ရှင်မုနိန္ဒသာရ

ဝီကီပီးဒီးယား မှ

ညောင်ကန်ဆရာတော် ရှင်မုနိန္ဒသာရ (၁၁၃၁ - +) ထင်ရှားသည့် ကျမ်းပြုဆရာတော်တစ်ပါး ဖြစ်သည်။[၁]

ဘဝ[ပြင်ဆင်ရန်]

ဆရာတော်ကို ၁၁၃၁ ခုနှစ်တွင် ဗဒုံမြို့ကျေး မုံရွာခရိုင် ဘုတလင်မြို့နယ်၊ ညောင်ကန်ရွာတွင် ဖွားမြင်ခဲ့သည်။ ငယ်မည် မောင်သာပုံ ဖြစ်သည်။

“ရှင်မုနိန္ဒ” ဟူသည့် ဘွဲ့ဖြင့် သမဏေ ပြုခဲ့သည်။ ရဟန်းဘောင်သို့ ဝင်သည့်အခါ “ရှင်မုနိန္ဒသာရ” ဟူသည့် ဘွဲ့ကို ယူခဲ့သည်။ ဆရာတော်သည် ညောင်ကန်ဆရာတော် ဦးဗုဓ်၏ ဒုတိယဆရာလည်း ဖြစ်သည်။

အမရပူရမြို့သို့ ရောက်သည့်အခါ မင်္ဂလာဘုံကျော်ကျောင်းတိုက်တွင် သီတင်းသုံးသည်။ ဆရာတော်သည် “မုနိန္ဒဝရပရမဓဇမဟာဓမ္မရာဇဂုရုတံဆိပ်တော်” ကို ရခဲ့သည်။[၁]

ပြုစုခဲ့သည့် ကျမ်းများ[ပြင်ဆင်ရန်]

ဆရာတော်သည် အောက်ပါကျမ်းများကို ပြုစုခဲ့သည်။

၁။ ကစ္စာယနဘေဒနိသျ၊

၂။ သင်္ချာပကာသကနိသျ၊

၂၂။ ဝိနယသာရဂဏ္ဌိ။[မှတ်စု ၁][၁]

မှတ်စု[ပြင်ဆင်ရန်]

  1. ဝိနယသာရဂဏ္ဌိကို ၁၁၄၆ ခု၊ တော်သလင်းလဆန်း ၅ ရက်နေ့တွင် ပြီးစီးရာ ဆရာတော်၏ ဖွားသက္ကရာဇ်အရ အသက် ၁၅ နှစ်တွင် ရေးသားသကဲသို့ ဖြစ်နေသည်။ စစ်စစ်သော် ထိုကျမ်းကို မုနိန္ဒဝရပရမဓဇ မဟာဓမ္မရာဇဂုရု တံဆိပ်တော်ရရှိပြီးမှ ပြုစုခြင်း ဖြစ်သဖြင့် ဖွားသက္ကရာဇ်ကို စဉ်းစားဖွယ် ရှိသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။ pp. ၆၂၊ ၆၃။