ရွှေအုတ်ချပ် လေးနိုင်ငံ

ဝီကီပီးဒီးယား မှ

ရွှေအုတ်ချပ် လေးနိုင်ငံ (BRIC) ဆိုသည်မှာ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း စီးပွားရေးတိုးတက်မှု အခြေအနေ အလားတူသည့် နိုင်ငံကြီး လေးနိုင်ငံဖြစ်သည်။ BRIC သည် ဘရာဇီးရုရှအိန္ဒိယနှင့် တရုတ် လေးနိုင်ငံ၏ အင်္ဂလိပ်စာလုံး ပထမအက္ခရာ တစ်ခုစီဖြင့် ပေါင်းစည်းထားသည့် အတိုကောက် စာလုံးဖြစ်သည်။ ယင်းစာလုံးကို စီးပွားရေး ပညာရှင် ဂျင်းမ် အိုနီးလ် (Jim O'Neill) ၂၀၀၁ ခုနှစ်တွင် ဖော်ပြသည့် စာတမ်းခေါင်းစဉ် ("Building Better Global Economic BRICs") အဖြစ် ပထမဆုံး အသုံးပြုခဲ့ည်။ စီးပွားရေး တိုးတက်မှု စွမ်းအား ဖွံ့ဖြိုးပြီးနိုင်ငံ G7 အုပ်စုမှ ဖွံ့ဖြိုးဆဲနိုင်ငံများသို့ ရွေ့ပြောင်းလာသည့်အလျောက် ယင်းစာလုံးကိုလဲ တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြသည်။ BRIC လေးနိုင်ငံက ၎င်းတို့အကြား နိုင်ငံရေးအဖွဲ့အစည်းအဖြစ် ဖွဲ့စည်းခဲ့ပြီးနောက် တောင်အာဖရိကကိုပါ အဖွဲ့ဝင်အဖြစ် လက်ခံကာ ရွှေအုတ်ချပ် ငါးနိုင်ငံ (BRICS) ဖြစ်လာသည်။