသည်။ ဆရာတော်သည် ကျမ်းဂန်တတ်သဖြင့် ထင်ရှားသေည်။

ဆရာတော်သည် ကဝိန္ဒာဘိဝံသ သီရိသဒ္ဓမ္မဓဇမဟာဓမ္မရာဇဂုရု တံဆိပ်တော် ရခဲ့သည်။[၁]

ပျံလွန်တော်မူခြင်း[ပြင်ဆင်ရန်]

ဆရာတော်သည် ၁၁၈၃ ခုနှစ်တွင် ပျံလွန်တော်မူခဲ့သည်။[၁]

ပြုစုခဲ့သည့် ကျမ်းများ[ပြင်ဆင်ရန်]

ဆရာတော် ပြုစုခဲ့သည့် ကျမ်များမှာ အောက်ပါတို့ ဖြစ်သည် −

၁။ ပဏ္ဏာသနိပါတ်ဇာတ်အဋ္ဌကထာ၊

၂။ စတ္တာလီသနိပါတ်ဇာတ်အဋ္ဌကထာနိသျ၊

၃။ မင်္ဂလတ္ထဒီပနီစကားပြေ၊

၄။ ဝံသမာလာကျမ်း၊

၅။ သင်္ချာပကာသက − စာကိုယ်နိသျ၊[မှတ်စု ၁]

၆။ ဗြို့ဟဇ်ကျမ်းရင်းကြီးပါဌ်နိသျ ၇ တွဲ၊

၇။ မဟာဝင်အဋ္ဌကထာနိသျ၊

၈။ ငါးရာ့ငါးဆယ် နိပါတ်ဝတ္ထု စကားပြေကျမ်း၊

၉။ သတိပဋ္ဌါန်နိသျ၊

၁၀။ ရာဇမတ္တဏ်နိသျ။[၁]

မှတ်စု[ပြင်ဆင်ရန်]

  1. သင်္ချာပကာသကနိသျကို ပဉ္စမညောင်ကန်ဆရာတော် ရှင်မုနိန္ဒသာရ စီရင်သည်ဟုလည်း မှတ်သားကြသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။ pp. ၄၃၊ ၄၄။